-->
×

Warning

JUser: :_load: Unable to load user with ID: 29


The Complete Guide to Facebook Advertising 2019 (9)

Facebook ads နဲ႔ ပတ္သက္လုိ႔ အယူအဆလြဲမွားေနတဲ့ အယူမွားတာ ရွိေနတယ္။ အဲဒါကေတာ့ Facebook မွာ ထီေပါက္သလုိ ေန႔ခ်င္းညခ်င္း ႀကီးပြားႏုိင္တယ္ ဆုိတာပဲ ျဖစ္ပါတယ္။

ZAWGYI+ UNICODE

Facebook မွာ boost ၿပီး ေၾကာ္ျငာတာ၊ ေၾကာျ္ငာဧရိယာမွာ ေၾကာ္ျငာတာေတြ လုပ္လုိက္ရင္ တန္ခုိးရွင္တစ္ေယာက္က မစ ေပးလုိက္တဲ့အတုိင္း ေပါက္ေျမာက္သြားမယ္လုိ႔ ထင္ၾကတာေတြ ရွိတယ္။ 

Facebook က လမ္းခင္းေပးထားတဲ့ ေငြရေပါက္ရလမ္းေတြကုိ လုပ္ကုိင္ရင္း အႀကီးအက်ယ္ ခ်မ္းသာသြားႏုိင္မယ္လုိ႔ ေမွ်ာ္မွန္းၾကတာေတြလည္း ရွိတယ္။
တကယ္ေတာ့ Facebook က သူကလြဲရင္ တျခားသူ ေငြကုိ သဲ့ယူတာမ်ဳိး ခြင့္ျပဳေလ့ မရွိဘူး။ သူ႔လက္ထဲမွာ ခြင္ေတြကုိ ခ်ဳပ္ကုိင္ထားတယ္။ ဒီေတာ့ Facebook ကုိ ထီထုိးသလုိမ်ဳိး မလုပ္သင့္ဘူး။ ထီလက္မွတ္ မ်ားမ်ား၀ယ္ရင္ ေပါက္ႏုိင္ေျခ ပုိမ်ားမယ္လုိ႔ တြက္ခ်က္တာမ်ဳိးလည္း မလုပ္သင့္ဘူး။ အဲဒါေတြဟာ မွန္ကန္မႈ မရွိတဲ့ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါတယ္။

တစ္ခ်ိန္တစ္ခါတုန္းက ျမန္မာႏုိင္ငံမွာ ၾကည့္စရာ တီဗီဆုိလုိ႔ အစုိးရမွ ထုတ္လႊင့္တဲ့ ျမန္မာ့ ရုပ္ျမင္သံၾကား (MRTV) တစ္မ်ဳိးတည္းပဲ ရွိတယ္။ ဒီေတာ့ တစ္တုိင္းတစ္ျပည္လုံးက တီဗီ ပရိသတ္ဟာ MRTV တစ္ခုတည္းကုိပဲ ၾကည့္ၾကရတယ္။ အဲဒီမွာ ေၾကာ္ျငာလုိက္ရင္ တစ္ျပည္လုံးမွာ ရွိတဲ့ တီဗီ ပရိသတ္ႀကီးက ျမင္ရေတြ႕ရတယ္။ အစုိးရဲ႕ ေပါလစီျပကြက္ေတြပဲ ၾကည့္ေနၾကရတဲ့ ပရိသတ္က ေၾကာ္ျငာေတြကို တီဗီက တင္ဆက္တဲ့ အစီအစဥ္ထက္ေတာင္ ပုိစိတ္၀င္စားတယ္။ ပုိႀကိဳက္ၾကတယ္။ ေၾကာ္ျငာထုိးမယ့္အခ်ိန္ကုိ ေမွ်ာ္ၾကတယ္။
ဒီေတာ့ တီဗီေၾကာ္ျငာေတြ ဖန္တီးၿပီး ေၾကာ္ျငာၾကတယ္။ နာမည္ႀကီး မင္းသား မင္းသမီးေတြ၊ နာမည္ေက်ာ္ ေၾကာ္ျငာမင္းသားမင္းသမီးေတြကုိ ေၾကးႀကီးႀကီးေပးၿပီး ေၾကာ္ျငာေတြ ရုိက္ၾကတယ္။ ကုန္က်စရိတ္ ႀကီးမားတယ္။ ေၾကာ္ျငာတစ္ခုရဲ႕ ျပသခ်ိန္က စကၠန္႔ပုိင္း မိနစ္ပုိင္းမွ်သာ ျဖစ္တယ္။ တီဗီေၾကာ္ျငာေၾကာင့္ ေရာင္းအား တအားတက္သြားတာေတြလည္း ရွိ္ခဲ့တယ္။ အဲဒါက လူသိမ်ားတယ္။ တီဗီမွာ ေၾကာ္ျငာၿပီး ေၾကာ္ျငာစရိတ္ေတာင္ ျပန္မကာမိတာေတြလည္း ရွိတယ္။ အဲဒါက လူမသိသူမသိ။
တီဗီေၾကာ္ျငာ ထီထုိးၾကတာ ထီေပါက္တဲ့သူက သတင္း ျဖစ္သြားတယ္။ ထီဆုႀကီး ဘယ္သူေတြ ရသြားတယ္ဆုိၿပီး လူေျပာမ်ားတယ္။ ထီမေပါက္လုိ႔ လက္မွတ္ဖုိ္း ဆုံးရႈံးသြားတဲ့သူေတြအေၾကာင္းေတာ့ အေရးလုပ္ၿပီး ေျပာဆုိေနမယ့္သူ မရွိဘူး။
ဒီေတာ့ တီဗီမွာ ေၾကာ္ျငာလုိက္ရင္ ေရာင္အားေတြ တအားတက္၊ ေန႔ခ်င္းညခ်င္း ႀကီးပြားတုိးတက္မယ္လုိ႔ ယူဆလာၾကတဲ့သူေတြ ရွိလာတယ္။ မ်ားမ်ားေၾကာ္ျငာရင္ မ်ားမ်ား ေရာင္းရမယ္ဆုိတဲ့ အယူအဆလည္း ေပၚေပါက္ခဲ့ပါတယ္။
အခုေတာ့ တီဗီ အစီအစဥ္ေတြ မ်ားေနၿပီ။ ေၾကာ္ျငာထုိးမယ့္အခ်ိန္ကုိ္ ေမွ်ာ္ၿပီး ၾကည့္တဲ့ ပရိသတ္လည္း မရွိေတာ့ဘူး။ တီဗီေၾကာ္ျငာ ထီလက္မွတ္ေတြမွာ ဆုႀကီး ေပါက္တာ ေတာ္ေတာ္ ရွားသြားၿပီ။
Facebook မွာလည္း ေခတ္ဦးကာလ ေခတ္ေကာင္းတုန္းက တီဆုႀကီး ေပါက္ဖုိ႔ ေမွ်ာ္လုိ႔ ရတယ္။ အခုေတာ့ မေမွ်ာ္လင့္သင့္ေတာ့ဘူး။

ထီလက္မွတ္ ေစာင္ေရ မ်ားမ်ားထုိးရင္ ေပါက္ဖုိ႔လမ္းပုိမ်ားမယ္ဆုိတဲ့ အယူအဆျဖင့္ Facebook မွာ post တင္ၿပီး ေငြကုန္ခံ boost တယ္။ ထီထုိးတယ္။ လူေတြကုိ သူေရာင္းခ်င္တာ ၀ယ္ၾကဖုိ႔ စည္းရုံးတယ္။ ဆုႀကီးႀကီးကို ေမွ်ာ္မွန္းရင္ေတာ့ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကုိက္တာ မ်ားလိမ့္မယ္။

ခင္ဗ်ား ေရာင္းခ်င္တာကုိ ၀ယ္မယ့္သူေတြကုိ ရွာေဖြရတာ အခ်ိန္ယူရလိမ့္မယ္။
ခင္ဗ်ားရဲ႕ ေၾကာ္ျငာကုိ Facebook ေပၚမွာ တင္ေပးလုိက္ၿပီး ေၾကာ္ျငာခုိင္းထားလုိက္တဲ့အခါ Facebook က ခင္ဗ်ား ေတာင္းဆုိထားတဲ့ လုပ္ေဆာင္ခ်က္ကုိ လုပ္မယ့္ သုံးစြဲသူေတြကုိ ရွာမယ္။ ဥပမာ LEARN MORE ဆုိတဲ့ ခလုတ္ကုိ ႏွိပ္တဲ့ လုပ္ေဆာင္မႈ ခင္ဗ်ား ေတာင္းဆုိထားတယ္ဆုိရင္ အဲဒီခလုတ္မ်ဳိးကုိ ႏွိပ္ေလ့ႏွိပ္ထ ရွိတဲ့သူေတြကုိ လုိက္ရွာတယ္။
ရွာေဖြတယ္ဆုိတာ သူ စုေဆာင္း သိမ္းဆည္းထားတဲ့ ေဒတာေတြထဲမွာ လုိက္ရွာတာ ျဖစ္တယ္။ Facebook သုံးစြဲသူေတြရဲ သိပ္မေ၀းတဲ့ အတိတ္ကာလတစ္ေလွ်ာက္ ျပဳမူခဲ့တာေတြ မွတ္သား သိမ္းဆည္းထားတဲ့ ေဒတာေတြထဲမွာ အဆင္ေျပမယ့္သူေတြကုိ လုိက္ရွာတယ္။
အေျခခံအားျဖင့္ သုံးစြဲသူတစ္ဦး အင္တာနက္ တက္တဲ့အခါ ဘာေတြ ၾကည့္သလဲ၊ မက္ဆင္ဂ်ာမွာ ဘာေတြ ေျပာဆုိသလဲ ဆုိတာေတြအရ သူ ဘာေတြကုိ စိတ္၀င္တစား ျဖစ္ေနသလဲ။ ဘာေတြနဲ႔ ပတ္သက္လုံးေထြးေနသလဲဆုိတဲ့ ေဒတာေတြ ရွိတယ္။
ေနာက္တစ္ခ်က္က သူ႔ရဲ႕ အျပဳအမူ။ သူက like ကုိ ကလစ္လုပ္ေလ့လုပ္ထ ရွိမရွိ၊ ရွယ္တာ လုပ္ေလ့လုပ္ထ ရွိမရွိ၊ ၀က္ဘ္ဆုိက္က တင္ေပးထားတာကုိ ကလစ္လုပ္ၿပီး ၀က္ဘ္ဆုိက္ထဲ ၀င္ၿပီး ၾကည့္ေလ့ၾကည့္ထ ရွိမရွိ စတဲ့ အျပဳအမူမ်ဳိးေတြကုိ Facebook က သုံးစြဲသူ တစ္ဦးခ်င္းစီ လုိက္မွတ္သားထားတဲ့ ေဒတာေတြ ျဖစ္ပါတယ္။


ေနာက္တစ္ခုက Facebook pixel ကုိ ၀က္ဘ္ဆုိက္မွာ ထည့္ေပးထားရင္ ၀က္ဘ္ဆုိက္ထဲ ေရာက္တဲ့အခါ သူျပဳမူတာေတြကုိ မွတ္သားထားတဲ့ ေဒတာေတြ ျဖစ္ပါတယ္။
အခ်ဳပ္အားျဖင့္ ဆုိရရင္ စိတ္၀င္စားမႈမ်ား၊ အျပဳအမူမ်ား၊ ၀က္ဘ္ဆုိက္ထဲ လုပ္ကုိင္မႈမ်ားဆုိတဲ့ ေဒတာေတြ ျဖစ္ပါတယ္။ သူ႔ရဲ႕ လိင္အမ်ဳိးအစား၊ အသက္အပုိင္းအျခားေတြကုိေတာ့ သူေပးသြင္းထားတဲ့ အခ်က္အလက္ေတြနဲ႔ သူတင္တဲ့ ပုိ႔စ္ေတြမွာ ပါတဲ့ သူ႔ဓာတ္ပုံေတြအရ အတည္ျပဳဆုံးျဖတ္ထားတဲ့ ေဒတာေတြလည္း ရွိပါတယ္။ အဲဒါအျပင္ သြားတာလာတာ ၀ယ္တာျခမ္းတာေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြလည္း ရတတ္သေရြ႕ စုေဆာင္းထားတယ္။ ခင္ဗ်ား ဖုန္းကုိ သြားေလရာ ယူသြားရင္ ခင္ဗ်ား ဘယ္ေနရာေတြ ေရာက္ခဲ့သလဲဆုိတာ Facebook က သိ္ႏုိင္မယ္။ ခင္ဗ်ား ဖုန္းထဲမွာ ပါတဲ့ GPS က ေဖာ္ေကာင္သတင္ေပးပဲ။

ဥပမာအေနျဖင့္ အိမ္ေမြးတိရစၦာန္အတြက္ ပစၥည္းေရာင္းတဲ့ ေၾကာ္ျငာကုိ ခင္ဗ်ားက Facebook ေပၚမွာ ေၾကာ္ျငာလုိက္တယ္။ အဲဒီ ေၾကာ္ျငာကုိ ေခြးပုိင္ရွင္ ႏွစ္ဦးက ေတြ႕တယ္ ဆုိ္ပါေတာ့။

ေခြးပုိင္ရွင္တစ္ဦးက ေခြးေကၽြးဖုိ႔ အစာထုပ္ကုိ တစ္လ တစ္ႀကိမ္ ၀ယ္တယ္။ တစ္လစာ တစ္ခါတည္း ၀ယ္တယ္။
ေနာက္တစ္ဦးကေတာ့ ေန႔စဥ္ ၀ယ္တယ္။
အဲဒီလုိ ဆုိရင္ Facebook က ခင္ဗ်ားရဲ႕ ေၾကာ္ျငာကုိ ဒုတိယလူ ျမင္ေအာင္ ျပလိမ့္မယ္။ သူက ခင္ဗ်ား ေရာင္းဖုိ႔ ျပထားတဲ့ ေခြးအစာထုပ္ကုိ မနက္ျဖန္ျဖစ္ျဖစ္ သဘက္ခါျဖစ္ျဖစ္ ၀ယ္ေကာင္း ၀ယ္လိမ့္မယ္။ ခင္ဗ်ားရဲ႕ ေၾကာ္ျငာမွာ ပါတဲ့ MESSAGE ဆုိတဲ့ ခလုတ္ကုိ ႏွိပ္ၿပီး အစာထုပ္ကုိ စုံစမ္းေမးျမန္းတာ မွာယူတာကုိ Chatbox မွာ လုပ္ေကာင္းလုပ္လိမ့္မယ္။
သူက အနိမ့္္မွာ သီးေနတဲ့အသီးလုိ႔ ဆုိရမယ္။ ဆြတ္ခူးဖုိ႔ လြယ္ကူတယ္။ ဒီေတာ့ ခင္ဗ်ားရဲ႕ ေၾကာ္ျငာကမ္ပိန္း အစပိုင္းရက္မွာ ၀ယ္ယူသူတစ္ဦး ရသြားႏုိင္ေျခ ေကာင္းေနတယ္။ အခုလုိ စစခ်င္းမွာ ၀ယ္ယူအားေပးတာကုိ ခင္ဗ်ား ႀကံဳရရင္ အားတက္သြားမယ္။ ေၾကာ္ျငာရက်ိဳးနပ္တယ္ ယူဆမယ္။ ထပ္ေၾကာ္ျငာဖုိ႔ အသင့္ ျဖစ္ေနေတာ့မယ္။

တကယ္လုိ႔ ခင္ဗ်ားက ထပ္ေၾကာ္ျငာတယ္။ အဲဒီအခါ Facebook က လုပ္ရကုိင္ရ ခက္သြားၿပီ။ ၀ယ္ႏုိင္ေျခ ရွိတဲ့သူေတြကုိ သုံးၿပီးသြာၿပီ ျဖစ္လုိ႔ ေနာက္ထပ္ ထပ္ၿပီး ရွာရေတာ့မယ္။ ဒီေတာ့ ေၾကာ္ျငာခကုိ ေဈးတုိးၿပီး ေတာင္းခံလိမ့္မယ္။ ပထမတစ္ႀကိမ္ Boost တုန္းက ေဈးႏႈန္းမ်ဳိးနဲ႔ မရေတာ့ဘူး။ Facebook က လူရွာတာကို အားလုံး အံကုိက္ ျဖစ္တဲ့သူေတြထဲမွာ ကုန္ေနၿပီမုိ႔ အံကုိက္ သိပ္မျဖစ္တဲ့သူေတြထဲမွာ လုိက္ရွာလိမ့္မယ္။ အဲဒီအခါ ပစ္ခ်က္ လြဲတတ္တယ္။ ေၾကာ္ျငာကုိ ျမင္ေပမဲ့ ဘာလုပ္ေဆာင္မႈမွ မရတာမ်ဳိးေတြ ရွိေနမယ္။
ေနာက္တစ္ခ်က္ ခင္ဗ်ားရဲ႕ ၿပိဳင္ဘက္ေတြ ရွိေနရင္ သူတုိ႔ကလည္း Facebook မွာ ေၾကာ္ျငာမယ္ဆုိတဲ့အခါ Facebook က ရွိတဲ့ အံကုိက္ျဖစ္မယ့္ လူစာရင္းထဲမွ တခ်ဳိ႕ကုိ ခင္ဗ်ားၿပိဳင္ဘက္ရဲ႕ ေၾကာ္ျငာကုိ ျပသမွာ ျဖစ္ပါတယ္။
ဒီေတာ့ ခင္ဗ်ား တစ္ေယာက္တည္းကုိ ရွိသမွ်လူစာရင္း ပုံေအာၿပီး ေပးမွာ မဟုတ္ဘူး။
အဲဒါေၾကာင့္ ထီေပါက္သလုိ ေန႔ခ်င္းညခ်င္း ေရာင္းအားေတြ ထုိးတက္ၿပီ ၀င္ေငြေတြ အမ်ားႀကီး ရလိမ့္မယ္လုိ႔ မေမွ်ာ္မွန္းသင့္ဘူး။
ဒီေတာ့ အႀကံေပးလုိတာက Facebook မွာ ေၾကာ္ျငာတဲ့အခါ ရက္ရွည္ရွည္ မေၾကာ္ျငာသင့္ဘူး။ တစ္ပတ္ေလာက္ပဲ ေၾကာ္ျငာလုိက္ၿပီး ရလာမယ့္ ရလဒ္ေတြကုိ ေစာင့္ၾကည့္သုံးသပ္ၿပီးမွ ေနာက္တစ္ႀကိမ္ ထပ္ေၾကာ္ျငာတာကုိ လုပ္သင့္တယ္။ ေၾကာ္ျငာမွာ ျပင္သင့္တာ ရွိရင္ ျပင္မယ္။ သတိရသင့္တာက Facebook က ေၾကာျ္ငာကုိ ေျပးေပးေနတုန္းမွာ ေၾကာ္ျငာကုိ ျပင္ခြင့္ မေပးဘူး။ ျပင္ခ်င္ရင္ ေၾကာ္ျငာလက္စကုိ အရင္ရပ္ပစ္ရတယ္။ ၿပီးမွ ျပင္ရတယ္။ ျပင္ဖုိ႔ ခြင့္ျပဳထားတဲ့အပုိင္းကုိ ျပင္လုိ႔ရမယ္။ ခြင့္မျပဳတဲ့အပုိင္း ဆုိရင္ ျပင္လုိ႔ မရဘူး။ ဒီေတာ့ ေၾကာ္ျငာအသစ္တစ္ခု ျပန္စၿပီးေၾကာ္ျငာရလိမ့္မယ္။

ေနာက္တစ္ခ်က္ သတိျပဳရမွာက ဆုိရွယ္မီဒီယာမွာ ေၾကာ္ျငာတဲ့အခါ ပရိသတ္ရဲ႕ တုံ႔ျပန္မႈကုိ ေဖာ္ျပေပးေနတဲ့အခ်က္ ျဖစ္တယ္။ ပုံႏွိပ္ေၾကာ္ျငာေတြ၊ တျခားအြန္လုိင္းေၾကာ္ျငာေတြမွာ ပရိသတ္က ေၾကာ္ျငာကုိ ၾကည့္လုိ႔ပဲ ရတယ္။ ျပန္ေျပာခ်င္တာရွိရင္ ေျပာဖုိ႔ ေနရာ မရွိဘူး။ ဆုိရွယ္မီဒီယာေတြမွာ မန္႔ (comment) ဖုိ႔ ေနရာ စီစဥ္ေပးထားၾကတယ္။ အဲဒီမွာ အေကာင္းေရးရင္ အေၾကာင္းမဟုတ္ေပမဲ့ မေကာင္းတာေတြ ၀င္မန္႔သြားတာမ်ဳိးဆုိရင္ ျပႆနာ ရွိတယ္။
ခင္ဗ်ားရဲ႕ ေၾကာ္ျငာက သူ႔အတြက္ စိတ္၀င္စားစရာ မေကာင္းဘူး။ လာလာရႈပ္ေနတယ္လုိ႔ ထင္ရင္ သူက “hide this ad” ကုိ ကလစ္လုပ္ၿပီး ေၾကာ္ျငာကုိ မျပခုိင္းဖုိ႔ အသိေပးလိမ့္မယ္။ အဲဒီလုိ ဆုိရင္ ေနာက္ထပ္ ခင္ဗ်ား ေၾကာ္ျငာတာေတြ သူ႔ကုိ ျပေတာ့မွ မဟုတ္ဘူး။ သူနဲ႔ ခင္ဗ်ားရဲ႕ ေၾကာ္ျငာေတြ ကြာရွင္းျပတ္စဲသြားၿပီ။ အဲဒီလုိ မ်ဳိးေတြ မ်ားေနရင္ ခင္ဗ်ားေၾကာ္ျငာရဲ႕ ႏွီးႏႊယ္မႈ ရမွတ္ relevance score နည္းေနမယ္။ Facebook က ေၾကာ္ျငာႏႈန္းကုိ ျမႇင့္တင္လုိက္လိမ့္မယ္။

ေနာက္ထပ္ ကိစၥရွိေနတာတစ္မ်ဳိးက ခင္ဗ်ားရဲ႕ ေၾကာ္ျငာေတြကုိ ထပ္ခါထပ္ခါ ျမင္ေနရတဲ့အခါ ေၾကာ္ျငာကုိ အေရးမလုပ္ေတာ့ဘူး။ ဖုန္းမွာ အသာေလး ပြတ္ဆြဲၿပီး ေက်ာ္လုိက္လိမ့္မယ္။

Facebook မွာ ေငြကုန္ခံတုိင္း ေၾကာ္ျငာထိေရာက္မႈကုိ ရခ်င္မွ ရလိမ့္မယ္။ ရခ်င္ပါတယ္ဆုိရင္ Facebook ေၾကာ္ျငာအေၾကာင္းေတြကို အခုေဆာင္းပါးလုိမ်ဳိး အတြင္းက်က် အျမင္ေတြ၊ ကုိယ္ေတြ႕ ေတြ႕ႀကံဳထားတာေတြနဲ႔ ဂဃနဏ တင္ျပၿပီး လမ္းျပေပးထားတာေတြကုိ ေလ့လာထားသင့္တယ္။

 

The Complete Guide to Facebook Advertising 2019 (9)

Facebook ads နဲ့ ပတ်သက်လို့ အယူအဆလွဲမှားနေတဲ့ အယူမှားတာ ရှိနေတယ်။ အဲဒါကတော့ Facebook မှာ ထီပေါက်သလို နေ့ချင်းညချင်း ကြီးပွားနိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

Facebook မှာ boost ပြီး ကြော်ငြာတာ၊ ကြောြ်ငာဧရိယာမှာ ကြော်ငြာတာတွေ လုပ်လိုက်ရင် တန်ခိုးရှင်တစ်ယောက်က မစ ပေးလိုက်တဲ့အတိုင်း ပေါက်မြောက်သွားမယ်လို့ ထင်ကြတာတွေ ရှိတယ်။
Facebook က လမ်းခင်းပေးထားတဲ့ ငွေရပေါက်ရလမ်းတွေကို လုပ်ကိုင်ရင်း အကြီးအကျယ် ချမ်းသာသွားနိုင်မယ်လို့ မျှော်မှန်းကြတာတွေလည်း ရှိတယ်။
တကယ်တော့ Facebook က သူကလွဲရင် တခြားသူ ငွေကို သဲ့ယူတာမျိုး ခွင့်ပြုလေ့ မရှိဘူး။ သူ့လက်ထဲမှာ ခွင်တွေကို ချုပ်ကိုင်ထားတယ်။ ဒီတော့ Facebook ကို ထီထိုးသလိုမျိုး မလုပ်သင့်ဘူး။ ထီလက်မှတ် များများဝယ်ရင် ပေါက်နိုင်ခြေ ပိုများမယ်လို့ တွက်ချက်တာမျိုးလည်း မလုပ်သင့်ဘူး။ အဲဒါတွေဟာ မှန်ကန်မှု မရှိတဲ့ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါတယ်။

တစ်ချိန်တစ်ခါတုန်းက မြန်မာနိုင်ငံမှာ ကြည့်စရာ တီဗီဆိုလို့ အစိုးရမှ ထုတ်လွှင့်တဲ့ မြန်မာ့ ရုပ်မြင်သံကြား (MRTV) တစ်မျိုးတည်းပဲ ရှိတယ်။ ဒီတော့ တစ်တိုင်းတစ်ပြည်လုံးက တီဗီ ပရိသတ်ဟာ MRTV တစ်ခုတည်းကိုပဲ ကြည့်ကြရတယ်။ အဲဒီမှာ ကြော်ငြာလိုက်ရင် တစ်ပြည်လုံးမှာ ရှိတဲ့ တီဗီ ပရိသတ်ကြီးက မြင်ရတွေ့ရတယ်။ အစိုးရဲ့ ပေါလစီပြကွက်တွေပဲ ကြည့်နေကြရတဲ့ ပရိသတ်က ကြော်ငြာတွေကို တီဗီက တင်ဆက်တဲ့ အစီအစဉ်ထက်တောင် ပိုစိတ်ဝင်စားတယ်။ ပိုကြိုက်ကြတယ်။ ကြော်ငြာထိုးမယ့်အချိန်ကို မျှော်ကြတယ်။
ဒီတော့ တီဗီကြော်ငြာတွေ ဖန်တီးပြီး ကြော်ငြာကြတယ်။ နာမည်ကြီး မင်းသား မင်းသမီးတွေ၊ နာမည်ကျော် ကြော်ငြာမင်းသားမင်းသမီးတွေကို ကြေးကြီးကြီးပေးပြီး ကြော်ငြာတွေ ရိုက်ကြတယ်။ ကုန်ကျစရိတ် ကြီးမားတယ်။ ကြော်ငြာတစ်ခုရဲ့ ပြသချိန်က စက္ကန့်ပိုင်း မိနစ်ပိုင်းမျှသာ ဖြစ်တယ်။ တီဗီကြော်ငြာကြောင့် ရောင်းအား တအားတက်သွားတာတွေလည်း ရှိခဲ့တယ်။ အဲဒါက လူသိများတယ်။ တီဗီမှာ ကြော်ငြာပြီး ကြော်ငြာစရိတ်တောင် ပြန်မကာမိတာတွေလည်း ရှိတယ်။ အဲဒါက လူမသိသူမသိ။
တီဗီကြော်ငြာ ထီထိုးကြတာ ထီပေါက်တဲ့သူက သတင်း ဖြစ်သွားတယ်။ ထီဆုကြီး ဘယ်သူတွေ ရသွားတယ်ဆိုပြီး လူပြောများတယ်။ ထီမပေါက်လို့ လက်မှတ်ဖိုး ဆုံးရှုံးသွားတဲ့သူတွေအကြောင်းတော့ အရေးလုပ်ပြီး ပြောဆိုနေမယ့်သူ မရှိဘူး။
ဒီတော့ တီဗီမှာ ကြော်ငြာလိုက်ရင် ရောင်အားတွေ တအားတက်၊ နေ့ချင်းညချင်း ကြီးပွားတိုးတက်မယ်လို့ ယူဆလာကြတဲ့သူတွေ ရှိလာတယ်။ များများကြော်ငြာရင် များများ ရောင်းရမယ်ဆိုတဲ့ အယူအဆလည်း ပေါ်ပေါက်ခဲ့ပါတယ်။
အခုတော့ တီဗီ အစီအစဉ်တွေ များနေပြီ။ ကြော်ငြာထိုးမယ့်အချိန်ကို မျှော်ပြီး ကြည့်တဲ့ ပရိသတ်လည်း မရှိတော့ဘူး။ တီဗီကြော်ငြာ ထီလက်မှတ်တွေမှာ ဆုကြီး ပေါက်တာ တော်တော် ရှားသွားပြီ။
Facebook မှာလည်း ခေတ်ဦးကာလ ခေတ်ကောင်းတုန်းက တီဆုကြီး ပေါက်ဖို့ မျှော်လို့ ရတယ်။ အခုတော့ မမျှော်လင့်သင့်တော့ဘူး။

ထီလက်မှတ် စောင်ရေ များများထိုးရင် ပေါက်ဖို့လမ်းပိုများမယ်ဆိုတဲ့ အယူအဆဖြင့် Facebook မှာ post တင်ပြီး ငွေကုန်ခံ boost တယ်။ ထီထိုးတယ်။ လူတွေကို သူရောင်းချင်တာ ဝယ်ကြဖို့ စည်းရုံးတယ်။ ဆုကြီးကြီးကို မျှော်မှန်းရင်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာ များလိမ့်မယ်။

ခင်ဗျား ရောင်းချင်တာကို ဝယ်မယ့်သူတွေကို ရှာဖွေရတာ အချိန်ယူရလိမ့်မယ်။
ခင်ဗျားရဲ့ ကြော်ငြာကို Facebook ပေါ်မှာ တင်ပေးလိုက်ပြီး ကြော်ငြာခိုင်းထားလိုက်တဲ့အခါ Facebook က ခင်ဗျား တောင်းဆိုထားတဲ့ လုပ်ဆောင်ချက်ကို လုပ်မယ့် သုံးစွဲသူတွေကို ရှာမယ်။ ဥပမာ LEARN MORE ဆိုတဲ့ ခလုတ်ကို နှိပ်တဲ့ လုပ်ဆောင်မှု ခင်ဗျား တောင်းဆိုထားတယ်ဆိုရင် အဲဒီခလုတ်မျိုးကို နှိပ်လေ့နှိပ်ထ ရှိတဲ့သူတွေကို လိုက်ရှာတယ်။
ရှာဖွေတယ်ဆိုတာ သူ စုဆောင်း သိမ်းဆည်းထားတဲ့ ဒေတာတွေထဲမှာ လိုက်ရှာတာ ဖြစ်တယ်။ Facebook သုံးစွဲသူတွေရဲ သိပ်မဝေးတဲ့ အတိတ်ကာလတစ်လျှောက် ပြုမူခဲ့တာတွေ မှတ်သား သိမ်းဆည်းထားတဲ့ ဒေတာတွေထဲမှာ အဆင်ပြေမယ့်သူတွေကို လိုက်ရှာတယ်။
အခြေခံအားဖြင့် သုံးစွဲသူတစ်ဦး အင်တာနက် တက်တဲ့အခါ ဘာတွေ ကြည့်သလဲ၊ မက်ဆင်ဂျာမှာ ဘာတွေ ပြောဆိုသလဲ ဆိုတာတွေအရ သူ ဘာတွေကို စိတ်ဝင်တစား ဖြစ်နေသလဲ။ ဘာတွေနဲ့ ပတ်သက်လုံးထွေးနေသလဲဆိုတဲ့ ဒေတာတွေ ရှိတယ်။
နောက်တစ်ချက်က သူ့ရဲ့ အပြုအမူ။ သူက like ကို ကလစ်လုပ်လေ့လုပ်ထ ရှိမရှိ၊ ရှယ်တာ လုပ်လေ့လုပ်ထ ရှိမရှိ၊ ဝက်ဘ်ဆိုက်က တင်ပေးထားတာကို ကလစ်လုပ်ပြီး ဝက်ဘ်ဆိုက်ထဲ ဝင်ပြီး ကြည့်လေ့ကြည့်ထ ရှိမရှိ စတဲ့ အပြုအမူမျိုးတွေကို Facebook က သုံးစွဲသူ တစ်ဦးချင်းစီ လိုက်မှတ်သားထားတဲ့ ဒေတာတွေ ဖြစ်ပါတယ်။


နောက်တစ်ခုက Facebook pixel ကို ဝက်ဘ်ဆိုက်မှာ ထည့်ပေးထားရင် ဝက်ဘ်ဆိုက်ထဲ ရောက်တဲ့အခါ သူပြုမူတာတွေကို မှတ်သားထားတဲ့ ဒေတာတွေ ဖြစ်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင် စိတ်ဝင်စားမှုများ၊ အပြုအမူများ၊ ဝက်ဘ်ဆိုက်ထဲ လုပ်ကိုင်မှုများဆိုတဲ့ ဒေတာတွေ ဖြစ်ပါတယ်။ သူ့ရဲ့ လိင်အမျိုးအစား၊ အသက်အပိုင်းအခြားတွေကိုတော့ သူပေးသွင်းထားတဲ့ အချက်အလက်တွေနဲ့ သူတင်တဲ့ ပို့စ်တွေမှာ ပါတဲ့ သူ့ဓာတ်ပုံတွေအရ အတည်ပြုဆုံးဖြတ်ထားတဲ့ ဒေတာတွေလည်း ရှိပါတယ်။ အဲဒါအပြင် သွားတာလာတာ ဝယ်တာခြမ်းတာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေလည်း ရတတ်သရွေ့ စုဆောင်းထားတယ်။ ခင်ဗျား ဖုန်းကို သွားလေရာ ယူသွားရင် ခင်ဗျား ဘယ်နေရာတွေ ရောက်ခဲ့သလဲဆိုတာ Facebook က သိနိုင်မယ်။ ခင်ဗျား ဖုန်းထဲမှာ ပါတဲ့ GPS က ဖော်ကောင်သတင်ပေးပဲ။

ဥပမာအနေဖြင့် အိမ်မွေးတိရစ္ဆာန်အတွက် ပစ္စည်းရောင်းတဲ့ ကြော်ငြာကို ခင်ဗျားက Facebook ပေါ်မှာ ကြော်ငြာလိုက်တယ်။ အဲဒီ ကြော်ငြာကို ခွေးပိုင်ရှင် နှစ်ဦးက တွေ့တယ် ဆိုပါတော့။

ခွေးပိုင်ရှင်တစ်ဦးက ခွေးကျွေးဖို့ အစာထုပ်ကို တစ်လ တစ်ကြိမ် ဝယ်တယ်။ တစ်လစာ တစ်ခါတည်း ဝယ်တယ်။
နောက်တစ်ဦးကတော့ နေ့စဉ် ဝယ်တယ်။
အဲဒီလို ဆိုရင် Facebook က ခင်ဗျားရဲ့ ကြော်ငြာကို ဒုတိယလူ မြင်အောင် ပြလိမ့်မယ်။ သူက ခင်ဗျား ရောင်းဖို့ ပြထားတဲ့ ခွေးအစာထုပ်ကို မနက်ဖြန်ဖြစ်ဖြစ် သဘက်ခါဖြစ်ဖြစ် ဝယ်ကောင်း ဝယ်လိမ့်မယ်။ ခင်ဗျားရဲ့ ကြော်ငြာမှာ ပါတဲ့ MESSAGE ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး အစာထုပ်ကို စုံစမ်းမေးမြန်းတာ မှာယူတာကို Chatbox မှာ လုပ်ကောင်းလုပ်လိမ့်မယ်။
သူက အနိမ့််မှာ သီးနေတဲ့အသီးလို့ ဆိုရမယ်။ ဆွတ်ခူးဖို့ လွယ်ကူတယ်။ ဒီတော့ ခင်ဗျားရဲ့ ကြော်ငြာကမ်ပိန်း အစပိုင်းရက်မှာ ဝယ်ယူသူတစ်ဦး ရသွားနိုင်ခြေ ကောင်းနေတယ်။ အခုလို စစချင်းမှာ ဝယ်ယူအားပေးတာကို ခင်ဗျား ကြုံရရင် အားတက်သွားမယ်။ ကြော်ငြာရကျိုးနပ်တယ် ယူဆမယ်။ ထပ်ကြော်ငြာဖို့ အသင့် ဖြစ်နေတော့မယ်။

တကယ်လို့ ခင်ဗျားက ထပ်ကြော်ငြာတယ်။ အဲဒီအခါ Facebook က လုပ်ရကိုင်ရ ခက်သွားပြီ။ ဝယ်နိုင်ခြေ ရှိတဲ့သူတွေကို သုံးပြီးသွာပြီ ဖြစ်လို့ နောက်ထပ် ထပ်ပြီး ရှာရတော့မယ်။ ဒီတော့ ကြော်ငြာခကို ဈေးတိုးပြီး တောင်းခံလိမ့်မယ်။ ပထမတစ်ကြိမ် Boost တုန်းက ဈေးနှုန်းမျိုးနဲ့ မရတော့ဘူး။ Facebook က လူရှာတာကို အားလုံး အံကိုက် ဖြစ်တဲ့သူတွေထဲမှာ ကုန်နေပြီမို့ အံကိုက် သိပ်မဖြစ်တဲ့သူတွေထဲမှာ လိုက်ရှာလိမ့်မယ်။ အဲဒီအခါ ပစ်ချက် လွဲတတ်တယ်။ ကြော်ငြာကို မြင်ပေမဲ့ ဘာလုပ်ဆောင်မှုမှ မရတာမျိုးတွေ ရှိနေမယ်။
နောက်တစ်ချက် ခင်ဗျားရဲ့ ပြိုင်ဘက်တွေ ရှိနေရင် သူတို့ကလည်း Facebook မှာ ကြော်ငြာမယ်ဆိုတဲ့အခါ Facebook က ရှိတဲ့ အံကိုက်ဖြစ်မယ့် လူစာရင်းထဲမှ တချို့ကို ခင်ဗျားပြိုင်ဘက်ရဲ့ ကြော်ငြာကို ပြသမှာ ဖြစ်ပါတယ်။
ဒီတော့ ခင်ဗျား တစ်ယောက်တည်းကို ရှိသမျှလူစာရင်း ပုံအောပြီး ပေးမှာ မဟုတ်ဘူး။
အဲဒါကြောင့် ထီပေါက်သလို နေ့ချင်းညချင်း ရောင်းအားတွေ ထိုးတက်ပြီ ဝင်ငွေတွေ အများကြီး ရလိမ့်မယ်လို့ မမျှော်မှန်းသင့်ဘူး။
ဒီတော့ အကြံပေးလိုတာက Facebook မှာ ကြော်ငြာတဲ့အခါ ရက်ရှည်ရှည် မကြော်ငြာသင့်ဘူး။ တစ်ပတ်လောက်ပဲ ကြော်ငြာလိုက်ပြီး ရလာမယ့် ရလဒ်တွေကို စောင့်ကြည့်သုံးသပ်ပြီးမှ နောက်တစ်ကြိမ် ထပ်ကြော်ငြာတာကို လုပ်သင့်တယ်။ ကြော်ငြာမှာ ပြင်သင့်တာ ရှိရင် ပြင်မယ်။ သတိရသင့်တာက Facebook က ကြောြ်ငာကို ပြေးပေးနေတုန်းမှာ ကြော်ငြာကို ပြင်ခွင့် မပေးဘူး။ ပြင်ချင်ရင် ကြော်ငြာလက်စကို အရင်ရပ်ပစ်ရတယ်။ ပြီးမှ ပြင်ရတယ်။ ပြင်ဖို့ ခွင့်ပြုထားတဲ့အပိုင်းကို ပြင်လို့ရမယ်။ ခွင့်မပြုတဲ့အပိုင်း ဆိုရင် ပြင်လို့ မရဘူး။ ဒီတော့ ကြော်ငြာအသစ်တစ်ခု ပြန်စပြီးကြော်ငြာရလိမ့်မယ်။

နောက်တစ်ချက် သတိပြုရမှာက ဆိုရှယ်မီဒီယာမှာ ကြော်ငြာတဲ့အခါ ပရိသတ်ရဲ့ တုံ့ပြန်မှုကို ဖော်ပြပေးနေတဲ့အချက် ဖြစ်တယ်။ ပုံနှိပ်ကြော်ငြာတွေ၊ တခြားအွန်လိုင်းကြော်ငြာတွေမှာ ပရိသတ်က ကြော်ငြာကို ကြည့်လို့ပဲ ရတယ်။ ပြန်ပြောချင်တာရှိရင် ပြောဖို့ နေရာ မရှိဘူး။ ဆိုရှယ်မီဒီယာတွေမှာ မန့် (comment) ဖို့ နေရာ စီစဉ်ပေးထားကြတယ်။ အဲဒီမှာ အကောင်းရေးရင် အကြောင်းမဟုတ်ပေမဲ့ မကောင်းတာတွေ ဝင်မန့်သွားတာမျိုးဆိုရင် ပြဿနာ ရှိတယ်။
ခင်ဗျားရဲ့ ကြော်ငြာက သူ့အတွက် စိတ်ဝင်စားစရာ မကောင်းဘူး။ လာလာရှုပ်နေတယ်လို့ ထင်ရင် သူက “hide this ad” ကို ကလစ်လုပ်ပြီး ကြော်ငြာကို မပြခိုင်းဖို့ အသိပေးလိမ့်မယ်။ အဲဒီလို ဆိုရင် နောက်ထပ် ခင်ဗျား ကြော်ငြာတာတွေ သူ့ကို ပြတော့မှ မဟုတ်ဘူး။ သူနဲ့ ခင်ဗျားရဲ့ ကြော်ငြာတွေ ကွာရှင်းပြတ်စဲသွားပြီ။ အဲဒီလို မျိုးတွေ များနေရင် ခင်ဗျားကြော်ငြာရဲ့ နှီးနွှယ်မှု ရမှတ် relevance score နည်းနေမယ်။ Facebook က ကြော်ငြာနှုန်းကို မြှင့်တင်လိုက်လိမ့်မယ်။

နောက်ထပ် ကိစ္စရှိနေတာတစ်မျိုးက ခင်ဗျားရဲ့ ကြော်ငြာတွေကို ထပ်ခါထပ်ခါ မြင်နေရတဲ့အခါ ကြော်ငြာကို အရေးမလုပ်တော့ဘူး။ ဖုန်းမှာ အသာလေး ပွတ်ဆွဲပြီး ကျော်လိုက်လိမ့်မယ်။

Facebook မှာ ငွေကုန်ခံတိုင်း ကြော်ငြာထိရောက်မှုကို ရချင်မှ ရလိမ့်မယ်။ ရချင်ပါတယ်ဆိုရင် Facebook ကြော်ငြာအကြောင်းတွေကို အခုဆောင်းပါးလိုမျိုး အတွင်းကျကျ အမြင်တွေ၊ ကိုယ်တွေ့ တွေ့ကြုံထားတာတွေနဲ့ ဂဃနဏ တင်ပြပြီး လမ်းပြပေးထားတာတွေကို လေ့လာထားသင့်တယ်။

 

 

Read times
Rate this item
(0 votes)