-->
×

Warning

JUser: :_load: Unable to load user with ID: 29


The Complete Guide to Facebook Advertising 2019 (10)

Facebook မွာ ေၾကာ္ျငာဖုိ႔အတြက္ ဘာေတြ လုိအပ္မလဲ။ အဲဒီအတြက္ Facebook က ခ်မွတ္ထားတဲ့ လမ္းေၾကာင္းအတုိင္း လုပ္ကုိင္သြားဖုိ႔ လုိပါတယ္။

ZAWGYI + UNICODE

Facebook page တစ္ခု ေထာင္ဖုိ႔ လုိတယ္။ အေၾကာင္းသိၿပီးသား သူတစ္ဦးအဖုိ႔ ဒါမ်ား အဆန္းလုပ္ၿပီး လာေျပာေနတယ္လုိ႔ ေရရြတ္မိတယ္။ Facebook ေၾကာ္ျငာနဲ႔ စိမ္းတဲ့ လုပ္ငန္းရွင္ သုံးေလးဦးကသူလက္ရွိသုံးေနတဲ့ ကုိယ္ပုိင္အေကာင့္မွာ post တင္ၿပီး ေၾကာျ္ငာလုိ႔ ရမယ္လုိ႔ ထင္တာကုိ ႀကံဳဖူးလုိ႔ အခုလုိ ေျပာလုိက္ရတာ ျဖစ္ပါတယ္။ သူတုိ႔သုံးေနတဲ့ အေကာင့္က တစ္ကုိယ္ေရအတြက္ အေကာင့္ဖြင့္ထားတဲ့ဟာျဖစ္လုိ႔ အဲဒီအေကာင့္ကုိ အသုံးျပဳၿပီး Facebook page တစ္ခု ေထာင္ဖုိ႔ လုိေၾကာင္း ရွင္းျပရတာမ်ဳိးေတြ ရွိတတ္ပါတယ္။

Facebook Page လုပ္ကုိင္မယ့္သူမွာ Facebook အေကာင့္ ရွိဖုိ႔ လုိတယ္ဆုိတာကုိေတာ့ ေျပာဖုိ႔ လုိမယ္ မထင္ပါဘူး။

တကယ္လုိ႔ Facebook Page ကုိ လုပ္ကုိင္မွာက တစ္ေယာက္တည္း မဟုတ္ဘဲ ကုိယ့္အျပင္ တျခားသူ ပါဦးမယ္ဆုိရင္ သုံးစြဲမယ့္ အေကာင့္က တစ္ခုထက္ ပုိသြားၿပီ။ အဲဒီလုိ သုံးစြဲမယ့္ အေကာင့္ေတြကလည္း တစ္ခုမက ျဖစ္ေနမယ္ ဆုိရင္ေတာ့ Business Manager account လည္း ရွိဖုိ႔ လုိမယ္။ လုိေတာ့မွ ထလုပ္တာထက္ စလုံးေရ စကတည္းက တစ္လက္စတည္း လုပ္ထားလုိက္ရင္ အေကာင္းဆုံးပါပဲလုိ႔ အႀကံျပဳပါရေစ။

Facebook account, Facebook page နဲ႔ Business Manager account အျပင္ ေငြေပးေခ်ဖုိ႔အတြက္ ေဒၚလာနဲ႔ ဖြင့္ထားတဲ့ ္ ဘဏ္ ခရစ္ဒစ္ကတ္ ရွိဖုိ႔လည္း လုိပါတယ္။ အဲဒါက ေၾကာ္ျငာခ ေပးေခ်ဖုိ႔ ျဖစ္ပါတယ္။ တကယ္လုိ႔ ကုိယ့္မွာ ၀က္ဘ္ဆုိက္ ရွိေနၿပီး ေငြေရေပါက္ ရလမ္းအျဖစ္ Facebook နဲ႔ ေၾကာ္ျငာကိစၥ လက္တြဲလုပ္မယ္ဆုိရင္လည္း ေၾကာ္ျငာခ facevbook ဆီမွ ရယူဖုိ႔အတြက္ ခရစ္ဒစ္ကတ္ ရွိထားရမွာ ျဖစ္ပါတယ္။ ထုံးစံကေတာ့ ေငြေပးေငြယူေတြကုိ Facebook က လေပးစနစ္နဲ႔ လုပ္ကုိင္ပါတယ္။ တစ္လတစ္ႀကိမ္ ရစရာရွိတာ စာရင္းျပၿပီး ယူတယ္။ ေပးစရာရွိတာလည္း တစ္လတစ္ႀကိမ္ ေငြလႊဲေပးတယ္။ အဲဒီကိစၥေတြအတြက္ ဘဏ္ ခရစ္ဒစ္ကတ္ လုိအပ္တာ ျဖစ္ပါတယ္။

Facebook account, Facebook page, နဲ႔ Business Manager account အျပင္ လုိရမည္ရ လုပ္ထားရမွာက Instagram account ျဖစ္ပါတယ္။ အဲဒီလုိ အေကာင့္ ရွိထားရင္ Facebook ads ကုိ ခင္ဗ်ားရဲ႕ Instagram account မွာ ျပသခုိင္းလုိ႔ ရတဲ့ လမ္းေၾကာင္း ရွိေနလုိ႔ လုိရမည္ရ လုပ္ထားေစခ်င္တာ ျဖစ္ပါတယ္။

ဆက္လက္ၿပီးေတာ့ Facebook profile, Facebook page, Business Manager account နဲ႔ Instagram account ဖြင့္တဲ့အေၾကာင္းေတြကုိ အက်ဥ္းရုံးၿပီး ေျပာျပမွာ ျဖစ္ပါတယ္။ လူသိမ်ား ျဖစ္ေပမဲ့လည္း Complete Guide to Facebook Advertising 2019 လုိ႔ ေခါင္းစဥ္တပ္ထားေသာ ျပည့္ျပည့္စုံစုံ ျဖစ္ရေလေအာင္ မခ်န္လွပ္ပဲ ေျပာျပရတာ ျဖစ္ပါတယ္။ သိၿပီးသား ျဖစ္ေနရင္ ေက်ာ္လႊားဖတ္ရႈေစလုိပါတယ္။

Facebook account ဖြင့္တာ လြယ္ပါတယ္။ တစ္ခ်ိန္တုန္းက Gmail တစ္ခု ရွိမွ ဖြင့္လုိ႔ ရေပမဲ့ အခုေတာ့ လက္ထဲ ရိွေနတဲ့ ဖုန္းရဲ႕ နံပါတ္နဲ႔ ဖြင့္လုိ႔ ရေနပါၿပီ။ ကမၻာသိ ၀က္ဘ္ဆုိက္ ျဖစ္တဲ့ www.facebook.com. ကုိ သြားလုိက္ၿပီး လြယ္လင့္တကူျဖင့္ ဖြင့္လုိ႔ရပါတယ္။ User Name နဲ႔ Password ကုိ အေသအခ်ာ မွတ္သားထားေစလုိပါတယ္။
အေကာင့္ ဖြင့္ၿပီးရင္ Profile မွာ အခ်က္အလက္ျဖည့္တာ၊ ဓာတ္ပုံထည့္တာ စတဲ့ လုိအပ္ခ်က္ေတြ ျဖည့္ဆည္းေပးလုိက္ပါ။
တကယ္လုိ႔ အေကာင့္က ရွိထားၿပီးသား ျဖစ္ၿပီး အဲဒီအေကာင့္ကုိပဲ သုံးမယ္ဆုိရင္ေတာ့ အေကာင့္တစ္ခု ထပ္ဖြင့္ေနဖုိ႔ မလုိေတာ့ပါဘူး။

အခု Facebook profile ကိစၥ ၿပီးစီးၿပီ ျဖစ္လုိ႔ Facebook page ကုိ ဆက္ပါမယ္။

 

Facebook မှာ ကြော်ငြာဖို့အတွက် ဘာတွေ လိုအပ်မလဲ။ အဲဒီအတွက် Facebook က ချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း လုပ်ကိုင်သွားဖို့ လိုပါတယ်။

Facebook page တစ်ခု ထောင်ဖို့ လိုတယ်။ အကြောင်းသိပြီးသား သူတစ်ဦးအဖို့ ဒါများ အဆန်းလုပ်ပြီး လာပြောနေတယ်လို့ ရေရွတ်မိတယ်။ Facebook ကြော်ငြာနဲ့ စိမ်းတဲ့ လုပ်ငန်းရှင် သုံးလေးဦးကသူလက်ရှိသုံးနေတဲ့ ကိုယ်ပိုင်အကောင့်မှာ post တင်ပြီး ကြောြ်ငာလို့ ရမယ်လို့ ထင်တာကို ကြုံဖူးလို့ အခုလို ပြောလိုက်ရတာ ဖြစ်ပါတယ်။ သူတို့သုံးနေတဲ့ အကောင့်က တစ်ကိုယ်ရေအတွက် အကောင့်ဖွင့်ထားတဲ့ဟာဖြစ်လို့ အဲဒီအကောင့်ကို အသုံးပြုပြီး Facebook page တစ်ခု ထောင်ဖို့ လိုကြောင်း ရှင်းပြရတာမျိုးတွေ ရှိတတ်ပါတယ်။

Facebook Page လုပ်ကိုင်မယ့်သူမှာ Facebook အကောင့် ရှိဖို့ လိုတယ်ဆိုတာကိုတော့ ပြောဖို့ လိုမယ် မထင်ပါဘူး။

တကယ်လို့ Facebook Page ကို လုပ်ကိုင်မှာက တစ်ယောက်တည်း မဟုတ်ဘဲ ကိုယ့်အပြင် တခြားသူ ပါဦးမယ်ဆိုရင် သုံးစွဲမယ့် အကောင့်က တစ်ခုထက် ပိုသွားပြီ။ အဲဒီလို သုံးစွဲမယ့် အကောင့်တွေကလည်း တစ်ခုမက ဖြစ်နေမယ် ဆိုရင်တော့ Business Manager account လည်း ရှိဖို့ လိုမယ်။ လိုတော့မှ ထလုပ်တာထက် စလုံးရေ စကတည်းက တစ်လက်စတည်း လုပ်ထားလိုက်ရင် အကောင်းဆုံးပါပဲလို့ အကြံပြုပါရစေ။

Facebook account, Facebook page နဲ့ Business Manager account အပြင် ငွေပေးချေဖို့အတွက် ဒေါ်လာနဲ့ ဖွင့်ထားတဲ့ ် ဘဏ် ခရစ်ဒစ်ကတ် ရှိဖို့လည်း လိုပါတယ်။ အဲဒါက ကြော်ငြာခ ပေးချေဖို့ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ဝက်ဘ်ဆိုက် ရှိနေပြီး ငွေရေပေါက် ရလမ်းအဖြစ် Facebook နဲ့ ကြော်ငြာကိစ္စ လက်တွဲလုပ်မယ်ဆိုရင်လည်း ကြော်ငြာခ facevbook ဆီမှ ရယူဖို့အတွက် ခရစ်ဒစ်ကတ် ရှိထားရမှာ ဖြစ်ပါတယ်။ ထုံးစံကတော့ ငွေပေးငွေယူတွေကို Facebook က လပေးစနစ်နဲ့ လုပ်ကိုင်ပါတယ်။ တစ်လတစ်ကြိမ် ရစရာရှိတာ စာရင်းပြပြီး ယူတယ်။ ပေးစရာရှိတာလည်း တစ်လတစ်ကြိမ် ငွေလွှဲပေးတယ်။ အဲဒီကိစ္စတွေအတွက် ဘဏ် ခရစ်ဒစ်ကတ် လိုအပ်တာ ဖြစ်ပါတယ်။

Facebook account, Facebook page, နဲ့ Business Manager account အပြင် လိုရမည်ရ လုပ်ထားရမှာက Instagram account ဖြစ်ပါတယ်။ အဲဒီလို အကောင့် ရှိထားရင် Facebook ads ကို ခင်ဗျားရဲ့ Instagram account မှာ ပြသခိုင်းလို့ ရတဲ့ လမ်းကြောင်း ရှိနေလို့ လိုရမည်ရ လုပ်ထားစေချင်တာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ Facebook profile, Facebook page, Business Manager account နဲ့ Instagram account ဖွင့်တဲ့အကြောင်းတွေကို အကျဉ်းရုံးပြီး ပြောပြမှာ ဖြစ်ပါတယ်။ လူသိများ ဖြစ်ပေမဲ့လည်း Complete Guide to Facebook Advertising 2019 လို့ ခေါင်းစဉ်တပ်ထားသော ပြည့်ပြည့်စုံစုံ ဖြစ်ရလေအောင် မချန်လှပ်ပဲ ပြောပြရတာ ဖြစ်ပါတယ်။ သိပြီးသား ဖြစ်နေရင် ကျော်လွှားဖတ်ရှုစေလိုပါတယ်။

Facebook account ဖွင့်တာ လွယ်ပါတယ်။ တစ်ချိန်တုန်းက Gmail တစ်ခု ရှိမှ ဖွင့်လို့ ရပေမဲ့ အခုတော့ လက်ထဲ ရှိနေတဲ့ ဖုန်းရဲ့ နံပါတ်နဲ့ ဖွင့်လို့ ရနေပါပြီ။ ကမ္ဘာသိ ဝက်ဘ်ဆိုက် ဖြစ်တဲ့ www.facebook.com. ကို သွားလိုက်ပြီး လွယ်လင့်တကူဖြင့် ဖွင့်လို့ရပါတယ်။ User Name နဲ့ Password ကို အသေအချာ မှတ်သားထားစေလိုပါတယ်။
အကောင့် ဖွင့်ပြီးရင် Profile မှာ အချက်အလက်ဖြည့်တာ၊ ဓာတ်ပုံထည့်တာ စတဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးလိုက်ပါ။
တကယ်လို့ အကောင့်က ရှိထားပြီးသား ဖြစ်ပြီး အဲဒီအကောင့်ကိုပဲ သုံးမယ်ဆိုရင်တော့ အကောင့်တစ်ခု ထပ်ဖွင့်နေဖို့ မလိုတော့ပါဘူး။

အခု Facebook profile ကိစ္စ ပြီးစီးပြီ ဖြစ်လို့ Facebook page ကို ဆက်ပါမယ်။

Read times
Rate this item
(0 votes)