-->
×
Warning
JUser: :_load: Unable to load user with ID: 29
The Complete Guide to Facebook Advertising (17)
The Complete Guide to Facebook Advertising 2019 (17)
ad account အသစ်တစ်ခု ဖန်တီးတာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်
ad account ရှိထားပြီးလို့ စိတ်ချလက်ချ ဖြစ်နေဖို့ မသင့်ဘူး။ ခင်ဗျားရဲ့ ad account က Facebook  သုံးဖို့ လုပ်ထားတဲ့ ခင်ဗျားရဲ့ တစ်ကိုယ်ရေ အကောင့်ကို အခြေခံထားတယ်။ အဲဒီကိုယ်ပိုင် အကောင့်ကို Facebook က block တာ ခံလိုက်ရတာမျိုး ဖြစ်တတ်တယ်။ သုံးစွဲသူတွေ report ထုလို့ လုံး၀ ဆုံးရှုံးသွားတာမျိုး ရှိတယ်။ အဲဒီအခါကျ ခင်ဗျား အကောင့်တစ်ခု ထပ်ဖွင့်ပြီး လှုပ်ရှား ရတော့မယ်။ အဲဒီအခါ အကောင့်အသစ်အတွက် ad account အသစ် ဖွင့်ရမယ်။ 
ad account ကို block တာလည်း ရှိတယ်။ သုံးစွဲသူတွေက spam လို့ တံဆိပ်ကပ်ရင်လည်း ad account ကျတယ်။ ad account ကျသွားလို့ အသစ် ထပ်လုပ်ခွင့် ရှိတယ်ဆိုပေမဲ့ လေးကြိမ်အထိပဲ ရမယ်။ ကန့်သတ်ထားတယ်။ လေးခု လုပ်ပြီးသွားရင် Facebook က ad account အသစ်တစ်ခု ထပ်လုပ်မပေးတော့ဘူး။ ဒီတော့ ad account ကျသွားရင် အလောတကြီး အသစ် မဖွင့်ပါနဲ့။ တစ်ပတ်လောက်တော့ စောင့်ကြည့်ပါ။ ပြန်မရတော့ဘူးဆိုမှ အသစ်တစ်ခု ဖွင့်ပါ။ 
အပြာကွက်နဲ့ ဖော်ပြထားတဲ့ Add+ ကို နှိပ်ပြီး ဝင်လိုက်ပါ ပြီးရင် ပွင့်ကျလာတာမှာ အောက်ဆုံး အကွက်ကို ကလစ်လုပ်ပါ။
Add >> Create a New Ad Account.
ပွင့်ကျလာတာမှာ လိုအပ်တဲ့ အကွက်တွေကို ဖြည့်ပါ။ ပြီးရင်
Create Ad Account ကို ကလစ်ပါ။
ခင်ဗျား အကောင့်မှာ တခြားလုပ်ကိုင်မယ့်သူတွေ ထည့်ပါ။ ဘယ်အဆင့်နဲ့ လုပ်ကိုင်ခွင့် ပေးမလဲဆိုတာလည်း သတ်မှတ်ပေးပါ။
Read times
Rate this item
(0 votes)