-->
×

Warning

JUser: :_load: Unable to load user with ID: 29


Marketing ရဲ႕ ေလးနက္စြာ အဓိပၸါယ္ဖြင့္ဆိုခ်က္

Marketing ဆိုတာ ေစ်းကြက္ျမွင့္ တင္ေရး လို႕ ေျပာလို႕ရေပမဲ့ တကယ္တန္း ေတြးၾကည့္မယ္ဆို Marketing မွာ Process ေတြအမ်ားၾကီး ရွိတယ္လို႕ ေျပာလို႕ ရမယ္။

Marketing မွာ က်ယ္ျပန္႕ စြာ ၾကည့္မယ္ဆို -

Online Marketing ( အြန္လိုင္း မားကတ္တင္း )
Public Relations ( အမ်ားသူငွာ ဆက္ဆံေရးဆိုင္ရာ )
Advertising ( ေၾကာ္ျငာ ကိစၥ ရပ္မ်ား )
Social Media ( ဆိုရွယ္မီဒီယာမ်ား )
Research ( စစ္တမ္းေလ့လာျခင္း )
Direct Marketing (တိုက္ရုိက္ေစ်းကြက္ ျမွင့္တင္ျခင္း )
Branding ( နာမည္ တည္ေဆာက္ျခင္း ) စတာေတြပါဝင္ပါတယ္။

 

Online Marketing မွာ ဘာေတြပါမလဲ အြန္လိုင္း မားကတ္တင္းမွာဆိုရင္ Google marketing ကအစ အင္တာနက္နဲ႕ ပတ္သက္ ေစ်းကြက္ ျမွင့္တင္ေရး နည္းလမ္းမ်ား အားလံုးကို Online Marketing လို႕ ေျပာလို႕ ရပါလိမ့္မယ္။

ဒါက ယေန႕ ေခတ္မွာ ေခတ္စားေနတဲ့ ေစ်းကြက္ျမွင့္တင္ေရးနည္းလမ္းတစ္ခုပဲ။

 

Public Relations ကေတာ့ အကယ္၍ သင္က ေစ်းကြက္ျမွင့္တင္ေရးသမားဆုိပါေတာ့ သင္ Product တစ္ခုကို လူအမ်ား က လက္ခံ လာေအာင္ ၾကိဳးစား ခ်င္တယ္ဆိုပါေတာ့ သင့္ ဝယ္သူရဲ႕ ယံုၾကည္မႈ႕ ရရွိဖို႕ လုပ္ေဆာင္ျခင္းကို အမ်ားသူငွာ ဆက္ဆံေရး လို႕ ေျပာနိုင္ပါတယ္။

 

Advertising ဆိုတဲ့ ေၾကာ္ျငာေရးရာ နယ္ပယ္မွာ ပံုနွိပ္ေၾကာ္ျငာ ျခင္း , သတင္းစာေၾကာ္ျငာျခင္း , မဂၢဇင္း ေၾကာ္ျငာျခင္း , အသံလြင့္ျငာနမွ ေၾကာ္ျငာ ျခင္း , တီဗီနဲ႕ ေရဒီယို မွ ေၾကာ္ျငာျခင္း , ေနအိမ္ျပင္ပ ေၾကာ္ျငာ ျခင္း ဒီဂ်စ္တယ္ပိုင္းဆိုင္ရာေၾကာ္ျငာ ျခင္း စတဲ့ နယ္ပယ္ေပါင္းစံု ရွိပါတယ္။

ေၾကာ္ျငာ ေတြက စီးပြားေရး လုပ္ငန္းတစ္ခု ေအာင္ျမင္ဖို႕ အတြက္ ရင္းနွီးျမွပ္နွံ မႈ႕ ေတြပါပဲ။

 

ကို႐ိုနာဗိုင္းရပ္စ္ ကိုတုန္႕ျပန္တဲ့ ေၾကာ္ျငာ campaignကို မိတ္ဆက္လိုက္တဲ့ Ford

 

Social Media မွာ ဆိုရင္ေတာ့ Facebook , Instagram , Twitter စတာေတြ မွာ ေစ်းကြက္ ျမွင့္တင္တဲ့ ကိစၥေတြ ပါဝင္လာပါျပီ ထိုေပၚမွာ လုပ္တဲ့ KOL marketing ( Key Opinion Leaders / ေအာင္ျမင္ေက်ာ္ၾကား ) သူေတြရဲ႕ ေစ်းကြက္ ေဖာ္ညႊန္းေရးကိစၥေတြပါဝင္ပါတယ္။

 

Research ဆိုတာကေတာ့ ေစ်းကြက္ ကို စစ္တမ္းေလ့လာျခင္းကို ဆိုလိုပါတယ္။ေစ်းကြက္ ထဲ ကို သင့္အေနနဲ႕ Brand တစ္ခု ျဖန္႕မယ္ဆိုပါေတာ့ သင့္ Product က ဥပမာ အားျဖင့္ ေဆးလိပ္ဆိုရင္ ေဆးလိပ္ကို လူတစ္ေယာက္ အေနနဲ႕ တစ္ေန႕ ဘယ္နွစ္လိပ္ေသာက္နိုင္လဲ ဆိုတဲ့ စိစစ္ေလ့လာခ်က္လိုအပ္ပါလိမ့္မယ္။အဲ့တာမွ သာလ်ွင္ သင့္ Brand အေရာင္း ျမွင့္တင္တဲ့ ေနရာ မွာ သင့္ Brand စားသံုးသူရဲ႕ အေၾကာင္းအရာ မ်ားကို အခ်က္အလက္ က်က် သိေနမွ ေစ်းကြက္ ျဖန္႕ခ်ီတဲ့ ေနရာ မွာ အဆင္ေခ်ာေစမွာပါ။

 

Direct Marketing ဆိုတာက ေတာ ့ၾကားခံ ဘာမွ မသံုးပဲ လူေတြဆီကို တိုက္ရုုိက္ ေရာင္းခ်ျပီၤး အေရာင္းျမွင့္တင္တာကိုဆိုလိုတာပါ။Direct Marketing မွာေတာ့ ေလာဘၾကီး တဲ့ ကိစၥ ရပ္ေလးေတြပါလာျပီ အေရာင္းကို ကစားကြက္ နဲ႕ ကစားမယ္ အေရွာ့ အတုိး လုပ္မယ္ ဒါေတြလဲ ပါဝင္ပါတယ္။

 

Branding ဆိုတာကေတာ့ Brand တည္ေဆာက္ဖို႕ ကိစၥ ရပ္ေတြေပါ့ ေစ်းကြက္ တစ္ခု ေဆာက္တည္ဖို႕ ဆိုရင္ နာမည္တစ္ခု လိုမယ္ဒီနာမည္က ရေနမယ္ဆိုရင္ သင့္ Brand က အျခား သူနဲ႕ ယွဥ္လာရင္ေတာင္ သင့္ Brand ကုိပဲ လူအမ်ားက မ်က္စိမိွတ္ေရြးခ်ယ္ေနပါလိမ့္မယ္။

 

အထက္ပါေဖာ္ျပတဲ့ ကိစၥ ရပ္မ်ားမွာ Marketing ရဲ႕ ေလးနက္စြာ အဓိပၸါယ္ဖြင့္ဆိုခ်က္ မ်ားသာ ျဖစ္ပါတယ္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

 

<<< Unicode >>>

 

 

Marketing ရဲ႕ ေလးနက္စြာ အဓိပၸါယ္ဖြင့္ဆိုခ်က္

-------------------------

 

Marketing ဆိုတာ ဈေးကွက်မြှင့် တင်ရေး လို့ ပြောလို့ရပေမဲ့ တကယ်တန်း တွေးကြည့်မယ်ဆို Marketing မှာ Process တွေအများကြီး ရှိတယ်လို့ ပြောလို့ ရမယ်။

Marketing မှာ ကျယ်ပြန့် စွာ ကြည့်မယ်ဆို -

Online Marketing ( အွန်လိုင်း မားကတ်တင်း )
Public Relations ( အများသူငှာ ဆက်ဆံရေးဆိုင်ရာ )
Advertising ( ကြော်ငြာ ကိစ္စ ရပ်များ )
Social Media ( ဆိုရှယ်မီဒီယာများ )
Research ( စစ်တမ်းလေ့လာခြင်း )
Direct Marketing (တိုက်ရိုက်ဈေးကွက် မြှင့်တင်ခြင်း )
Branding ( နာမည် တည်ဆောက်ခြင်း ) စတာတွေပါဝင်ပါတယ်။

Online Marketing မှာ ဘာတွေပါမလဲ အွန်လိုင်း မားကတ်တင်းမှာဆိုရင် Google marketing ကအစ အင်တာနက်နဲ့ ပတ်သက် ဈေးကွက် မြှင့်တင်ရေး နည်းလမ်းများ အားလုံးကို Online Marketing လို့ ပြောလို့ ရပါလိမ့်မယ်။

ဒါက ယနေ့ ခေတ်မှာ ခေတ်စားနေတဲ့ ဈေးကွက်မြှင့်တင်ရေးနည်းလမ်းတစ်ခုပဲ။

Public Relations ကတော့ အကယ်၍ သင်က ဈေးကွက်မြှင့်တင်ရေးသမားဆိုပါတော့ သင် Product တစ်ခုကို လူအများ က လက်ခံ လာအောင် ကြိုးစား ချင်တယ်ဆိုပါတော့ သင့် ဝယ်သူရဲ့ ယုံကြည်မှု့ ရရှိဖို့ လုပ်ဆောင်ခြင်းကို အများသူငှာ ဆက်ဆံရေး လို့ ပြောနိုင်ပါတယ်။

Advertising ဆိုတဲ့ ကြော်ငြာရေးရာ နယ်ပယ်မှာ ပုံနှိပ်ကြော်ငြာ ခြင်း , သတင်းစာကြော်ငြာခြင်း , မဂ္ဂဇင်း ကြော်ငြာခြင်း , အသံလွင့်ငြာနမှ ကြော်ငြာ ခြင်း , တီဗီနဲ့ ရေဒီယို မှ ကြော်ငြာခြင်း , နေအိမ်ပြင်ပ ကြော်ငြာ ခြင်း ဒီဂျစ်တယ်ပိုင်းဆိုင်ရာကြော်ငြာ ခြင်း စတဲ့ နယ်ပယ်ပေါင်းစုံ ရှိပါတယ်။

ကြော်ငြာ တွေက စီးပွားရေး လုပ်ငန်းတစ်ခု အောင်မြင်ဖို့ အတွက် ရင်းနှီးမြှပ်နှံ မှု့ တွေပါပဲ။


Social Media မှာ ဆိုရင်တော့ Facebook , Instagram , Twitter စတာတွေ မှာ ဈေးကွက် မြှင့်တင်တဲ့ ကိစ္စတွေ ပါဝင်လာပါပြီ ထိုပေါ်မှာ လုပ်တဲ့ KOL marketing ( Key Opinion Leaders / အောင်မြင်ကျော်ကြား ) သူတွေရဲ့ ဈေးကွက် ဖော်ညွှန်းရေးကိစ္စတွေပါဝင်ပါတယ်။

Research ဆိုတာကတော့ ဈေးကွက် ကို စစ်တမ်းလေ့လာခြင်းကို ဆိုလိုပါတယ်။ဈေးကွက် ထဲ ကို သင့်အနေနဲ့ Brand တစ်ခု ဖြန့်မယ်ဆိုပါတော့ သင့် Product က ဥပမာ အားဖြင့် ဆေးလိပ်ဆိုရင် ဆေးလိပ်ကို လူတစ်ယောက် အနေနဲ့ တစ်နေ့ ဘယ်နှစ်လိပ်သောက်နိုင်လဲ ဆိုတဲ့ စိစစ်လေ့လာချက်လိုအပ်ပါလိမ့်မယ်။အဲ့တာမှ သာလျှင် သင့် Brand အရောင်း မြှင့်တင်တဲ့ နေရာ မှာ သင့် Brand စားသုံးသူရဲ့ အကြောင်းအရာ များကို အချက်အလက် ကျကျ သိနေမှ ဈေးကွက် ဖြန့်ချီတဲ့ နေရာ မှာ အဆင်ချောစေမှာပါ။

Direct Marketing ဆိုတာက တော့ကြားခံ ဘာမှ မသုံးပဲ လူတွေဆီကို တိုက်ရိုက် ရောင်းချပြီၤး အရောင်းမြှင့်တင်တာကိုဆိုလိုတာပါ။Direct Marketing မှာတော့ လောဘကြီး တဲ့ ကိစ္စ ရပ်လေးတွေပါလာပြီ အရောင်းကို ကစားကွက် နဲ့ ကစားမယ် အရှော့ အတိုး လုပ်မယ် ဒါတွေလဲ ပါဝင်ပါတယ်။

Branding ဆိုတာကတော့ Brand တည်ဆောက်ဖို့ ကိစ္စ ရပ်တွေပေါ့ ဈေးကွက် တစ်ခု ဆောက်တည်ဖို့ ဆိုရင် နာမည်တစ်ခု လိုမယ်ဒီနာမည်က ရနေမယ်ဆိုရင် သင့် Brand က အခြား သူနဲ့ ယှဉ်လာရင်တောင် သင့် Brand ကိုပဲ လူအများက မျက်စိမှိတ်ရွေးချယ်နေပါလိမ့်မယ်။

အထက်ပါဖော်ပြတဲ့ ကိစ္စ ရပ်များမှာ Marketing ရဲ့ လေးနက်စွာ အဓိပ္ပါယ်ဖွင့်ဆိုချက် များသာ ဖြစ်ပါတယ်။

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)