-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းအတွက် Google Ads နဲ့ Facebook Ads ဘယ်ချန်နယ်သုံးသင့်လဲ...?

နှစ်ခုစလုံးကတော့ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီ ရှိကြပါတယ်။ အဓိကကတော့ မိမိရဲ့ စီးပွားရေးလုပ်ငန်းက ဘယ်ကြော်ငြာချန်နယ်နဲ့ ကြော်ငြာရင် သင့်လျော်မလဲဆိုတဲ့ ရွေးချယ်မှု မှန်ကန်ဖို့ပါ။

 

ဒါကြောင့် Google Ads နဲ့ Facebook Ads တို့ ဘယ်လို ကွဲပြားခြားနားသလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

အရေးကြီးဆုံးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အချက်တစ်ချက်ကတော့ Google Ads ဆိုတာ လူတွေက ထုတ်ကုန်ပစ္စည်းတွေကို ရှာလို့ရပြီး သူ့ဆီမှာ ထုတ်ကုန်ပစ္စည်းတွေက အဆင်သင့် ရှိနေပါတယ်။ Facebook Ads ကတော့ လူတွေက ထုတ်ကုန်ပစ္စည်းတွေကို ရှာရတာမျိုး မဟုတ်ပဲ ထုတ်ကုန်ပစ္စည်းတွေကို လူတွေရဲ့ မျက်စိရှေ့မှောက် ရောက်အောင် ပို့ပေးတာမျိုးပါ။

 

ပထမဦးဆုံး အနေနဲ့ Google ရဲ့ အားသာချက် တစ်ခုကတော့ Audience Size ပါ။ ဖေ့ဘုတ်ခ်ကို နေ့စဉ် အသုံးပြုတဲ့သူ ၁.၄၅ ဘီလီယံလောက်ပဲ ရှိနေတဲ့ အချိန်မှာ နေ့စဉ် နေ့တိုင်း အကြောင်းအရာ အမျိုးမျိုးကို Google မှာ ရှာဖွေနေတဲ့သူတွေကတော့ ၃.၅ ဘီလီယံကျော်တောင် ရှိပါတယ်။

 

ဒုတိယအနေနဲ့က Targeting Options ပါ။ ဒါကတော့ နှစ်ခုစလုံးက ပေးနိုင်တဲ့ ဝန်ဆောင်မှု တစ်ခုပါ။ အသက်အရွယ်အလိုက်ဖြစ်စေ၊ ကျားမ ခွဲခြားပြီး ဖြစ်စေ၊ နေရာအလိုက်ဖြစ်စေ၊ ဝင်ငွေအလိုက်ဖြစ်စေ စသဖြင့် အရာအားလုံးကို ကန့်သတ်ပြီး ကြော်ငြာလို့ ရပါတယ်။

 

နောက်တစ်ခုက Cost သို့ဟုတ် Advertising Charges ပါ။ ဖေ့ဘုတ်ခ်ကတော့ Google ထက်စာရင် ဈေးနည်းနည်း ပိုသက်သာပါတယ်။ Google Ads မှာဆိုရင် ပို့စ်တစ်ခုကို Click တစ်ချက် နှိပ်စေဖို့အတွက် $ 1.16 လောက် သုံးရပြီး Facebook Ads မှာတော့ $ 0.45 လောက်ပဲ ကုန်ကျပါတယ်။

 

နောက်ဆုံး တစ်ချက်ကတော့ Ads Format ပါ။ ဒီတစ်ခါတော့ Facebook Ads က အားသာပါတယ်။ ဖေ့ဘုတ်ခ်မှာ ကြော်ငြာရင် ဓာတ်ပုံကို အခြေပြုပြီး အကောင်းဆုံး ကြော်ငြာတစ်ခု ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် ဖောက်သည်တွေရဲ့ စိတ်ဝင်စားမှုရဖို့ ဗီဒီယိုတွေနဲ့ပဲ ဖမ်းစားမလား ရပါသေးတယ်။ Google Ads မှာကတော့ ကန့်သတ်တာတွေ များတာကြောင့် ဖေ့ဘုတ်ခ်လောက် သိပ်မလွယ်ပါဘူး။

 

Google Ads ကို အသုံးပြုပြီး ကြော်ငြာမယ်ဆိုရင် Google Search, Youtube, Google Display Network, Google Maps နဲ့ Google Play စတဲ့ ချန်နယ်တွေမှာ ကြော်ငြာလို့ ရပါတယ်။ Facebook Ads ကို သုံးမယ်ဆိုရင်လည်း Facebook New Feed, Instagram, Audience Network နဲ့ Facebook Messenger တွေကနေ တစ်ဆင့် ကြော်ငြာလို့ ရတဲ့နည်းတွေ ရှိပါတယ်။

 

Google Ads ကို သုံးမယ်ဆိုရင် Facebook Ads ထက်စာရင် သုံးရမယ့် Marketing Budget က နည်းနည်းတော့ ပိုများပေမဲ့ ပိုက်ဆံပိုသုံးရသလို Search Volume ( SEO နဲ့ တူပါတယ်၊ တစ်ခုခုကို သိချင်လို့ ရှာတဲ့အခါ ဖေ့ဘုတ်ခ်ထက် ဂွတ်ဂဲမှာက ပိုပြီး အချက်အလက် စုံတာမျိုးပါ ) နဲ့ Brand Reputation ( မိမိတို့ ကုမ္ပဏီရဲ့ ဂုဏ်သတင်းကို လူတွေ ပိုသိလာတာကို ဆိုလိုတာပါ ) လည်း ပိုမြင့်ပါတယ်။

 

နောက်ဆုံး ပြန်လည်ပြီး ခြုံငုံပြောရမယ်ရင် မိမိလုပ်ငန်းအတွက် Sales Lead ဖြစ်စေဖို့နဲ့ တစ်ခုခုကိုရှာရင်း မိမိရဲ့ထုတ်ကုန် သို့ ဝန်ဆောင်မှုကို တွေ့ပြီး ဝယ်စေလိုတယ်ဆိုရင် Google Ads ကို သုံးပါ။ မိမိ Brand ကို လူပိုသိစေဖို့၊ မိမိရဲ့ Audience ပိုမို များပြားလာစေဖို့နဲ့ ထုတ်ကုန် သို့ ဝန်ဆောင်မှုအသစ်တွေကို လူတွေ သိရှိစေဖို့ဆိုရင် Facebook Ads ကို သုံးပါ။

 

မြန်မာနိုင်ငံအနေနဲ့ကတော့ လောလောဆယ် အင်တာနက်အသုံးပြုသူ လူဦးရေ ၂၄ သန်းရှိနေပေမဲ့ ဝက်ဆိုဒ်တွေကို အသုံးပြုမှု နည်းနေသေးတာကြောင့် Facebook ကတော့ ပိုပြီး အလုပ်ဖြစ်မယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ တကယ်တမ်း မိမိထုတ်ကုန် သို့ ဝန်ဆောင်မှုတွေကို ဝယ်သူတွေ ဝယ်အောင်ဆိုရင်တော့ ဝက်ဆိုဒ်တွေထောင်ပြီး Google Ads တွေကို စမ်းသုံးကြည့်တာ အကောင်းဆုံးပါပဲ။

 

Su Mon Oo ( Mine )

Ref: Agency Analytics

 

(Zawgyi)

========

သင့္လုပ္ငန္းအတြက္ Google Ads နဲ႔ Facebook Ads ဘယ္ခ်န္နယ္သုံးသင့္လဲ...?

 

ႏွစ္ခုစလုံးကေတာ့ အားသာခ်က္၊ အားနည္းခ်က္ေတြ ကိုယ္စီ ရွိၾကပါတယ္။ အဓိကကေတာ့ မိမိရဲ႕ စီးပြားေရးလုပ္ငန္းက ဘယ္ေၾကာ္ျငာခ်န္နယ္နဲ႔ ေၾကာ္ျငာရင္ သင့္ေလ်ာ္မလဲဆိုတဲ့ ေ႐ြးခ်ယ္မႈ မွန္ကန္ဖို႔ပါ။ ဒါေၾကာင့္ Google Ads နဲ႔ Facebook Ads တို႔ ဘယ္လို ကြဲျပားျခားနားသလဲ ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

 

အေရးႀကီးဆုံးနဲ႔ ဆန႔္က်င္ဘက္ ျဖစ္ေနတဲ့ အခ်က္တစ္ခ်က္ကေတာ့ Google Ads ဆိုတာ လူေတြက ထုတ္ကုန္ပစၥည္းေတြကို ရွာလို႔ရၿပီး သူ႔ဆီမွာ ထုတ္ကုန္ပစၥည္းေတြက အဆင္သင့္ ရွိေနပါတယ္။ Facebook Ads ကေတာ့ လူေတြက ထုတ္ကုန္ပစၥည္းေတြကို ရွာရတာမ်ိဳး မဟုတ္ပဲ ထုတ္ကုန္ပစၥည္းေတြကို လူေတြရဲ႕ မ်က္စိေရွ႕ေမွာက္ ေရာက္ေအာင္ ပို႔ေပးတာမ်ိဳးပါ။

 

ပထမဦးဆုံး အေနနဲ႔ Google ရဲ႕ အားသာခ်က္ တစ္ခုကေတာ့ Audience Size ပါ။ ေဖ့ဘုတ္ခ္ကို ေန႔စဥ္ အသုံးျပဳတဲ့သူ ၁.၄၅ ဘီလီယံေလာက္ပဲ ရွိေနတဲ့ အခ်ိန္မွာ ေန႔စဥ္ ေန႔တိုင္း အေၾကာင္းအရာ အမ်ိဳးမ်ိဳးကို Google မွာ ရွာေဖြေနတဲ့သူေတြကေတာ့ ၃.၅ ဘီလီယံေက်ာ္ေတာင္ ရွိပါတယ္။ ဒုတိယအေနနဲ႔က Targeting Options ပါ။ ဒါကေတာ့ ႏွစ္ခုစလုံးက ေပးႏိုင္တဲ့ ဝန္ေဆာင္မႈ တစ္ခုပါ။ အသက္အ႐ြယ္အလိုက္ျဖစ္ေစ၊ က်ားမ ခြဲျခားၿပီး ျဖစ္ေစ၊ ေနရာအလိုက္ျဖစ္ေစ၊ ဝင္ေငြအလိုက္ျဖစ္ေစ စသျဖင့္ အရာအားလုံးကို ကန႔္သတ္ၿပီး ေၾကာ္ျငာလို႔ ရပါတယ္။

 

ေနာက္တစ္ခုက Cost သို႔ဟုတ္ Advertising Charges ပါ။ ေဖ့ဘုတ္ခ္ကေတာ့ Google ထက္စာရင္ ေဈးနည္းနည္း ပိုသက္သာပါတယ္။ Google Ads မွာဆိုရင္ ပို႔စ္တစ္ခုကို Click တစ္ခ်က္ ႏွိပ္ေစဖို႔အတြက္ $ 1.16 ေလာက္ သုံးရၿပီး Facebook Ads မွာေတာ့ $ 0.45 ေလာက္ပဲ ကုန္က်ပါတယ္။ ေနာက္ဆုံး တစ္ခ်က္ကေတာ့ Ads Format ပါ။ ဒီတစ္ခါေတာ့ Facebook Ads က အားသာပါတယ္။ ေဖ့ဘုတ္ခ္မွာ ေၾကာ္ျငာရင္ ဓာတ္ပုံကို အေျချပဳၿပီး အေကာင္းဆုံး ေၾကာ္ျငာတစ္ခု ဖန္တီးႏိုင္ပါတယ္။ ဒါ့အျပင္ ေဖာက္သည္ေတြရဲ႕ စိတ္ဝင္စားမႈရဖို႔ ဗီဒီယိုေတြနဲ႔ပဲ ဖမ္းစားမလား ရပါေသးတယ္။ Google Ads မွာကေတာ့ ကန႔္သတ္တာေတြ မ်ားတာေၾကာင့္ ေဖ့ဘုတ္ခ္ေလာက္ သိပ္မလြယ္ပါဘူး။

 

Google Ads ကို အသုံးျပဳၿပီး ေၾကာ္ျငာမယ္ဆိုရင္ Google Search, Youtube, Google Display Network, Google Maps နဲ႔ Google Play စတဲ့ ခ်န္နယ္ေတြမွာ ေၾကာ္ျငာလို႔ ရပါတယ္။ Facebook Ads ကို သုံးမယ္ဆိုရင္လည္း Facebook New Feed, Instagram, Audience Network နဲ႔ Facebook Messenger ေတြကေန တစ္ဆင့္ ေၾကာ္ျငာလို႔ ရတဲ့နည္းေတြ ရွိပါတယ္။

 

Google Ads ကို သုံးမယ္ဆိုရင္ Facebook Ads ထက္စာရင္ သုံးရမယ့္ Marketing Budget က နည္းနည္းေတာ့ ပိုမ်ားေပမဲ့ ပိုက္ဆံပိုသုံးရသလို Search Volume ( SEO နဲ႔ တူပါတယ္၊ တစ္ခုခုကို သိခ်င္လို႔ ရွာတဲ့အခါ ေဖ့ဘုတ္ခ္ထက္ ဂြတ္ဂဲမွာက ပိုၿပီး အခ်က္အလက္ စုံတာမ်ိဳးပါ ) နဲ႔ Brand Reputation ( မိမိတို႔ ကုမၸဏီရဲ႕ ဂုဏ္သတင္းကို လူေတြ ပိုသိလာတာကို ဆိုလိုတာပါ ) လည္း ပိုျမင့္ပါတယ္။

 

ေနာက္ဆုံး ျပန္လည္ၿပီး ၿခဳံငုံေျပာရမယ္ရင္ မိမိလုပ္ငန္းအတြက္ Sales Lead ျဖစ္ေစဖို႔နဲ႔ တစ္ခုခုကိုရွာရင္း မိမိရဲ႕ထုတ္ကုန္ သို႔ ဝန္ေဆာင္မႈကို ေတြ႕ၿပီး ဝယ္ေစလိုတယ္ဆိုရင္ Google Ads ကို သုံးပါ။ မိမိ Brand ကို လူပိုသိေစဖို႔၊ မိမိရဲ႕ Audience ပိုမို မ်ားျပားလာေစဖို႔နဲ႔ ထုတ္ကုန္ သို႔ ဝန္ေဆာင္မႈအသစ္ေတြကို လူေတြ သိရွိေစဖို႔ဆိုရင္ Facebook Ads ကို သုံးပါ။

 

ျမန္မာႏိုင္ငံအေနနဲ႔ကေတာ့ ေလာေလာဆယ္ အင္တာနက္အသုံးျပဳသူ လူဦးေရ ၂၄ သန္းရွိေနေပမဲ့ ဝက္ဆိုဒ္ေတြကို အသုံးျပဳမႈ နည္းေနေသးတာေၾကာင့္ Facebook ကေတာ့ ပိုၿပီး အလုပ္ျဖစ္မယ္လို႔ ထင္ရပါတယ္။ ဒါေပမဲ့ တကယ္တမ္း မိမိထုတ္ကုန္ သို႔ ဝန္ေဆာင္မႈေတြကို ဝယ္သူေတြ ဝယ္ေအာင္ဆိုရင္ေတာ့ ဝက္ဆိုဒ္ေတြေထာင္ၿပီး Google Ads ေတြကို စမ္းသုံးၾကည့္တာ အေကာင္းဆုံးပါပဲ။

 

Su Mon Oo ( Mine )

Ref: Agency Analytics

Read times
Rate this item
(0 votes)