-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကုန်ပစ္စည်းကို ရောင်းအားတက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ Chatbot Marketing

Chatbot ဆိုတာ Customer တွေ မေးသမျှ မေးခွန်းတွေကို Social Media ကနေတစ်ဆင့် တစ်ပြိုင်နက်ထဲ ပြန်လည် ဖြေကြားပေးနိုင်တဲ့ Program တစ်ခု ဖြစ်ပါတယ်။ Chatbot ကို Messenger မှာတင်မဟုတ်ပဲ Website နဲ့ App တွေမှာပါ တပ်ဆင် အသုံးပြုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ Facebook Messenger ကို အသုံးပြုသူ အရေအတွက်က တစ်ကမ္ဘာလုံး အတိုင်းအတာအရ လစဉ် ၁.၂ ဘီလီယံ ရှိနေပြီး Active ဖြစ်နေတဲ့ Chatbot ပေါင်းဟာလည်း ၁ သိန်းကျော်တဲ့အထိ များပြားလာနေပါတယ်။

 

Chatbot Marketing က customer care အတွက် ဝန်ထမ်းအများကြီး ခန့်ထားစရာမလိုပဲ Email နဲ့ SMS Marketing တွေထက်လည်း အကုန်ကျ သက်သာတော့ အခုဆိုရင် စီးပွားရေးလုပ်ငန်းတွေဟာ Chatbot ကို မိမိကုန်ပစ္စည်း ရောင်းအားတက်စေဖို့နဲ့ Customer တွေနဲ့ အဆက်မပြတ် ထိတွေ့နေနိုင်ဖို့အတွက် အပြိုင်အဆိုင် အသုံးပြုလာကြပါပြီ။

 

စီးပွားရေးလုပ်ငန်းတစ်ခုမှာ ၂၄ နာရီ ဝန်ဆောင်မှုပေးနိုင်တဲ့ Assistance chatbot တစ်ခု ထားရှိခြင်းဖြင့် Customer တွေ မေးတဲ့ မေးခွန်းတွေကို ချက်ချင်း ပြန်ဖြေပေးနိုင်ပြီး သူတို့ကို စိတ်ကျေနပ်မှု ရရှိစေနိုင်သလို မိမိလုပ်ငန်းကိုလည်း ယုံကြည်မှု ပိုရလာစေနိုင်ပါတယ်။

 

အမြဲတမ်း Customer တွေနဲ့ ထိတွေ့နေတာကြောင့် မိမိကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို အသုံးပြုရာမှာ အခက်အခဲ တစ်စုံတစ်ရာမှာ ရှိတဲ့အခါ ချက်ချင်း ဖြေရှင်းပေးတာမျိုး၊ သူတို့ လိုချင်တဲ့၊ ဝယ်ယူလိုတဲ့ အရာတွေကို အမြန်ရရှိအောင် ဆောင်ရွက်ပေးတာမျိုး စတာတွေ လုပ်ဆောင်နိုင်ပြီး တစ်ခါတစ်ရံမှ ဝယ်ယူအားပေးတဲ့ သူတွေတောင် အမြဲတမ်း ဖောက်သည်တွေ ဖြစ်လာနိုင်ပါတယ်။

 

Customer တွေအတွက်ပဲ Chatbot က အသုံးဝင်တာလားဆိုတော့ ဒါတင်ပဲ မဟုတ်ပါဘူး။ အခြား Business Tasks တွေဖြစ်တဲ့ Customer ရဲ့ အချက်အလက်တွေ လိုက်ကောက်တာမျိုး၊ အစည်းအဝေးတွေ ချိန်းပေးတာမျိုးအပြင် ကုမ္ပဏီရဲ့ HR Support အနေနဲ့ပါ အသုံးပြုလို့ရတဲ့အတွက် Chatbot ဈေးကွက်ရဲ့ အရွယ်အစားက တနေ့ထက်တနေ့ ပိုပြီး ကြီးလာပါတယ်။

 

Chatbot ကို Smartbot, talkbot, Bot, IM bot, Interactive agent, Conversational interface စသဖြင့်လဲ အမျိုးမျိုးခေါ်ဝေါ် ကြပါတယ်။ ပထမဦးဆုံးသော Chatbot ကို ၁၉၆၆ ခုနှစ်မှာ Joseph Weizenbaum ဆိုသူက စတင် တီထွင်ခဲ့တာ ဖြစ်ပါတယ်။

 

<<< Zawgyi >>>

 

သင့္ကုန္ပစၥည္းကို ေရာင္းအားတက္ေအာင္ လုပ္ေဆာင္ေပးႏိုင္တဲ့ Chatbot Marketing

-----------------------------

 

Chatbot ဆိုတာ Customer ေတြ ေမးသမွ် ေမးခြန္းေတြကို Social Media ကေနတစ္ဆင့္ တစ္ၿပိဳင္နက္ထဲ ျပန္လည္ ေျဖၾကားေပးႏိုင္တဲ့ Program တစ္ခု ျဖစ္ပါတယ္။ Chatbot ကို Messenger မွာတင္မဟုတ္ပဲ Website နဲ႔ App ေတြမွာပါ တပ္ဆင္ အသုံးျပဳႏိုင္ပါတယ္။

 

ျမန္မာႏိုင္ငံမွာ Facebook Messenger ကို အသုံးျပဳသူ အေရအတြက္က တစ္ကမာၻလုံး အတိုင္းအတာအရ လစဥ္ ၁.၂ ဘီလီယံ ရွိေနၿပီး Active ျဖစ္ေနတဲ့ Chatbot ေပါင္းဟာလည္း ၁ သိန္းေက်ာ္တဲ့အထိ မ်ားျပားလာေနပါတယ္။

 

Chatbot Marketing က customer care အတြက္ ဝန္ထမ္းအမ်ားႀကီး ခန႔္ထားစရာမလိုပဲ Email နဲ႔ SMS Marketing ေတြထက္လည္း အကုန္က် သက္သာေတာ့ အခုဆိုရင္ စီးပြားေရးလုပ္ငန္းေတြဟာ Chatbot ကို မိမိကုန္ပစၥည္း ေရာင္းအားတက္ေစဖို႔နဲ႔ Customer ေတြနဲ႔ အဆက္မျပတ္ ထိေတြ႕ေနႏိုင္ဖို႔အတြက္ အၿပိဳင္အဆိုင္ အသုံးျပဳလာၾကပါၿပီ။

 

စီးပြားေရးလုပ္ငန္းတစ္ခုမွာ ၂၄ နာရီ ဝန္ေဆာင္မႈေပးႏိုင္တဲ့ Assistance chatbot တစ္ခု ထားရွိျခင္းျဖင့္ Customer ေတြ ေမးတဲ့ ေမးခြန္းေတြကို ခ်က္ခ်င္း ျပန္ေျဖေပးႏိုင္ၿပီး သူတို႔ကို စိတ္ေက်နပ္မႈ ရရွိေစႏိုင္သလို မိမိလုပ္ငန္းကိုလည္း ယုံၾကည္မႈ ပိုရလာေစႏိုင္ပါတယ္။

 

အၿမဲတမ္း Customer ေတြနဲ႔ ထိေတြ႕ေနတာေၾကာင့္ မိမိကုန္ပစၥည္း ဒါမွမဟုတ္ ဝန္ေဆာင္မႈကို အသုံးျပဳရာမွာ အခက္အခဲ တစ္စုံတစ္ရာမွာ ရွိတဲ့အခါ ခ်က္ခ်င္း ေျဖရွင္းေပးတာမ်ိဳး၊ သူတို႔ လိုခ်င္တဲ့၊ ဝယ္ယူလိုတဲ့ အရာေတြကို အျမန္ရရွိေအာင္ ေဆာင္႐ြက္ေပးတာမ်ိဳး စတာေတြ လုပ္ေဆာင္ႏိုင္ၿပီး တစ္ခါတစ္ရံမွ ဝယ္ယူအားေပးတဲ့ သူေတြေတာင္ အၿမဲတမ္း ေဖာက္သည္ေတြ ျဖစ္လာႏိုင္ပါတယ္။

 

Customer ေတြအတြက္ပဲ Chatbot က အသုံးဝင္တာလားဆိုေတာ့ ဒါတင္ပဲ မဟုတ္ပါဘူး။ အျခား Business Tasks ေတြျဖစ္တဲ့ Customer ရဲ႕ အခ်က္အလက္ေတြ လိုက္ေကာက္တာမ်ိဳး၊ အစည္းအေဝးေတြ ခ်ိန္းေပးတာမ်ိဳးအျပင္ ကုမၸဏီရဲ႕ HR Support အေနနဲ႔ပါ အသုံးျပဳလို႔ရတဲ့အတြက္ Chatbot ေဈးကြက္ရဲ႕ အ႐ြယ္အစားက တေန႔ထက္တေန႔ ပိုၿပီး ႀကီးလာပါတယ္။

 

Chatbot ကို Smartbot, talkbot, Bot, IM bot, Interactive agent, Conversational interface စသျဖင့္လဲ အမ်ိဳးမ်ိဳးေခၚေဝၚ ၾကပါတယ္။ ပထမဦးဆုံးေသာ Chatbot ကို ၁၉၆၆ ခုႏွစ္မွာ Joseph Weizenbaum ဆိုသူက စတင္ တီထြင္ခဲ့တာ ျဖစ္ပါတယ္။

 

Su Mon Oo ( Mine )

Read times
Rate this item
(0 votes)