-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိ Facebook Page အတွက် Chat Bot တစ်ခုကို အလွယ်ဆုံးနည်းနဲ့ ဖန်တီးကြမယ်

ပထမဆုံးအနေနဲ့ Facebook အကောင့်ကို Browser နဲ့ အရင် ဝင်ထားလိုက်ပါ။ ပြီးရင် https://chatfuel.com/ ကို ထပ်ဝင်ပါ။

 

Get Started for Free ဆိုတာကနေ စပါမယ်။ ဝင်လိုက်တဲ့အခါ Facebook နဲ့ချိတ်ဖို့ Containue As ( Name ) ဆိုပြီး တွေ့ပါလိမ့်မယ်။ သူပြောတဲ့အတိုင်း တစ်ခုပြီးတစ်ခု ကလစ်လေးတွေ ဆက်နှိပ်သွားလိုက်ပါ။

 

Chatfuel Dashboard ကို ရောက်ပြီဆိုရင် Connect to Page ဆိုတာလေး တွေ့ပါမယ်။ Click နှိပ်လိုက်ပါ။ ( ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြထားတဲ့ Video ကိုလည်း ဖွင့်ကြည့်လို့ ရပါတယ်။ )

 

နောက်စာမျက်နှာတစ်ခုကို ရောက်သွားပါလိမ့်မယ်။ Welcome Message ထဲမှာ ရှိတဲ့စာတွေ အားလုံးကို ဖျက်လိုက်ပါ။ ဖျက်ပြီးပြီဆိုရင် အဲ့အထဲမှာ ကိုယ့်စိတ်ကြိုက်စာလေးတွေ ပြန်ထည့်ရေးရပါမယ်။ ဥပမာ - မင်္ဂလာပါ ဆိုတာမျိုးပါ။ နောက်က Code လေးကတော့ အဲ့အတိုင်းလေးပဲ ထည့်သွားလိုက်ပါ။

 

အဲဒါဆိုရင် Page ရဲ့ Chat Box ကို ရောက်လာတာနဲ့ " မင်္ဂလာပါ " ဆိုတဲ့ စာသားနဲ့ သူ့ရဲ့ နာမည် အစစာလုံး ရေးထားတဲ့ စာလေး အလိုလို ပို့ပေးပါလိမ့်မယ်။ ဥပမာ - နာမည်က Aung Aung ဆိုပါတော့။ " မင်္ဂလာပါ Aung " ဆိုတာမျိုးပါ။

 

အဲ့ဒီအောက်မှာ + ပုံလေးနဲ့ Add Button ( Optional ) ဆိုတာလေး တစ်ပါထဲ တွေ့ပါလိမ့်မယ်။ နှိပ်လိုက်ရင် Enter Button Name မှာ Customer တွေကို မေးစေလိုတဲ့ ဒါမှမဟုတ် သူတို့မေးမယ်ထင်တဲ့ အချက်အလက်လေးတွေ ထည့်ပါ။ ဥပမာ - ဖုန်းနံပါတ်၊ လိပ်စာ စတာမျိုး။ Yes or No မေးခွန်းလေးတွေလည်း ထည့်ပေးလို့ ရပါတယ်။

 

နောက်တစ်ဆင့်အနေနဲ့ Default Answer ဆိုတာလေးကို ကလစ်နှိပ်လိုက်ရပါမယ်။ နှိပ်လိုက်တယ်ဆိုတာနဲ့ Default Answer ဆိုတဲ့ Box လေး ပေါ်လာတာ တွေ့ပါမယ်။ အဲဒီအထဲက စာတွေကိုလဲ အကုန်ဖျက်လိုက်ပြီးတော့ မိမိထည့်သွင်း ရေးသားချင်တဲ့ စာသားတွေကို ရေးထည့်ရမှာ ဖြစ်ပါတယ်။

 

ဥပမာ - " ကျွန်မတို့ ပေ့ချ်လေးကို စိတ်ဝင်တစ်စားရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုပို့တဲ့ မက်ဆေ့က အလိုအလျောက်စနစ်နဲ့ ပို့ပေးတာ ဖြစ်ပါတယ်။ လိုင်းတက်တဲ့အခါ ပြန်လည်ဖြေကြားပေးသွားမှာဖြစ်လို့ သိလိုသည်များကို မေးမြန်းထားခဲ့လို့ ရပါတယ်။ " ဆိုတာမျိုး ကြိုက်နှစ်သက်ရာ ထည့်လို့ ရပါတယ်။

 

ဒါ့အပြင် အောက်မှာ ဖော်ပြထားတဲ့ Button လေးတွေကို လိုက်ကြည့်ပြီး မိမိပေ့ချ်နဲ့ အဆင်ပြေ သင့်တော်နိုင်တာလေးတွေကိုလည်း ထည့်သွင်း အသုံးပြုလို့ ရပါသေးတယ်။

 

အားလုံးထည့်သွင်းပြီးသွားပြီ ဆိုရင်တော့ Chatbot လေးတစ်ခု သင်ပိုင်ဆိုင်သွားပါပြီ။ မိမိရဲ့ စီးပွားရေးပေ့ချ်တွေအတွက်ပဲဖြစ်ဖြစ် ကိုယ်ပိုင်ပေ့ချ်တွေအတွက်ပဲဖြစ်ဖြစ် Chat Bot လေး ထားရှိတာက အသုံးဝင်ပြီး အချိန်ကုန် လူပင်ပန်း သက်သာစေပါလိမ့်မယ်။

 

<<< Zawgyi >>>

 

မိမိ Facebook Page အတြက္ Chat Bot တစ္ခုကို အလြယ္ဆုံးနည္းနဲ႔ ဖန္တီးၾကမယ္

------------------------------------------------------------------------------------------------------

 

ပထမဆုံးအေနနဲ႔ Facebook အေကာင့္ကို Browser နဲ႔ အရင္ ဝင္ထားလိုက္ပါ။ ၿပီးရင္ https://chatfuel.com/ ကို ထပ္ဝင္ပါ။

 

Get Started for Free ဆိုတာကေန စပါမယ္။ ဝင္လိုက္တဲ့အခါ Facebook နဲ႔ခ်ိတ္ဖို႔ Containue As ( Name ) ဆိုၿပီး ေတြ႕ပါလိမ့္မယ္။ သူေျပာတဲ့အတိုင္း တစ္ခုၿပီးတစ္ခု ကလစ္ေလးေတြ ဆက္ႏွိပ္သြားလိုက္ပါ။

 

Chatfuel Dashboard ကို ေရာက္ၿပီဆိုရင္ Connect to Page ဆိုတာေလး ေတြ႕ပါမယ္။ Click ႏွိပ္လိုက္ပါ။ ( ဘယ္လိုလုပ္ရမလဲဆိုတာကို ေျပာျပထားတဲ့ Video ကိုလည္း ဖြင့္ၾကည့္လို႔ ရပါတယ္။ )

 

ေနာက္စာမ်က္ႏွာတစ္ခုကို ေရာက္သြားပါလိမ့္မယ္။ Welcome Message ထဲမွာ ရွိတဲ့စာေတြ အားလုံးကို ဖ်က္လိုက္ပါ။ ဖ်က္ၿပီးၿပီဆိုရင္ အဲ့အထဲမွာ ကိုယ့္စိတ္ႀကိဳက္စာေလးေတြ ျပန္ထည့္ေရးရပါမယ္။ ဥပမာ - မဂၤလာပါ ဆိုတာမ်ိဳးပါ။ ေနာက္က Code ေလးကေတာ့ အဲ့အတိုင္းေလးပဲ ထည့္သြားလိုက္ပါ။

 

အဲဒါဆိုရင္ Page ရဲ႕ Chat Box ကို ေရာက္လာတာနဲ႔ " မဂၤလာပါ " ဆိုတဲ့ စာသားနဲ႔ သူ႔ရဲ႕ နာမည္ အစစာလုံး ေရးထားတဲ့ စာေလး အလိုလို ပို႔ေပးပါလိမ့္မယ္။ ဥပမာ - နာမည္က Aung Aung ဆိုပါေတာ့။ " မဂၤလာပါ Aung " ဆိုတာမ်ိဳးပါ။

 

အဲ့ဒီေအာက္မွာ + ပုံေလးနဲ႔ Add Button ( Optional ) ဆိုတာေလး တစ္ပါထဲ ေတြ႕ပါလိမ့္မယ္။ ႏွိပ္လိုက္ရင္ Enter Button Name မွာ Customer ေတြကို ေမးေစလိုတဲ့ ဒါမွမဟုတ္ သူတို႔ေမးမယ္ထင္တဲ့ အခ်က္အလက္ေလးေတြ ထည့္ပါ။ ဥပမာ - ဖုန္းနံပါတ္၊ လိပ္စာ စတာမ်ိဳး။ Yes or No ေမးခြန္းေလးေတြလည္း ထည့္ေပးလို႔ ရပါတယ္။

 

ေနာက္တစ္ဆင့္အေနနဲ႔ Default Answer ဆိုတာေလးကို ကလစ္ႏွိပ္လိုက္ရပါမယ္။ ႏွိပ္လိုက္တယ္ဆိုတာနဲ႔ Default Answer ဆိုတဲ့ Box ေလး ေပၚလာတာ ေတြ႕ပါမယ္။ အဲဒီအထဲက စာေတြကိုလဲ အကုန္ဖ်က္လိုက္ၿပီးေတာ့ မိမိထည့္သြင္း ေရးသားခ်င္တဲ့ စာသားေတြကို ေရးထည့္ရမွာ ျဖစ္ပါတယ္။

 

ဥပမာ - " ကြၽန္မတို႔ ေပ့ခ်္ေလးကို စိတ္ဝင္တစ္စားရွိတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ အခုပို႔တဲ့ မက္ေဆ့က အလိုအေလ်ာက္စနစ္နဲ႔ ပို႔ေပးတာ ျဖစ္ပါတယ္။ လိုင္းတက္တဲ့အခါ ျပန္လည္ေျဖၾကားေပးသြားမွာျဖစ္လို႔ သိလိုသည္မ်ားကို ေမးျမန္းထားခဲ့လို႔ ရပါတယ္။ " ဆိုတာမ်ိဳး ႀကိဳက္ႏွစ္သက္ရာ ထည့္လို႔ ရပါတယ္။

 

ဒါ့အျပင္ ေအာက္မွာ ေဖာ္ျပထားတဲ့ Button ေလးေတြကို လိုက္ၾကည့္ၿပီး မိမိေပ့ခ်္နဲ႔ အဆင္ေျပ သင့္ေတာ္ႏိုင္တာေလးေတြကိုလည္း ထည့္သြင္း အသုံးျပဳလို႔ ရပါေသးတယ္။

 

အားလုံးထည့္သြင္းၿပီးသြားၿပီ ဆိုရင္ေတာ့ Chatbot ေလးတစ္ခု သင္ပိုင္ဆိုင္သြားပါၿပီ။ မိမိရဲ႕ စီးပြားေရးေပ့ခ်္ေတြအတြက္ပဲျဖစ္ျဖစ္ ကိုယ္ပိုင္ေပ့ခ်္ေတြအတြက္ပဲျဖစ္ျဖစ္ Chat Bot ေလး ထားရွိတာက အသုံးဝင္ၿပီး အခ်ိန္ကုန္ လူပင္ပန္း သက္သာေစပါလိမ့္မယ္။

 

Su Mon Oo ( Mine )

Read times
Rate this item
(0 votes)