-->
×

Warning

JUser: :_load: Unable to load user with ID: 29


Snapchat ရဲ့ ကြော်ငြာပုံစံ အသစ် ‘Dynamic Ads’

Snapchat အနေနဲ့ ယနေ့မှာ ထူးဆန်းတဲ့ ကြော်ငြာ Feature တစ်ခုကို မိတ်ဆက်ခဲ့ပါတယ် ထိုအရာကတော့ Dynamic Ads ဖြစ်ပြီး ၎င်း Ads ကတောာ့ e-commerce အတွက် အွန်လိုင်းမှာ ဈေးရောင်းတဲ့ အခါ လက်လီရောင်းချ သူတွေ အဆင်ပြေစေဖို့ ရည်ရွယ်တယ်သိရပါတယ်။


ထိုကြော်ငြာ အမျိုးအစားဟာ လက်ရှိမှာ တကယ်သင့် Product ကို စိတ်ဝင်စားတဲ့ သူတွေ ဆီကို ပဲ ရောက်ရှိမှာဖြစ်ပြီး အတော်လေးထိရောက်မှု့ ရှိပါတယ်။သူဟာ စားသုံးသူများရဲ့ မိုဘိုင်းလ် ဖုန်း စကရင် အပြည့်နဲ့ Product တစ်ခု ချင်းစီကြည့် လို့ ရမယ့်ကြော်ငြာ လေးအဖြစ်ပေါ်လာမှာပါ။သည့်ထက် ထိုကြော်ငြာ ရဲ့ ပုံပန်းကို ကြော်ငြာမည့် ကြော်ငြာ ရှင်က စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်တဲ့။ယခု 2020 ဇွန်လ မှာ ကမ္ဘာ တစ်လွှား Snapchat အသုံးပြုသူ ၂၂၉ မီလီယံရှိတယ်သိရပါတယ်။

 

ထိုကြော်ငြာများဟာ အမေရိကမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက စတင်ကြော်ငြာ ရှင်များ နဲ့ မိတ်ဆက်ပေးပြီးပြီဖြစ်ပါတယ် သည့်အပြင် Snap ရဲ့ ပြောကြားချက် အရ သူတို့ဟာ သိပ်မကြာခင်မှာ ကမ္ဘာတစ်လွှား ကြော်ငြာ ရှင်များထိုကဲ့သို့ကြော်ငြာ လို့ရအောင် စီမံမယ်သိရပါတယ်။

 

ထို Dynamic Ads တွေရဲ့ ထူးခြားချက်ကတော့ ၎င်းမှာ ကြော်ငြာ ရင် အသုံးပြုသူတွေဆီကိုတိုက်ရိုက်ရောက်မယ်။ကြော်ငြာ ကို ကြော်ငြာ ရှင်က ဘယ်လိုပဲထည့်ထားထား Snap ကပေါ်အောင်ညှိပေးတယ်သိရပါတယ်။သည့်အပြင် ဒေါင်လိုက်ပဲကြော်ငြာက ပေါ်မှာပါ။အချက်အလက်တွေကို သင့်စိတ်ကြိုက်ထည့်လို့ရပြီး ပထမ အကြိမ်မှာ မှားယွင်းတယ်ဆိုပါက ကြော်ငြာ ရှင်အနေနဲ့စိတ်ကြိုက်ပြင်လို့ရပါသေးတယ်။

 

တချို့ကြော်ငြာ ရှင်တွေက ခံစားလာရတယ် Instagram ရဲ့ ကြော်ငြာ ဈေးကွက်က ရှုပ်ထွေးတယ် ထိရောက်မှု့ မရှိဘူးပေါ့ ထိုအချိန်မှာ Snapchat က အခွင့်ကောင်းဝင်ယူပြီး ၎င်း တို့ရဲ့ Dynamic Ads ကို မိတ်ဆက်လိုက်တာပဲ Dynamic Ads ရဲ့ IG ကကြော်ငြာ တွေထက် အားသာတဲ့ အချက်က စားသုံးသူဆီကို ကြော်ငြာ ရှင်ထံကနေ တိုက်ရိုက်သွားကြော်ငြာ နေသလိုခံစားရစေတယ်ဆိုတဲ့ အချက်ပဲ။

 

ကိုရိုနာရောဂါဖြစ်ပွားတဲ့ အချိန်မှာ ကြော်ငြာ လောက အနည်းငယ်တုန်လှုပ်သွားတယ် ဒါပေမယ့် လုပ်ငန်းတွေက ပြိုလဲမလိုဖြစ်သွားတယ် သို့ပေမယ့် ပြန်လုပ်လာတာပဲ ကုန်ကုန်ပြောရရင်စီးပွားရေး လောက ကြီး ရှိနေသ၍ ကြော်ငြာ တွေ ရပ်တန့်သွားမှာ မဟုတ်ဘူး။

 

လတ်တလော Snap မှာ ‘Dynamic Ads’ ကိုကြော်ငြာ မဲ့ Brand တွေကတော့ Adidas, Topshop နဲ့ Farfetch တို့ပါဝင်တယ် ဒါ့ထက် 4C, Smartly.io နဲ့ Brainlabs စတာတွေ ကလည်းကြော်ငြာမယ်သိရပါတယ်။ Snap မှာ ၎င်းတို့ကြော်ငြာ ဖြစ်တဲ့ Dynamic Ads ကို Snap က အမေရိကန်ပြီးလျင် အင်္ဂလန် ၊ ဂျာမဏီ ၊ ပြင်သစ် နဲ့ နယ်သာလန် အစရှိတဲ့ နိုင်ငံတွေမှာ စတင်ရောင်းချမယ်သိရပါတယ် နောက်ပိုင်းတော့ ကမ္ဘာတစ်လွှား ကြော်ငြာ လို့ရလာမှာပါ။

 

<<< Zawgyi >>>

 


---------------------------------------------------------------




 



 


 


 


 


 


 

Ref : Techcrunch

Read times
Rate this item
(0 votes)