-->
×

Warning

JUser: :_load: Unable to load user with ID: 29


မကြော်ငြာဘဲ နေကြစို့

သမ္မတထရန့်က George Floyd သေဆုံးရခြင်းအပေါ် ကန့်ကွက်ဆန္ဒပြကြတာမှာ

ဖျက်ဆီးလုယက်မှုတွေ ပါလာတာကို ပစ်ခတ်မယ်လို့ ကြိမ်းမောင်းတာကို Facebook က ပိတ်ပင်တားဆီးခြင်း မပြုတာအတွက်လည်း အပြင်းအထန် ဝေဖန်ရှုံချကြပါတယ်။ မတ်ဇပ်ကာဘတ်က သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိဖြင့် တင်တဲ့ပို့စ်တွေ၊ အမုန်းပွားအောင် လိမ်ညာပြီး တင်ပြတာတွေကို Facebook မှာ တင်ကြတာနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာကုမ္ပဏီမှာ ဆုံးဖြတ်စီရင်ပိုင်ခွင့် မရှိဘူးလို့ အတိအလင်း ပြောကြားခဲ့ပါတယ်။ 

အဲဒါဟာ တာဝန်မဲ့ရာ ရောက်တယ်။ ထရန့် ဝါဒဖြန့်တာတွေအတွက် Facebook က ကြော်ငြာခတွေ အများကြီး ရရှိတာကြောင့် ယခုလို မျက်ကွယ်ပြုတယ်လို့ ထောက်ပြကြတယ်။

နိုင်ငံရေးဝါဒဖြန့်ဖို့ ကြောငြာခတွေ Facebook မှာ သုံးစွဲကြသူတွေထဲမှာ ထရန့်က နံပါတ်တစ်နေရာမှာ ရှိနေပါတယ်။

Facebook က မဟုတ်တမ်းတရားတွေ တင်ပြနေတာကို တားဆီးအရေးယူပေးခြင်း မပြုရင် Facebook မှာ ကြော်ငြာ မထည့်ဘူးဆိုတဲ့ #StopHateForProfit အမြတ်အတွက်  အမုန်းရပ် ဆိုတဲ့ ကမ်ပိန်းကို စတင်လိုက်ကြတယ်။ အမေရိကန်မှ နာမည်ကြီး ကုမ္ပဏီတွေ ဖြစ်ကြတဲ့  REI, The North Face, and Patagonia, Upwork , Dashlane, Ben & Jerry  အစရှိတဲ့ ကုမ္ပဏီတွေက Facebook မှာ ကြော်ငြာသုံးစွဲခြင်းကို ရပ်ဆိုင်းထားလိုက်ကြတယ်။

 

 

Facebook ရဲ့ ဝင်ငွေဟာ ကြော်ငြာဝင်ငွေ အပေါ်မှာ ရပ်တည်နေတာမို့ မျက်လုံးလှုပ်စရာ ဖြစ်နေပါတယ်။ ဝင်ငွေရဲ့ ၉၉% နီးပါးဟာ ကြော်ငြာမှ ရတဲ့ဝင်ငွေ ဖြစ်ပါတယ်။

 

ကြော်ငြာအရောင်းကနေ အမေရိကန်ဒေါ်လာ ၇၀ ဘီလျံနီးပါး ရရှိနေပြီး ကြော်ငြာရှင် လုပ်ငန်းပေါင်း ၈ သန်းဝန်းကျင် ရှိပါတယ်။ Facebook ကို ဘာသာစကား ၁၀၀ ကျော်ဖြင့် သုံးစွဲနိုင်တယ်။ Facebook ရဲ့ ဆိုရှယ်မီဒီယာ အမျိုးမျိုးမှာ သုံးစွဲသူ လစဉ် ၃ ဘီလျံနီးပါး ရှိနေတယ်။ 

အဲဒီလို ကိန်းဂဏန်းတွေ ရှိနေတာကြောင့် အမေရိကန် ကုမ္ပဏီတချို့ သပိတ်မှောက်တာလောက်တော့ မဖြုံပါဘူးလို့ ယူဆစရာ ဖြစ်နေ‌ေပမဲ့ ဂုဏ်သိက္ခာပိုင်းမှာ အကြီးအကျယ် ထိခိုက်နေပါတယ်။

Read times
Rate this item
(0 votes)