-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာမထည့်ဘဲ သပိတ်မှောက်တာမှာ Viber ပါဝင်လာ

မဟုတ်တမ်းတရားတွေ တင်ပြနေတာကို တားဆီးအရေးယူပေးခြင်း မပြုရင်

Facebook မှာ ကြော်ငြာ မထည့်ဘူးဆိုတဲ့ #StopHateForProfit အမြတ်အတွက် အမုန်းရပ် ဆိုတဲ့ ကမ်ပိန်းမှာ Viber ပါဝင်လိုက်ပါတယ်။

ကမ္ဘာတစ်ဝှမ်းသုံးစွဲသူ တစ်ဘီလီယံကျော်ရှိသည့် ပဉ္စမအကြီးမားဆုံးmessaging ၀ န်ဆောင်မှု ဖြစ်သော Viber သည် #StopHateForProfit သပိတ်မှောက်မှုတွင် ပါဝင်သည့်အနေဖြင့် Facebook နှင့် ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

Facebook တွင် Donald Trump ၏ရေးသားချက်များကို အရေးယူရန် Facebook က ငြင်းဆန်ခဲ့ပြီးနောက်ပိုင်းတွင် စတင်ခဲ့သော လှုပ်ရှားမှု သည် အမေရိကန်၌ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါနိုင်ငံတကာလှုပ်ရှားမှုတစ်ခု ဖြစ်လာသည်။

ဂျပန်လုပ်ငန်းစု Rakuten က ပိုင်ဆိုင်သည့် Viber သည် ဥရောပအရှေ့ပိုင်း၊ အရှေ့တောင်အာရှနှင့်မြောက်အာဖရိကတို့တွင် ၎င်း၏အကြီးဆုံးစျေးကွက်များရှိပြီး ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Djamel Agaoua က လုပ်ငန်းဆက်သွယ်မှုအား ဖြတ်တောက်ခြင်းသည် နားလည်မှုအားနည်းခြင်း ဒီကနေ့ကမ္ဘာမှာသူ့ရဲ့အခန်းကဏ္ဍအပေါ် ဆုံးဖြတ်ပုံ ညံ့ဖျင်းခြင်း”ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်

ဗုဒ္ဓဟူးနေ့တွင် Viber သည် Facebook နှင့် ၎င်း၏ Instagram app မှ ကြော်ငြာအားလုံးကိုရုပ်သိမ်းခဲ့သည်။ ယခုအခါ ကုမ္ပဏီသည် Viber ၏ ကိုယ်ပိုင်အက်ပလီကေးရှင်းများမှ Facebook ၏ နည်းပညာအားလုံးကို ဖယ်ထုတ်ပစ်ရန် ပိုမိုအားစိုက်သောလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

Viber ကုမ္ပဏီအနေဖြင့် Facebook မှ ကိရိယာများစွာကို အသုံးပြုနေသည်ဟု Agaoua က ပြောသည်။
Facebook Connect ရှိခြင်းကြောင့် “login with Facebook” ခလုတ်ကို သုံး၍ရသည်။ ထိုခလုတ်မှာ အက်ပ်များနှင့် ဝဘ်ဆိုက်များ ကမ္ဘတစ်လွှား သုံးနေကြသည်။
Viber သည် Giphy နှင့်လည်း ပေါင်းစည်းထားသည်။ Giphy တွင် ရှိသော animated gif search engine ကို Facebook က ပြီးခဲ့သည့် မေလက ဝယ်ယူခဲ့သည်။

မကြော်ငြာဘဲ နေကြစို့

Read times
Rate this item
(0 votes)