-->


တိုင်းပြည်နှင့်လုပ်ငန်းများအတွက် လိုအပ်နေသော Digital Leadership

ကျွန်တော်တို့ လုပ်ငန်းတွေမှာရော၊ တိုင်းပြည်မှာပါ Digital Leaders တွေ လိုအပ်ပါတယ်။

နေရာတိုင်း လိုလိုမှာ Leadership အကြောင်းကိုတွေ့မြင်နေ ကြရပြီး သင်တန်းတွေမှာလည်း Leadership သင်တန်းတွေ၊ Motivator တွေကလည်း Leadership အကြောင်းတွေကို အဖန်အလဲလဲ ပြောနေကြတာ ကို အားလုံးသိကြမှာပါ။ သို့ပေသိ အခုကျွန်တော်ပြောပြမှာက Digital Leadership အကြောင်းဖြစ်ပါတယ်

 

Digital Leadership ဆိုတာ လုပ်ငန်းမှာဖြစ်စေ၊ နိုင်ငံအတွင်းမှာ ဖြစ်စေရှိနေသော Digital Assets များကို မဟာဗျူဟာ ကျကျ အသုံးချပြီး လုပ်ငန်းတွေရော ရည်မှန်းချက်တွေ၊ နိုင်ငံရဲ့ ရည်မှန်းချက်တွေကို ရောက် အောင်၊ ရရှိအောင် ပြုလုပ်ခြင်းကို ခေါ်တာြဖစ်ပါတယ်။ Digital Leadership ဟာ အဖွဲ့အစည်းအတွင်းမှာ ဖြစ်စေ တစ်ဦး တစ်ယောက်မှာ ဖြစ်စေ ရှိနိုင်ပါတယ်။

 

တစ်ဦးတစ်ယောက်အနေနဲ့ကတော့Digital Leadership မှာ CIO (Chief Information Officer) က ဖြစ်စေ၊ ထိုကဲ့သို့ ရာထူးရာခံမဟုတ်ဘဲ မည်သူတစ်ဦးတစ်ယောက်ကဖြစ်စေ တာဝန်ယူဆောင်ရွက်နိုင်ပါတယ်။ ဆောင်ရွက် ကြရမယ့် အကြောင်းအရာတွေကတော့ လုပ်ငန်းမှာရှိတဲ့ Digital Assets တွေကို ကြီးကြပ်ခြင်း၊ အီးမေးလ် အပါ အဝင် Electronic Documents များကို ကြီးကြပ်ခြင်း စတဲ့ တာဝန်တွေကို ယူပြီး ဆောင်ရွက် ရတာဖြစ်ပါတယ်။

 

ဒီ တော့ ခုနက ပြောသလို CIO ပဲ ဖြစ်စေ၊ မည်သည့် ရာထူး ပဲ မှည့်ခေါ်ထားသည် ဖြစ်စေ Digital Leader တစ်ယောက် အနေနဲ့ လုပ်ငန်း ရဲ့ Corporate Goals တွေကို သိရှိထားရမှာဖြစ်ပြီး သူ့ရဲ့ တာဝန်ဝတ္တရား တွေနဲ့ ဒီ Goals တွေကို ရောက်ရှိနိုင်အောင် ပံ့ပိုးပေးထားရမှာဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့အစည်းတစ်ခုတွင်ဖြစ်စေ၊ နိုင်ငံတစ်ခုတွင်ဖြစ်စေ Digital Leader တစ်ယောက်ဟာ အဲဒီ လုပ်ငန်း အဖွဲ့အစည်းတွေမှာဖြစ်စေ၊ နိုင်ငံ အတွင်းမှာ ဖြစ်စေ ရှိနေတဲ့ Digital Assets တွေကို အသုံးပြုပြီး Take Advantage လုပ်နိုင်ရမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြိုင်ဘက်လုပ်ငန်း တွေအပေါ် Competitive Advantage ရအောင် လုပ်နိုင်ရမှာဖြစ်ပါတယ်။

 

ဒီတော့ Digital Leader တွေဟာ IT နည်းပညာကိုသုံးပြီး လုပ်ငန်း တွေ၊ နောက်ပြီး နိုင်ငံအပေါ်မှာ ပိုမို တိုးတက်အောင်၊ ရည်မှန်းထားတဲ့ ပန်းတိုင် ရောက်ရှိအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာကို လေ့လာဖို့ စိတ်အားထက် သန်ဖို့တော့လိုအပ်လှပါတယ်။ လုပ်ငန်းရဲ့ စားသုံးသူလိုအပ်ချက်၊ လုပ်ငန်းတွေ ရဲ့ ပြုပြင်ပြောင်းလဲ မှုများ နောက်ပြီး နိုင်ငံရဲ့ နိုင်ငံသားများရဲ့လိုအပ်ချက်အပြင် နိုင်ငံရဲ့ ပြောင်းလဲနေမှုများကိုလည်း Digital Leader များအနေနဲ့ ဆောင် ရွက်ဖို့ IT နည်းပညာကို အမြဲလေ့လာပြီး နည်းလမ်းကောင်းများ ကြံဆနေဖို့ လိုအပ်ပါတယ်။

 

အဲ့ဒီအပြင် Digital Leader တွေဟာ လုပ်ငန်းနဲ့ နိုင်ငံတွေရဲ့ အချက်အလက်တွေ တနည်းအားဖြင့် Digital Information တွေရဲ့ စာဝင် စာထွက်များအရေးကြီးပုံကိုလည်း နားလည်ထားရမှာဖြစ်ပြီး အဲ့ဒီ အပေါ်မှာ လည်း ၎င်းဟာ တာဝန်ယူနိုင်၊ ယူတတ် ရမှာလည်း ဖြစ်ပါတယ်။  လုပ်ငန်းတစ်ခုဖြစ်စေ၊ နိုင်ငံတစ်ခုဖြစ်စေ Digital Leadership ကို အသုံးပြုပြီးတော့ လုပ်ငန်းနှင့် စားသုံး သူ အကြား၊ နိုင်ငံနှင့် နိုင်ငံသား အကြား အလွယ်တကူဆက်သွယ်နိုင်ဖို့ ဖြစ်စေ၊ ဝန်ဆောင်မှုများပေးနိုင်ဖို့ဖြစ်စေ၊ အရွယ် မျိုးစုံသော ပရောဂျက် လုပ်ငန်းဆောင်တာများကို ဖြစ်စေ အောင်မြင်အောင် ပြုလုပ်နိုင်ပါတယ်။

 

Digital Leadership ဆိုတာက ဘယ် Industry မှာပဲ သုံးလို့ရတယ် ဆိုတာမျိုးမဟုတ်ဘဲ မည်သည့် Industry မဆို Sector မဆို အသုံးပြုပြီး လုပ်ငန်းတစ်ခုတိုးတက်အောင်၊ နိုင်ငံတစ်ခုတိုးတက်အောင် ဆောင်ရွက် သွားနိုင်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ် ၂၅ ကျော်လောက်တုန်း က တောင်အာရှမှာ ရှိတဲ့ Shipping Industry တွေမှာ ကွန်ပျူတာကို သုံးပြီး ကုန်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတဲ့ Electronic Purchase ပြုလုပ် ခြင်းဟာ မြေစမ်းခရမ်းပျိုး အဆင့်မှာသာရှိခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ နှင့် ထိုင်း စတဲ့ နိုင်ငံတွေဟာ နိုင်ငံတကာ ကုန်သွယ်မှုမှာ Electronic Purchase နဲ့ ပတ်သက်ပြီး ၎င်း ကုန်ပစ္စည်းများ ကို ထုတ်လုပ်တဲ့ သို့မဟုတ် တင်သွင်းတဲ့ မူလ နိုင်ငံတွေနဲ့ အတော်လေးယှဉ်ပြီး လုပ်ကိုင်ခဲ့ရတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။

 

အဲ့ဒီနိုင်ငံတွေဟာ အဲ့ဒီအချိန်မှာ ကတည်းက Digital Leadership ကို သာ ငါတို့နိုင်ငံတွေမှာ မတည်ထောင် ဘူးဆိုရင် ဥရောပနဲ့ အမေရိကန်နိုင်ငံတွေနောက်ကို အများကြီးကျန်ခဲ့လိမ့်မယ် ဆိုတာကို သိရှိခဲ့ကြပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဟာ ၁၉၉၄ ခုနှစ်မှာ သူတို့နိုင်ငံရဲ့ဥပဒေထဲမှာ Electronic Commerce ဥပဒေကို ထည့် သွင်းခဲ့ ပါတယ်။ ဒါဟာ အမေရိကားထက် ၇ နှစ်နီးပါးစောပြီး ပြုလုပ်ခဲ့တာပါ။ ဒါကြောင့် အင်တာနက်အမြန်နှုန်း နဲ့ ပတ်သက်ရင်လည်း တောင်ကိုရီးယားက ကမ္ဘာမှာ ထိပ်ဖြစ်နေတာ သိပ်တော့မထူးဆန်းပါဘူး။

 

ယနေ့ခေတ်မှာဆိုရင် Smart Mobile များကို အသုံးပြုလာနေပြီဖြစ် တာကြောင့် E-Commerce ကနေ Mobile Commerce (M-Commerce) ကိုတောင်ရောက်ရှိနေပြီဖြစ်ပါတယ်။ Mobile Apps များလည်း များစွာ ပေါ် ထွက်လာပြီး လုပ်ငန်းတွေဟာ ၎င်း Mobile Apps များနဲ့ Customer များရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့လုပ်ဆောင် လာကြပါတယ်။ နိုင်ငံအနေနဲ့လည်း E-Government ကို အသုံးပြုပြီး နိုင်ငံသားများရဲ့လိုအပ်ချက်ကို ဖြည့်ဆည်း ပေးဖို့နေရာမှာသော်လည်းကောင်း၊ နိုင်ငံသားများ အစိုးရဌာနများနှင့်ချိတ်ဆက် ပြီး ဝန်ဆောင်မှုရယူသည့်နေရာ တွင်လည်းကောင်း အသုံးပြုကြရမှာဖြစ် ပါတယ်။ ဒါမှလည်း လုပ်ငန်းဆောင်တာများဟာ မြန်မြန်ဆန်ဆန်နဲ့ ထိထိ ရောက်ရောက် အောင်မြင်ပြီးစီးမှာြဖစ်ပါတယ်။ ဒီလို လုပ်ဖို့အတွက် Digital Leaders နဲ့ Digital Leadership များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာ ပါတယ်။

 

လုပ်ငန်းဖြစ်စေ၊ နိုင်ငံဖြစ်စေ Digital Leadership အခန်းကဏ္ဍမှာ ပထမဦးဆုံးလုပ်ဆောင်သင့်တာ ကတော့ စားသုံးသူရဲ့လိုအပ်ချက်ကို သိရှိ နားလည်ဖို့ပဲဖြစ်ပါတယ်။ Understanding User Needs ဖြစ်ပါတယ်။ ဒါက လည်း အရမ်း အလှမ်းအဝေးကြီး စဉ်းစားနေစရာတော့မလိုပါဘူး။ လက်ရှိ ကိုယ်ပေးနေတဲ့ ဝန်ဆောင်မှုတွေကို အွန်လိုင်းကနေဘယ်လိုပေးမလဲဆိုတာမျိုး ကနေ စတင်စဉ်းစားလို့ရနိုင်ပါတယ်။

 

ဥပမာ မီတာခကို အင်တာနက် ကနေပဲ ပေးတော့မယ်။ မှန်ပါတယ်။ အခုဆိုရင် ဒီလိုကိစ္စမျိုးတွေအတွက် ဘယ်သူကမှ အချိန်ကုန်ခံ၊ နေပူမိုးရွာခံ၊ တန်းစီပြီးတော့ မီတာမဆောင်ချင်ကြတော့ပါဘူး။ လွယ်လွယ်ကူကူပဲ မိုဘိုင်းလ်ဖုန်းထဲကနေ ငွေပေးချေလိုက်ရုံ ပါပဲ။ ဒီအတွက် အချိန်ကုန်သက်သာသလို လူလည်းသက်သာတာပေါ့ ဆိုတာနဲ့တင်မကပါဘူး။ ခွန်အားကိုလည်း လျော့ချလိုက်နိုင်သလို စိတ်ရှုပ်စရာတွေကိုလည်းလျော့ချ လိုက်နိုင်တာကြောင့် ၎င်းလူဟာ သူရဲ့ ခွန်အားနဲ့ လုပ်ငန်း အတွက် ဖြစ်စေ တိုင်းပြည်အတွက်ဖြစ်စေ Productivity တက်ဖို့ ကာယစွမ်းအား ဉာဏ စွမ်းအား တွေရှိလာပါတယ်။

 

နိုင်ငံရဲ့ဖွံ့ဖြိုးမှုနောက်ကျ ရတဲ့ အကြောင်းအရင်း မှာ လူသားအရင်းအမြစ်တွေဟာ လုပ်ဆောင်ချက်အပိုတွေကို အလုပ်ရှုပ်ခံ၊ စိတ်ရှုပ်ခံပြီး ပင်ပန်းစွာလုပ်ကိုင်နေရတာကြောင့် တကယ်လုပ်ရမယ့်အလုပ် တွေမှာ ခြေကုန်လက်ပန်း ကျ ပြီး ဘာ အကြံဉာဏ်မှ ထွက်မလာတော့တာဟာ လည်း အဓိက အကြောင်းအရာအနေနဲ့ ပါဝင်နေပါတယ်။ Digital Leadership ကို အကောင်အထည်ဖော်ရာမှာ လုပ်ဆောင်ရတဲ့ နောက်တစ်ချက်ကတော့ User needs တွေကို Research လုပ်ဖို့ပဲ ဖြစ်ပါ တယ်။ ဒီလို လုပ်မှသာလျှင်လည်း ကိုယ့်ရဲ့ စားသုံးသူဖြစ်စေ၊ နိုင်ငံသား ဖြစ်စေ သူဟာ ဝန်ဆောင်မှုကို ရယူဖို့ရာ ဘာတွေလိုချင်တယ် ဘာတွေလိုအပ်တယ် ဘယ်ဟာကအခက်အခဲကို ဖြစ် နေစေတယ်ဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။

 

ပြီးရင်တော့ ၎င်း User needs ဆိုတဲ့ စားသုံးသူနဲ့ နိုင်ငံသား လိုအပ်ချက် တွေကို Write it down ချရေးကြ ရမှာဖြစ်ပါတယ်။ ပြီးရင်‌တော့ ၎င်း လိုအပ် ချက်များကို Validate လုပ်ကြရမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ဒါကို ဘောင် ဝင် တရားဝင်အောင်လုပ်ကြရတဲ့ အဆင့်ပဲဖြစ်ပါတယ်။ အဲ့ဒီအဆင့်ဟာ သက်သေ တွေလိုအပ်ပါတယ်။ သက် သေဆိုတာ စားသုံးသူ သို့မဟုတ် နိုင်ငံသားဟာ ဒီလို ဝန်ဆောင်မှုပေးခြင်းကို တကယ်လိုအပ်တယ်ဆိုတဲ့ သက်သေ ကိုပြောတာပါ။

 

ဒီနေရာမှာ ကိုယ့်ရဲ့ ထင်မြင်ယူဆချက် Assumptions နဲ့တော့ လုပ်လို့တော့မရပါဘူး။ နောက် တစ်ခုက ဒီအဆင့်မှာ ဘယ်လို ပုံစံမျိုး တနည်းအားဖြင့် ဘယ်လို Solution မျိုးကို သုံးမယ်ပေးမယ် ဆိုတာထက် စားသုံးသူ သို့မဟုတ် နိုင်ငံသားက ဒီ ဝန်ဆောင်မှုကိုသုံးဖို့ ဘယ်လို ပြသာနာအခက်အခဲကို ကြုံနေရတာလဲဆိုတာ ကို ပိုဦးစားပေးပြီး ဘောင်ဝင် အောင် လုပ်ကြ ရမှာဖြစ်ပါတယ်။

 

နောက်တစ်ဆင့်ကတော့ ၎င်း စားသုံးသူနှင့် နိုင်ငံသားတို့ရဲ့ လိုအပ်ချက် တွေကို သိပြီး ဘောင်ဝင်ပြီဆိုရင် အဲ့ဒါကို ဖြေရှင်းပေးမယ့် အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ တနည်းအားဖြင့် User needs တွေ ကို Share လုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒီလိုဆိုရင် စားသုံးသူ သို့မဟုတ် နိုင်ငံသားတွေဟာ ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် Digital Leadership မှာ Digital Leaders တွေဟာ IT နည်းပညာကို စိတ်ဝင်တစားနဲ့ Explore လုပ်ပြီး Sloution များကို ရှာကြရမှာဖြစ်ပါ တယ်။

 

တိုတိုနဲ့လိုရင်းပြောရရင် နည်းပညာတွေထွန်းကားနေတဲ့ ဒီလိုခေတ်ကြီး မှာ ဒီလိုကိစ္စလေးကိုကွာ နည်းပညာသုံးပြီး ဒီလိုဖြေရှင်းလိုက်ရင် အချိန်ကုန် ငွေကုန် လူသက်သာမှာဆိုတာမျိုးကို မလုပ်ကြဘဲ လမ်းဟောင်း ကြီးအတိုင်း သွားနေကြမယ်ဆိုရင် ဖွံ့ဖြိုးမှုက နောက်မှာ ကျန်နေကြဦးမှာဖြစ်ပါတယ်။ ဘာကြောင့်နောက်ကျရ သလဲလို့မေးရင် လူစွမ်းအားအရင်းအမြစ်တွေဟာ Productivity တက်ဖို့ အဓိကလုပ်ဆောင်ရမယ့် ကိစ္စတွေကို အတွေး အခေါ်ကောင်းကောင်း ဆန်းသစ်တီထွင်တဲ့ အမြင်များနဲ့လုပ်နိုင်ဖို့ အာရုံမစိုက် နိုင်ဘဲ အခြားအပိုအလုပ်များ မှာ စိတ်ရှုပ်နေ ကြရတာတွေ၊ ပင်ပန်းနေကြ ရတာတွေကြောင့် လုပ်အား၊ ဉာဏအားများဆုံးရှုံးနေလို့ပဲဖြစ်ပါတယ်။

 

အိမ်နီးချင်းနိုင်ငံတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲမျိုးတွေကို ခုထက်ထိ ပြည့်စုံအောင် မဖြေ ရှင်းနိုင်သေးဘူး ဆိုတဲ့ နေရာမှာ ကိုယ်တွေနိုင်ငံက ဒီလိုပြသာနာကို အခုမှ စကြုံရင် ဒါကို ဖြေရှင်းဖို့ သူများနိုင်ငံလို နှစ် ၄၀ ထပ်ရင်းစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီ လွန်ခဲ့တဲ့ နှစ် ၄၀ တုန်းက နည်းပညာ မထွန်းကားသေးတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဒီလိုပြသာနာကို အခြားနိုင်ငံမှာ ဘယ်လိုကိုင်တွယ် ခဲ့သလိုဆိုတာ သိနိုင်ရင် ဒါကို နည်းပညာသုံးပြီးဖြေရှင်းမယ်ဆို သူတို့လို နှစ် ၄၀ ကြာစရာ အကြောင်းမှ မရှိတော့တာ။

 

ဒါတွေဖြစ်လာဖို့ လုပ်ငန်းတွေနဲ့ နိုင်ငံတွေ မှာ Digital Leadership ထွန်းကားလာပြီး Digital Leaders များ များများ ပေါ်ထွန်း လာနေပြီး စနစ်တကျ Legally Framework များနဲ့လည်း လုပ်ဆောင် ဖို့ လို အပ်နေပြီ ဖြစ်ပါတယ်။

ဇော်လင်း (YOUTH)

Read times
Rate this item
(1 Vote)