-->
×

Warning

JUser: :_load: Unable to load user with ID: 29


CPM, CPI, CPC, CTR ဘာညာ စတဲ့ ဒစ်ဂျစ်တယ်ဝေါဟာရများနှင့် သိမှတ်ဖွယ်ရာ

အင်တာနက်ကို အခြေပြုပြီး ဈေးကွက်ချဲ့ထွင်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေတဲ့ digital marketers တွေအတွက်ရော၊ digital advertising ကိုစိတ်ဝင်စားတဲ့ မိတ်ဆွေတွေ အတွက်ရော သိထားသင့်တဲ့ glossary နဲ့ terms လေးတွေရှိပါတယ်၊ ဒစ်ဂျစ်တယ် ငြော်ငြာတွေနဲ့ သက်ဆိုင်တဲ့ အခေါ်အဝေါ် အဓိပ္ပာယ်လေးတွေပေ့ါ။

Digital Agency တွေမှာ လုပ်ကိုင်နေတဲ့ ဆရာတွေကတေ့ာ သိပြီးသားဖြစ်ပေမယ့် အခုမှ digital advertising ကို စိတ်ဝင်စားလို့ ဒီ field ထဲဝင်လာမယ့် ညီ၊ အကိုတွေအတွက် glossary, terms လေးတွေ သိထားရင် campaign တွေဆောက်တဲ့အခါမျိုးပဲဖြစ်စေ၊ report လုပ်တဲ့အချိန်ပဲဖြစ်ဖြစ် ကိုယ့်အတွက် ပိုပြီး အထောက်အကူ ပြုပါလိမ့်မယ်။

 

သိပြီးသားတွေလဲ ပါချင်ပါလိမ့်မယ်၊ အသစ်တွေလဲ တွေ့ရမှာပါ Facebook ads တစ်ခုထဲအတွက် မဟုတ်ဘဲ digital campaigns တွေဆောက်တော့မယ်ဆို တွေ့မြင်ရမယ့် Glossary, Terms တွေကို ဖော်ပြပေးထားပါတယ်။ကျတော် Run ခဲ့ဖူးတဲ့ Campaign results တွေကို base ယူပြီး estimated benchmark တွေကို မျှဝေပေးထားပါတယ်။ ဒီနေရာမှာ Estimate လို့ပြောတာက campaign တစ်ခုနဲ့ တစ်ခုနဲ့ Targeting, Budget, Timeline တွေမတူတဲ့ အတွက် ပုံသေတော့ တွက်လို့မရနိုင်ပါဘူး။

 

A/B Testing:
---------------

 

တခြား Digital Ad Platforms တွေမှာတော့ A/B Testing လို့ခေါ်ပေမယ့် Facebook Ads Manager မှာတော့ Split Testing လို့ခေါ်ပါတယ်။ အတူတူပါပဲ။ ကိုယ့်ရဲ့ မတူညီတဲ့ artwork, copy, landing page စတာတွေကို ဒီ audience group တစ်ခုထဲကို ပြိုင်တူ ငြော်ငြာပြီး ဘယ်ဟာက ပိုပြီး user engage ဖြစ်တယ် ဆိုတာကိုတိုင်းတာပဲ၊ Performance ကောင်းတဲ့ Ad၊ မှန်ကန်တဲ့ Target ကိုရရှိဖို့ တကယ့် Actual campaign တွေမစခင် test အနေနဲ့ စမ်းကြည့်တာကို A,B testing လုပ်တယ်လို့ခေါ်ပါတယ်။

 

Ad Impressions, AdReach
-----------------------

 

ဒါကတော့ ရှင်းပါတယ်။ ငြော်ငြာကိုမြင်သွားတဲ့အကြိမ်အရေအတွက်ပါ။ လူတယောက်က အကြိမ်ရေ ၂ခါ မြင်ရင် 2 Imp လို့ တွက်ပါတယ်။ Reach ကျတော့ ကိုယ့်ငြော်ငြာကို လူဘယ်နှစ်ယောက် မြင်သွားလဲဆိုတာ ကို ပြောတာပါ။ ဒီနှစ်ခုက တခါတလေ ရောတတ်ပါတယ်။

 

Click-through Rate (CTR)
---------------------------

 

ကိုယ့်ငြောငြာကို လူတစ်ထောင်မြင်သွားပြီး တကယ် Clicks လုပ်သွားတဲ့ percentage ကိုပြောတာပါ။ ကျတေ်ာတို့ နေ့စဉ် ငြော်ငြာတွေ မြင်နေပေမယ့် ငြော်ငြာတိုင်းကို Clicks မလုပ်ပါဘူး၊ ကြိုက်ပေမယ့်လဲ ကြည့်ပြီးကျော်သွားတဲ့ အခေါက်တွေရှိပါတယ်။ ဥပမာဆိုပါစို့ – လူ ၁၀၀၀ ကိုယ့်ငြော်ငြာမြင်သွားတယ်၊ Clicks ၁၀၀ ရတယ်။ ဒါဆို CTR က 0.1% ပါ။ Clicks အရေအတွကို Impression နဲ့ စားလိုက်ရင် CTR ရပါတယ်။ CTR များလေ ကိုယ့်ငြော်ငြာကို လူစိတ်ဝင်စားတယ်လို့ အကြမ်းဖျင်း ပြောနိုင်ပေမယ့် လူတွေရဲ့ Behavior ကပြောင်းသွားပါပြီ။ ကြိုက်ပေမယ့် Clicks နှိပ်ချင်မှ နှိပ်မှာပေါ့ ? ဒါတွေကြောင့် နှိပ်ချင်လာအောင် CTA ဆိုတာကို Creative ကောင်းကောင်းလုပ်နိုင်ရပါမယ်။


Call To Action (CTA)
----------------------------

 

Users ကို ဒါလေး နှိပ်လိုက်ရင် ဘာတွေဖြစ်မလဲဆိုပြီး မက်လုံးပေးတဲ့ သဘောမျိုးပါ။ အားလုံး သတိထားမိမှာပါ ငြော်ငြာတွေပြရင် သူနဲ့အတူ Buttons လေးတွေပါတယ်။ Buy Now, Download Now, See More စတာတွေလေ၊ ဒီနေရာမှာ အရေးကြီးတာက creative ပါ။ Users ကို Clicks လုပ်ဖို့ကို ဆွဲဆောင်နိုင်မယ့် Copy, Visual မျိုးကို develop လုပ်နိုင်မှ CTR ကောင်းကောင်းရမယ်ဆိုတာ သတိချပ်စေချင်ပါတယ်။


Cost Per Click (CPC)
-----------------------------

 

Digital မှာ Campaigns တွေ run တော့မယ်ဆိုရင် Campaigns အမျိုးစားပေါ်လိုက်ပြီး Costing Models တွေအမျိုးမျိုးရှိပါတယ်။ CPC ဆိုတာ Clicks နှိပ်မှ ပိုက်ဆံပေးရတဲ့ Campaign မျိုးပါ။ လူတွေငြော်ငြာကို ကြည့်ရုံနဲ့ ကိုယ့် budget မကုန်သွားဘဲ တကယ် Clicks နှိပ်မှ ပိုက်ဆံပေးရတာပါ။ Facebook မှာဆိုရင်တော့ average CPC $0.03 – 0.08$ လောက်ရှိပါတယ်။ တခြား digital platforms တွေမှာဆိုရင်တော့ နည်းနည်းလေး ကွာခြားနိုင်ပါတယ်၊ ပုံမှန်အားဖြင့် နည်းနည်းလေး ဈေးပိုပါတယ်။

 

Cost Per Install (CPI)
-------------------------------

 

ဒါကတော့ App Install campaigns တွေ run ရင် install တစ်ခုကို ဘယ်လောက်ဆိုပြီး ကျသင့်တဲ့ amount တစ်ခုပါ။ Facebook မှာ Nationwide သွားခဲ့တဲ့ campaign တစ်ရဲ့ CPI တုန်းကဆို 0.2$ လောက်သွားကျပါတယ်။

 

Cost Per Impression (CPM)
---------------------------------

 

ခုနအပေါ်မှာပြောခဲ့သလိုပဲ costing model တွေများစွာရှိတဲ့အထဲကမှ CPM ဆိုတာ အကြိမ်တစ်ထောင်မြင်တဲ့အခါ ကျသင့်မယ့် amount တစ်ခုပါ။ Display advertising တွေလုပ်တော့မယ်ဆိုရင် Suppliers အများစုက CPM basis နဲ့ရောင်းကျတာများပါတယ်။ CPM က တခြား costing model တွေနဲ့ ယှဉ်ရင် ဈေးသက်သာပြီး awareness ရဖို့ အကောင်းဆုံးဖြစ်တဲ့အတွက် CPM campaigns တွေကို advertisers တွေ သဘောကျကြပါတယ်။ ကိုယ့် Campaign goals က awareness ဆိုရင် CPM ကအကောင်းဆုံးပေ့ါ။ FB ရဲ့ average CPM က 0.48$ – 0.89$ အထိရှိခဲ့ဖူးတယ်။

 

Cost Per Lead OR Cost Per Like (CPL)
------------------------------------

 

Lead ads လို့ခေါ်တဲ့ lead form တစ်ခုကို user ကဖြည့်လိုက်ရင် ကျသင့်မယ့် amount ပါ။ သူကလဲ lead form ဖြည့်မှ ပိုက်ဆံပေးရတာဖြစ်တဲ့အတွက် user က ကိုယ့်ရဲ့ lead form ကိုတော့ မြင်ပါရဲ့ ဒါမယ့် မဖြည့်သွားဘူးဆိုရင် ပိုက်ဆံပေးစရာမလိုပါဘူး။ Survey ကောက်တာတော့၊ Product launch လုပ်တာတို့မှ သုံးလေ့ရှိပါတယ်။ Lead ads ရဲ့အားသာချက်က နောက်ပိုင်း ကိုယ် campaigns တွေ run ဖို့ရှိရင် users ရဲ့ data တွေကိုပြန်သုံးပြီး remarketing ပြန်လုပ်လို့ရပါသေးတယ်။ FB ရဲ့ CPL ကတော့ 0.08$ – 2$ အထိရှိခဲ့ဖူးတယ်။ နောက် CPL လို့ အများသိကျတဲ့ FB Cost Per Like ပါ။ ကိုယ်ကသာ တကယ်လို့ bid မလုပ်ခဲ့ဘူးဆိုရင် အနည်းဆုံး Cost Per Like ကအခုဆိုရင် 0.02$ လောက်ရှိပါတယ်။ 0.7$ အထိ like တစ်ခုကိုပေးရတဲ့ campaign တွေလဲရှိပါတယ်။

 

Cost Per Acquisition (CPA)
---------------------------------------

 

Performance campaigns တွေမှာ အသုံးများတယ်။ သူ့သဘောတရားက Advertiser ကသတ်မှတ်ထားတဲ့ Value တစ်ခုရဖို့အတွက် ဘယ်လောက်ကျလဲဆိုတာကို ဖော်ပြတာ။ Digital platforms ပေါ်မှာ Advertiser က သတ်မှတ်ထားတဲ့ value က Subscribe ဆိုပါစို့ User က သတ်မှတ်ထားတဲ့ ad source တစ်ခုခုကနေပြီး Subscribe လာလုပ်သွားတယ်ဆိုရင် သူ့အတွက် ကုန်ကျတဲ့ CPA ကိုတွက်လို့ရတယ်။ Attribution tools တွေသုံးရင်တော့ တိကျတဲ့ CPA ကိုရမှာ ဖြစ်ပါတယ်။

 

In-Stream Video Ads
------------------------------

 

သတိထားမိမှာပါ တခါတလေ ကိုယ်က Video တွေကြည့်နေတုန်း TVC ငြော်ငြာလေးတွေ 10sec-15sec လောက်ပြသွားတာလေ။ Advertisers အများစုက Preroll တွေကို သဘောကျကြပါတယ် Users အတွက်လဲ annoyed သိပ်မဖြစ်သလို mid-roll နဲ့ end roll တွေထက်စာရင် ပိုပြီး ထိရောက်တာကြောင့်ပါ။

 

Frequency
----------------

 

လူတယောက်ကို ငြော်ငြာပြမယ့် အကြိမ်အရေအတွက်လို့ အလွယ်မှတ်လို့ရပါတယ်။ 2 Frequency ဆိုရင် ကိုယ့်ကို ငြောငြာ ၂ကြိမ်ပြမယ်ပေါ့။

 

Ad Exchange

-------------------

 

Ad Exchange ကိုအလွယ်ဆုံးပြောရရင် ငြော်ငြာ space တွေကို store လုပ်ထားတဲ့ နေရာပေ့ါ။ ဆိုပါတော့ ကိုယ်က entertainment website ပိုင်တဲ့ publisher တစ်ယောက်ပေ့ါ။ ကိုယ့် website ရဲ့ တချို့ space တွေမှာ ငြော်ငြာလက်ခံချင်တယ်၊ ပိုက်ဆံရှာမယ်ပေ့ါ။ ဒါဆိုရင် ကိုယ့် space တွေကို advertisers တယောက်ချင်းဆီကို တိုက်ရိုက်ဆက်သွယ်ပြီးရောင်းလို့ရသလို၊ ad exchange တွေနဲ့ချိတ်ပြီးလဲ ရောင်းလို့ရတယ်။ Advertisers တယောက်ချင်းစီကို ရောင်းမယ်ဆိုရင် ကိုယ့်ရောင်းမယ့် space မှာ ငြော်ငြာတွေကိုယ်တိုင် ထည့်ရမယ်။ AdExchange နဲ့ချိတ်ထားမယ်ဆိုရင် ကိုယ့်ရောင်းထားတဲ့ space မှာ advertiser ရဲ့ exchange ကနေလှမ်းပြီး ငြော်ငြာလာပြမယ်။ မြန်မာနိုင်ငံမှာဆိုရင် website space တွေကို time base နဲ့ရောင်းတာရှိသလို CPM နဲ့ရောင်းတာတွေလဲရှိပါတယ်။

 

Ad Inventory
-------------------

 

ခုနပြောသလိုပဲ ကိုယ်က entertainment website ပိုင်တဲ့ publisher တစ်ယောက်ပေ့ါ။ တရက်မှာ ကိုယ့် site ကို unique users အယောက် ၁၀၀၀ လာတယ်။ ကိုယ့် site ရဲ့ homepage နေရာမှာ ရောင်းချင်တဲ့ space ၂ခုရှိတယ် ဆိုပါစို့ ဒါဆို ကိုယ့် ရဲ့ ad inventory ဘယ်လောက်လဲလို့မေးရင် 2,000 Impression လို့ပြောနိုင်ပါတယ်။ Ad Network ဆိုတာ တကယ်တော့ Advertisers နဲ့ Publishers တွေကြားက Middle Man ပဲ။ Publishers ရောင်းတဲ့ space တွေကို Advertisers ရဲ့ AdExchange နဲ့ ချိတ်ဆက်ထားတာပါ။

 

Mm Round Table

Read times
Rate this item
(0 votes)