-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘာကြောင့် သင့်စီးပွားရေးလုပ်ငန်းအတွက် Websiteတစ်ခုရှိသင့်တာလဲ????

Digital Marketing အသုံးပြုမှု တွင်ကျယ်လာတဲ့ နောက်ပိုင်းမှာ ကုမ္ပဏီတွေကလည်း သူတို့ရောင်းအားကို သာမာန်ရိုးကျ saleပြုလုပ်တာထက် digital sale ဘက်ကို ကူးပြောင်းလာတာကိုတွေ့ရပါတယ်။

ဒီလိုအချိန်မှာကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းအတွက် Facebook page တစ်ခုရှိထားတာနဲ့ မလုံလောက်တော့ပါဘူး။ Facebook ဆိုတာ ကိုယ့်ရဲ့အပိုင်မဟုတ်ပါ။

မြန်မာနိုင်ငံရှိ လူဦးရေ ၂၆သန်းကျော်ကလည်း ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ သတင်းတွေရှာဖွေရာမှာ အင်တာနက်ကို အသုံးပြုလာတာကြောင့် ကိုယ်ပိုင် Websiteတစ်ခုရှိနေမှသာလျှင် ရောင်းကုန်တွေကို အကောင်းဆုံး ခင်းကျင်းပြသနိုင်မှာဖြစ်ပါတယ်။

အင်တာနက် အသုံးပြုမှု တိုးတက်လာတာနဲ့အမျှ လုပ်ငန်းရှင်များကလည်း digital ပေါ်မှာ အပြိုင်အဆိုင် ဈေးကွက်ချဲ့ထွင်လာကြပါတယ်။ ကိုယ့်မှာသာ ကိုယ်ပိုင် Websiteတစ်ခုမရှိဘူးဆိုလျှင် ဝယ်သူတွေရဲ့ ယုံကြည်မှုကို လျော့ကျစေနိုင်ပါတယ်။

သင်အပြည့်အ၀ ထိန်းချုပ်နိုင်တဲ့ ကိုယ်ပိုင် Websiteမှာ သင့်စိတ်ကြိုက်အရောင်များ၊ အချက်အလက်များနဲ့ ဓါတ်ပုံထည့်သွင်း၍ လုပ်ငန်းအနေအထားနှင့် ခိုင်မာမှုများကို ပြသလို့ရပါတယ်။ သင့်လုပ်ငန်း သမိုင်းကြောင်း ၊ ရည်ရွယ်ချက် နှင့် အနာဂါတ် အစီအစဉ်တွေကို အချိန်မရွေးဖော်ပြနိုင်ဖို့ Website တစ်ခုဆိုတာ ရှိမှဖြစ်မှာပါ။

ဒါ့ပြင် ပြည်တွင်းသာမက၊ ပြည်ပနိုင်ငံများရှိ ဖောက်သည်များနှင့် ပါ သင့်လုပ်ငန်းကို ချိတ်ဆက်မိစေမှာပါ။ Websiteမှာ ဖော်ပြထားတဲ့ Google Map Contact form တွေကနေ သင့်ကို ဆက်သွယ်နိုင်သလို ဖုန်းခေါ်ခြင်း၊ messageပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်နိုင်တာကြောင့် ရောင်းအားတွေလည်း တက်လာနိုင်ပါတယ်။

သင့်လုပ်ငန်း၊ ဝန်ဆောင်မှု အကြောင်းနဲ့ ပါဝင်လုပ်ကိုင်နေသူများအကြောင်းကို Websiteတွင် စိတ်ဝင်စားဖွယ် ဖော်ပြနိုင်ပါတယ်။ လုပ်ငန်းအကြောင်း အသေးစိတ်ဖော်ပြထားသော Website က နေ့ညအချိန်မရွေး ဖောက်သည်များလိုအပ်သည့် အချိန်တိုင်း သင့်ကိုယ်စား ဝန်ဆောင်မှုပေးနေသော နေရာတစ်ခုပါ။

အခုပဲ သင့်လုပ်ငန်းအတွက် Website တစ်ခုအမြန်လုပ်လိုက်တော့နော်။

Read times
Rate this item
(0 votes)