-->
×

Warning

JUser: :_load: Unable to load user with ID: 29


Messenger Marketing ရဲ့ အားသာချက်တွေက ဘာတွေလဲ

Social Media Marketing လုပ်ရာမှာ Facebook ပိုင် app တစ်ခုဖြစ်တဲ့ Messenger ပေါ်မှာ ကြော်ငြာတွေ run တဲ့ Messenger Marketing ကိုလည်း အသုံးများလာကြပါတယ်။

 

ဒါကလည်း လူဦးရေ သန်းတစ်ထောင်ကျော်လောက် လက်ရှိသုံးစွဲနေတဲ့ Messenger က Marketing သမားတွေအတွက် အခွင့်ကောင်းတစ်ခုပါပဲ။ Bid strategy မှန်မှန်၊ Targeting ကောင်းကောင်းနဲ့ Messenger Marketing Campaign တစ်ခုကို run နိုင်မယ်ဆိုရင် ကုန်ကျစရိတ်အသက်သာဆုံးနဲ့ အထိရောက်ဆုံး ဖြစ်မှာပါ။ ဒါဆိုရင် Messenger Marketing နဲ့ ဘာတွေ ဘယ်လိုလုပ်လို့ရနိုင်လဲဆိုရင်

 

၁။ Algorithm အပြောင်းအလဲ

လူတော်တော်များများက Facebook ပေါ်မှာ ad run ဖို့ကိုပဲ အာရုံစိုက်နေတဲ့အတွက် aution အောင်ဖို့ ပိုက်ဆံပိုသုံးရတာတွေ၊ Aution မအောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာ ကြော်ငြာသမားတွေ သိပ်မသုံးသေးတဲ့ Facebook Messenger ကနေ ad run ခြင်းကို သုံးမယ်ဆိုရင်တော့ Engagement နဲ့ visibility ပိုပြီးတက်လာနိုင်သလို cost per optimization event လည်း ပိုကောင်းနိုင်ပါတယ်။

 

၂။ Legacy Ad တွေထက် ပိုမိုထိရောက်မှုရှိခြင်း

Social Media သမား တော်တော်များများ Lead generation ad တွေ၊ Website Traffic ad တွေ၊ Engagement ad တွေ run ဖူးကြမှာပါ။ ဒါတွေက Legacy ad တွေ ဖြစ်သွားပါပြီ။ အဲဒီ ad တွေက လုပ်ငန်းရှင်တွေအတွက် တကယ်ထိရောက်တဲ့ conversion တွေကို ပေးနိုင်ဖို့ မလွယ်တော့ပါဘူး။ Messenger Marketing ကတော့ အဲဒီဟာကွက်ကို ဖြည့်ဆည်းပေးနိုင်တဲ့အတွက် ပိုပြီးထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။

 

၃။ Mass Message ပို့လွှတ်နိုင်ခြင်း

Email Marketing လုပ်မယ်ဆိုရင် Email address တွေအများကြီးကို အရင်ဆုံးရှာဖွေ စုဆောင်းပြီးမှ မိမိတို့ ပေးချင်တဲ့ promo campaign ဒါမှမဟုတ် ad copy ကို Email ကတဆင့် ပို့လွှတ်ရပါတယ်။ Messenger Marketing မှာလည်း ဒီလို function ရှိပါတယ်။ Message တစ်စောင်တည်းကို ကိုယ့်ရဲ့ business contact list ထဲက အကောင့်တွေအများကြီးဆီကို တစ်ချိန်ထဲမှာပဲရောက်အောင် broadcast လုပ်နိုင်ပါတယ်။ ဒီနည်းလမ်းက Product အသစ်တွေ lauch လုပ်တဲ့အချိန်မှာ အထူးအသုံးဝင်မယ့် နည်းလမ်းမျိုးပါ။

 

၄။ Chatbot မှတဆင့် Subscriber Report လုပ်ပေးနိုင်ခြင်း

Facebook Messenger ကတဆင့် ad run လွှတ်ခြင်းက လက်ရှိအချိန်မှာတော့ Open Rate များနေပါတယ်။ Customer ကို သေချာ cares လုပ်ချင်တဲ့သူတွေက CRM သမားတွေငှားပြီး ad followup လုပ်ကြသလို Mobile Monkey တို့၊ Chat Fuel တို့လို ဝန်ဆောင်မှုတွေနဲ့ Chatbot ကိုလည်း တပ်ဆင်လို့ရပါတယ်။ Chatbot တွေက Lead Generation ကောက်သလိုပဲ နေ့စဉ် Subscriber list ကို မှတ်တမ်းတင်ပြီး သင့်ကို report လုပ်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ ၂၄ နာရီလုံး ဘယ်အချိန်လာမေးမေး မိမိကိုယ်စား reply ပြန်ပေးနိုင်ပါတယ်။

 

၅။ Autoresponder Campaign လုပ်နိုင်ခြင်း

Facebook နဲ့ Messenger ကို ချိတ်လို့ရတဲ့ နည်းလမ်းနောက်တစ်ခုကတော့ “Comment-to-messenger” bot ဆောက်တာပါပဲ။ မိမိတို့ရဲ့ Page မှာ Content တစ်ခု Create လုပ်၊ ပြီးတော့ Follower တွေကို Comment ပေးခိုင်းပြီး Messenger ကနေ Comment ပေးသူတိုင်းဆီကို auto message ပို့လွှတ်ပေးတာမျိုးပါ။

 

၆။ လူကိုယ်တိုင်လည်း အချိန်မရွေး Customer Service ပေးနိုင်ခြင်း

Chatbot တွေက Social Media Marketing မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Customer Service အပိုင်းကို တစ်တပ်တစ်အား ကူညီပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က Customer တွေ သိလိုသမျှကို လူသား Operator တစ်ယောက်ရဲ့ အကူအညီမပါဘဲ အချိန်မရွေး ဖြေပေးနိုင်လို့ပါပဲ။ ဒါပေမယ့် တချို့မေးခွန်းတွေကျတော့ Chatbot တွေလည်း ဖြေရခက်ခဲနိုင်ပါတယ်။ အဲဒီလို ခက်ခဲရှုပ်ထွေးတဲ့ မေးခွန်းတွေကို လူသား Operator တစ်ယောက်က အချိန်မရွေး ဝင်ရောက်ဖြေဆိုပေးနိုင်တာကလည်း Messenger Marketing ရဲ့ အားသာချက်တစ်ခုပါပဲ။ လူသားနဲ့ Chatbot ပူးပေါင်းပြီး Customer Service ပေးခြင်းက လုပ်ငန်းတိုးတက်ဖို့အတွက် အကောင်းဆုံးလုပ်ဆောင်ချက်ပါပဲ။

 

၇။ Coding ရေးတတ်စရာမလိုဘဲ Chatbot တည်ဆောက်နိုင်ခြင်း

ဝက်ဘ်ဆိုက်ရေးဆွဲတာတို့၊ app ရေးတာတို့ဆိုရင် Developer တွေ၊ Programmer တွေရဲ့ အကူအညီကို လိုအပ်ပါတယ်။ Messenger မှာ chatbot တွေ တည်ဆောက်ဖို့အတွက်ဆိုရင်တော့ ပရိုဂရမ်ဆွဲတတ်ဖို့ (coding ရေးတတ်ဖို့) မလိုပါဘူး။ သာမန် chatbot Builder တစ်ခုကို သုံးပြီး drag and drop လုပ်တတ်ရုံနဲ့ သင့်ရဲ့ Facebook page အတွက် Chatbot တစ်ခုကို တည်ဆောက်လို့ရပါတယ်။

 

Mdy SuperAds

Read times
Rate this item
(1 Vote)