-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ရဲ့ကြော်ငြာ Video ကို စိတ်ဝင်စားလာနိုင်မယ့် အချက်များ

အခုဆိုရင် Facebook က လူတွေကို Video တွေ ပိုပြီးတင်လာအောင် ပိုပြီးကြည့်ဖြစ်လာအောင် သိသိသာသာပဲ ဦးစားပေး လုပ်ဆောင်လာတာကို သတိထားမိကြမယ် ထင်ပါတယ်။

လူအများစုကလည်း Facebook မှာ စာတွေဖတ်နေရမှာထက် ပုံတွေ၊ Video တွေကိုကြည့်ဖို့ ပိုပြီးအားသန်လေ့ရှိကြပါတယ်။ ဒီတော့ ကိုယ့်လုပ်ငန်းကို Facebook မှာပဲဖြစ်ဖြစ် Instagram နဲ့ တခြားလူမှုကွန်ယက်တွေမှာပဲဖြစ်ဖြစ် ကြော်ငြာမယ်ဆိုရင် စာနဲ့ရေးပြီး ကြော်ငြာတာထက် Video တစ်ခုဖန်တီးပြီး ကြော်ငြာတာက ပိုထိရောက်မှာပါ။ ဒါပေမဲ့ Facebook ပေါ်မှာ Video တွေ အများကြီး တက်နေတာကြောင့် ကိုယ့်ရဲ့ ကြော်ငြာ Video က လူစိတ်ဝင်စားလောက်စရာ ဖြစ်နေဖို့အတွက် အောက်ကအချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ Thumbnail ကို ဂရုတစိုက်ရွေးပါ

ကိုယ့်ရဲ့ Video က Mobile Data Internet နဲ့ သုံးနေသူ အများစုဆီမှာဆိုရင် Auto Play မှာမဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့။ Mobile Data Internet နဲ့ သုံးနေသူတွေ ကိုယ့်ရဲ့ Video ကိုဖွင့်ကြည့်ဖို့ဆိုရင် Video Play မလုပ်ခင် မြင်နေရတဲ့ Thumbnail က ဖွင့်ကြည့်ချင်လာအောင် ဆွဲဆောင်မှု ရှိနေဖို့လိုပါတယ်။ ကိုယ့် Video ထဲက လူတွေကို အဆွဲဆောင်နိုင်ဆုံး ဖြစ်လောက်တဲ့ ပုံရိပ်ကို Thumbnail အဖြစ်ရွေးပါ။

၂။ ချို့ယွင်းချက် တစ်ခုလောက်ချန်ခဲ့ပါ

ကိုယ့်ရဲ့ Video နဲ့ ပတ်သက်ပြီး Comment ရေးချင်စရာ အသေးအဖွဲ အားနည်းချက် တစ်ခုလောက်ကို ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ပါ။ ဒီလိုချန်ထားခဲ့တဲ့အတွက် အဲဒီအားနည်းချက်ကို ထောက်ပြတဲ့ Comment တွေ ရလာမှာဖြစ်ပြီး Comment တွေများလာလေ Video ပျံ့နှံ့ရောက်ရှိမှုကလည်း များလာလေပါပဲ။ တစ်ခုပဲ သတိထားရမှာက အဲဒီလိုချန်ထားခဲ့တဲ့ အားနည်းချက်က လုပ်ငန်းရဲ့ ပုံရိပ်ကို ထိခိုက်နိုင်လောက်တဲ့ အားနည်းချက်မျိုး မဖြစ်ဖို့ပါပဲ။

၃။ Reply ပြန်ပါ

သင့် Video ရဲ့ အောက်မှာတက်လာတဲ့ Comment အများစုကို Reply ပြန်နိုင်ဖို့ ကြိုးစားပါ။ အဲဒီလို Reply ပြန်တဲ့ နေရာမှာ အပြန်အလှန်အပြစ်တင်တဲ့ စကားမျိုးတွေ မပြောဘဲ လေးစားမှုရှိရှိ တုံ့ပြန်ပုံမျိုးဖြစ်ဖို့လည်း သတိထားရမှာပါ။ ဒီနည်းနဲ့ သင့် Video အပေါ်လူတွေရဲ့ စိတ်ဝင်စားမှု တိုးလာမှာဖြစ်သလို ပျံ့နှံ့ရောက်ရှိမှုလည်း မြင့်တက်လာမှာပဲဖြစ်ပါတယ်။

၄။ အဆိုးမြင်တဲ့ Comment တွေကို သတိနဲ့ ကိုင်တွယ်ပါ

အပြစ်တင်ဝေဖန်ထားတဲ့ Comment တွေ အားလုံးကို ဖျက်ပစ်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ ရိုင်းဆိုင်းတဲ့ စကားလုံးတွေနဲ့ တခြားကြည့်ရှုသူတွေ စိတ်အနှောက်အယှက် ဖြစ်လောက်တဲ့ Comment တွေကိုတော့ ဖယ်ရှားပစ်ဖို့လိုပါတယ်။ နောက်ထပ် သတိပြုရမှာတစ်ခုက ကနဦး Comment တွေမှာ အဆိုးမြင်တဲ့ Comment တွေ များနေရင် လူ့သဘာဝအရ အဲဒီလို Comment တွေပဲ များလာနိုင်တယ် ဆိုတာကိုပါ။ ဒါကြောင့် အဆိုးမြင်တဲ့ Comment တွေ ထိပ်ဆုံးနေရာမှာ ရှိမနေစေဖို့ကိုလည်း သတိပြုကိုင်တွယ်ရမှာပဲ ဖြစ်ပါတယ်။

Amyapuya

Read times
Rate this item
(2 votes)