-->
×

Warning

JUser: :_load: Unable to load user with ID: 29


SEO နဲ့ SMO ဘယ်လို အလုပ်လုပ်လဲ?

SEO ရဲ့ အရှည်ကောက် အမည်ကတော့ Search Engine Optimizing ပါ။

SEO ရဲ့ လုပ်ဆောင်မှုကတော့ အင်တာနက်ပေါ်မှာရှိတဲ့ ဘီလျှံနဲ့ချီတဲ့ Web Site တွေကို User တစ်ယောက်က Search Engine မှာ ရှာဖွေ လိုက်ရုံနဲ့ ရှာဖွေမှု ထိပ်ဆုံး စာမျက်နှာမှာ ရောက်ရှိအောင် လုပ်ဆောင်ပေးတာပါ။ အကြောင်းအရာတူတွေ၊ စာလုံးတူတွေ၊ နာမည်ဆင်တူယိုးမှားတွေ ကြားကနေ Enter တစ်ချက်ခေါက်ရုံနဲ့ Search Engine ရဲ့ ထိပ်ဆုံးစာမျက်နှာပေါ်ကို ရောက်လာဖို့ မလွယ်ပါဘူး။ အခု Google Search Engine မှာ အကြောင်းအရာ တစ်ခုကို ရေးသားပြီး ရှာဖွေလိုက်မယ်ဆိုရင် သန်းနဲ့ချီတဲ့ Site တွေ ပေါ်ထွက်လာပါလိမ့်မယ်။ အဲ့ဒီထဲကမှ ထိပ်ဆုံး စာမျက်နှာပေါ်မှာ ပေါ်နေတဲ့ Site တွေဟာ SEO ကြောင့်ပါ။ ကြော်ငြာထည့်ထားတယ် ဆိုရင်လည်း ဘေးမှာ ပေါ်နေတတ်ပါတယ်။

SEO ဘယ်လို အလုပ်လုပ်လဲ ?

SEO တစ်ခု ကောင်းကောင်း အလုပ်လုပ်ဖို့ ဆိုရင် အဓိက လိုအပ်တဲ့ အချက်တွေက Grammar မှန်ကန်မှု၊ User အများစု ရှာဖွေနေကြ စကားလုံးများ၊ စကားစုများကို Site ရဲ့ Content တွေထဲမှာ ထည့်သွင်း အသုံးပြုထားမှု၊ ဝင်ရောက်ကြည့်ရှုသူ အရေအတွက် နဲ့ တခြားသော Site များမှ မိမိ Site ကို Link ချိတ်ပေးထားမှု စတဲ့ အချက်တွေကို ကြည့်ပြီး SEO Strong အဖြစ်ဆုံး Site ကို Search Result ထိပ်ဆုံး မှာ Ranking အလိုက် ဖော်ပြပေးလေ့ ရှိပါတယ်။

SMO ဆိုတာကလည်း အခြေခံအားဖြင့် SEO ပုံစံ အတိုင်းပါပဲ။ ဒီနေ့ခေတ်မှာ လူမှုကွန်ရက်တွေကို အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲနေရတာဖြစ်လို့ SMO ရဲ့ အရေးပါမှုဟာလည်း တဖြည်းဖြည်း မြင့်တက်လာပါပြီ။ SMO က လူမှုကွန်ရက်သုံးစွဲမှု အလွန်အမင်းမြင့်မားလာတဲ့ အခုခေတ်မှာ ဘာကြောင့် အရေးပါလာသလဲဆိုရင် Search Engine တွေက လူမှုကွန်ရက်တွေကို Support လုပ်လာလို့ပါပဲ။ အမျိုးမျိုးသော လူမှုကွန်ရက်နက်ဝက်တွေ နဲ့ နာမည်တူ လူတူတွေ ပေါများလာနိုင်တာကြောင့် ကိုယ့်ရဲ့ Social Media Account ဟာ Search Engine ရဲ့ ထိပ်ဆုံးမှာ အမြဲပေါ်နေဖို့ အတွက် အရေးကြီးလာပါပြီ။ အမည် နဲ့ တင်မဟုတ်ဘဲ နောက်ပိုင်းမှာ စီးပွားရေးနှင့်ဖြစ်စေ၊ ရာထူးအလိုက်ဖြစ်စေ၊ ပညာရေးအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ လူပုဂ္ဂိုလ်များကို ရှာဖွေရာမှာလည်း SMO Strong ဖြစ် မဖြစ်က အလွန် သိသာလာပါလိမ့်မယ်။

SMO ဘယ်လို အလုပ်လုပ်လဲ ?

အထက်မှာ ပြောခဲ့တဲ့ SEO အတိုင်း အခြေခံအားဖြင့် အလုပ်လုပ်ပုံ တူပေမဲ့ အနည်းငယ် ကွဲပြားမှုတော့ ရှိပါတယ်။ SMO Strong ဖြစ်ဖို့ အဓိကလိုတာကတော့ Reputation နဲ့ ကိုယ့် Profile မှာ ရေးသားထားတဲ့ အကြောင်းအရာ Keyword ကြွယ်ဝဖို့ လိုအပ်ပါတယ်။ Profile မှာ info အချက်အလက်တွေကို အများနိုင်ဆုံး Detail ဖြည့် နိုင်သမျှ ဖြည့်ထားခဲ့ရင် Search Engine ရှာဖွေမှု keyword ပေါင်းများစွာ အတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။

Search Engine ကို အသုံးပြုပြီး Social Media Account တွေကို ရှာဖွေတဲ့ အခါမှာ နောက်ထပ် tip တစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ Search Engine ပေါ်မူတည်ပြီး သူတို့ ဝန်ဆောင်မှု mail ကို အသုံးပြုတဲ့ User Account ကို ပိုပြီး Prefer ပေးလေ့ ရှိတာပါပဲ။ ဥပမာ gmail အသုံးပြုတဲ့ သူတစ်ယောက် ကို Google မှာ ရှာဖွေမယ်ဆိုရင် အခြား gmail အသုံးမပြုထားတဲ့ User နဲ့ ယှဉ်တဲ့ အခါ ပိုပြီး အထက်ကို ရောက်ရှိတတ်ပါတယ်။

MM Social Sky

Read times
Rate this item
(2 votes)