-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆိုရှယ်မီဒီယာအက်ပ် Parler ကို ပွဲဆူနေတဲ့ Kanye West ဝယ်ယူတဲ့အတွက် ကြော်ငြာမထိခိုက်ဟု စီအီးအို ပြောကြား

ဆိုရှယ်မီဒီယာအက်ပ် Parler ကို ပွဲဆူနေတဲ့ Kanye West ဝယ်ယူတဲ့အတွက် ကြော်ငြာမထိခိုက်ဟု စီအီးအို ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

 ဆိုရှယ်မီဒီယာအက်ပ် Parler ကို ဝယ်ယူရန် Kanye West  သဘောတူထားပါတယ်။

.

Ye လို့ အမည်ခံယူထားတဲ့ အမေရိကန် ရက်ပ်အဆိုတော် က‌နရေးဝက်စ် Kanye West က ဆိုရှယ်မီဒီယာ Parler ကို ဝယ်ယူဖို့ မူအားဖြင့် သဘောတူထားပါကြောင်း Parler ရဲ့ မိခင်ကုမ္ပဏီ Parlement Technologies က တနင်္လာနေ့ (အောက်တိုဘာ ၁၇) မှာ ပြောကြားပါတယ်။ 

.

 အမေရိကန် ရှေးရိုးစွဲဝါဒီများကြားတွင် ရေပန်းစားတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း Parler ကို ၂၀၂၂ နှစ်ကုန်ပိုင်းမှာ အရောင်းအဝယ်ကိစ္စ ပြီးပြတ်ဖို့ မျှော်မှန်းထားကြပါတယ်။ Parler ကို ဘယ်ရွေ့ဘယ်မျှဖြင့် ရောင်းဝယ်ကြမလဲဆိုတာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

အမေရိကန်နိုင်ငံ အလယ်ပိုင်း ပြည်နယ်တစ်ခု ဖြစ်တဲ့  တင်နက်ဆီပြည်နယ် နက်ရှ်ဗေးမြို့မှာ အခြေစိုက်ထားတဲ့ Parler ကို ၂၀၁၈ မှာ စတင်ခဲ့ပါတယ်။ 

.

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန် ကွန်ဂရက်အောက်လွှတ်တော် အဆောက်အအုံ အဓိကရုဏ်းအပြီးတွင် Google နှင့် Apple Inc တို့ရဲ့ အက်ပ်စတိုးများမှ ဖယ်ရှားခံခဲ့ရဖူးပါတယ်။ 

Parler ဟာ လွတ်လပ်စွာ ပြောဆိုနိုင်သော လူမှုမီဒီယာပလက်ဖောင်းများ ဖြစ်ကြတဲ့  Gettr၊ Gab နှင့် Truth Social တို့နှင့် တန်းတူ ဖြစ်တယ်လို့ သတ်မှတ်ခံရပါတယ်။ 

Twitter Inc ကို လွတ်လပ်စွာ ပြောဆိုနိုင်သော လူမှုမီဒီယာပလက်‌ေဖာင်းလို့ တစ်ချိန်က သတ်မှတ်ခဲ့ပေမဲ့ Twitter က အကောင့်ပိတ်တာတွေ လုပ်ဆောင်လာခဲ့လို့ Twitter ကို လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း မရှိတော့တဲ့ လူမှုမီဒီယာ ပလက်‌ဖောင်းလို့ သတ်မှတ်ခံရပါတယ်။ 

 

ပြီးခဲ့တဲ့လမှာ Parler က မိခင်ကုမ္ပဏီ Parlement Technologies Inc ကို ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။ 

Reuters သတင်းဌာနနှင့် တနင်္လာနေ့မှာ ပြုလုပမခဲ့တဲ့ အင်တာဗျူးတွင် Parlement Technologies  အမှုဆောင်အရာရှိချုပ် George Farmer က Paris Fashion Week အပြီးတွင် Ye နှင့် အရောင်းအဝယ် ဆွေးနွေးမှု စတင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

.

Annotation 2022-10-18 095338.jpg

 

အောက်တိုဘာ ၃ ရက်က ပဲရစ်တွင် နာမည်ကြီးဖက်ရှင်ဒီဇိုင်နာတစ်ဦးလည်းဖြစ်တဲ့ Ye က "White Lives Matter" ဟူသော စာသားပါသော တီရှပ်ကို ၀တ်ဆင်ခဲ့တဲ့အတွက် ပွဲဆူခဲ့ပါတယ်။ "Black Lives Matter" လူမည်းအခွင့်အရေး လှုပ်ရှားမှုကို ပြောင်းပြန်လှန်ထားတဲ့သဘော သက်ရောက်နေပြီး Ye က လူမည်းတစ်ဦး ဖြစ်နေတဲ့အတွက် ဝေဖန်ခံရပါတယ်။ 

.

လေးရက်အကြာတွင် ဂျူးလူမျိုးအများအပြားသည် ဂျုးဆန့်ကျင်ရေးလို့ သတ်မှတ်ကြတဲ့ ပို့စ်ကို အင်စတာဂရမ်တွင် Ye က တင်ခဲ့လို့ ပွဲဆူခဲ့ပြန်ပါတယ်။ Instagram ကို ပိုင်ဆိုင်တဲ့ Meta Platforms Inc က Ye ရဲ့ အင်စတာဂရမ်အကောင့်ကို လော့ချထားလိုက်ပါတယ်။ အင်စတာဂရမ်က သူ့ကို ဘလော့ထားတဲ့အတွက် Ye က Parler ကို ဝယ်ယူဖို့ စတင်ဆွေးနွေးခဲ့ပါတယ်။ 

.

စက်တင်ဘာလတွင် Ye က အဝတ်အထည်လက်လီရောင်းချသူ Gap Inc နှင့် လက်တွဲဖြုတ်ခဲ့ပါတယ်။ ပွဲဆူနေတဲ့ ဂယက်ကြောင့် ဂျာမန်အားကစားပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီ Adidas က ရက်ပ်ပါ Ye နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်နေကြောင်း အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့ပါတယ်။

.

Parler ကို Ye က ဝယ်ယူလိုက်တဲ့အတွက်ကြောင့် Parler ရဲ့ ကြော်ငြာရရှိမှုကို ထိခိုက်မှာ မဟုတ်ကြောင်း George Farmer က ပြောကြားပါတယ်။ 

"လူတွေကို အကောင့်ပိတ်၊ ပလက်ဖောင်းပေါ်မှ တွန်းချတဲ့ ကုမ္ပဏီတွေ နောင်တရကြလိမ့်မယ်။ Parler လို နေရာမျိုး‌တွေမှာ ကြော်ငြာချင်တဲ့ ကြော်ငြာရှင်တွေ ပိုများလာတယ်"

.

တကယ်တော့ Parler ကို ယခင်က Ye အသုံးမပြုခဲ့ပါဘူး။ တနင်္လာနေ့မှာမှ အကောင့်စဖွင့်ခဲ့ပြီး follower ၉၁ ဦး စတင် ရရှိခဲ့ပါတယ်။ ယခုအခါ ၄,၀၀၀ ဦး ဝန်းကျင် ရရှိထားပါတယ်။

 

Parler တွင် စာရင်းသွင်းအသုံးပြုသူဦးရေ ၁၆.၅ သန်း ရှိပါတယ်။

သုတေသနကုမ္ပဏီ Apptopia က Parler ပလက်ဖောင်းကို စတင်အသုံးပြုချိန်မှစ၍ ထည့်သွင်း installed ကြိမ်ရေ အကြိမ်ပေါင်း ၁၁.၇ သန်း ရှိကြောင်း ခန့်မှန်းထားပါတယ်။ နေ့စဉ် ပုံမှန်သုံးစွဲသူ ဦးရေ ၄၀,၀၀၀ ခန့် ရှိပါတယ်။

Forbes ၏ ခန့်မှန်းချက်အရ Ye သည် အသားတင်တန်ဖိုး ကန်ဒေါ်လာ ၂ ဘီလီယံရှိပါတယ်။

Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read times
Rate this item
(0 votes)