-->


YouTube က ကြော်ငြာအမျိုးအစားတစ်ခု အပြီးအပိုင် ရပ်ရန် ဆုံးဖြတ်

YouTube က ကြော်ငြာအမျိုးအစားတစ်ခု အပြီးအပိုင် ရပ်ရန် ဆုံးဖြတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

YouTube သည် ကြော်ငြာများနှင့်ပတ်သက်နေသည့် သုံးစွဲသူများ၏ မကျေနပ်ချက်များကို အာရုံစိုက်လာပါသည်။

 

အမှန်အတိုင်း ဆိုရလျှင် YouTube ၏ အဓိကဝင်ငွေသည် ကြော်ငြာကဏ္ဍမှ ရရှိပါသည်။ သို့ဖြစ်ရာ YouTube က ကြော်ငြာတွေကို လုံးဝဖယ်ရှားဖို့ ဆိုသည်မှာ မဖြစ်နိုင်ပါ။ သို့သော် ကြောငြာတင်ပြပုံကို ပြောင်းလဲပေးနိုင်ပါသည်။ အချို့ကြော်ငြာများသည်ကမ္ဘာ့အကြီးဆုံး ဗီဒီယို ပလက်ဖောင်း YouTube ကြည့်ရှုသူများကို စိတ်အနှောက်အယှက် ဖြစ်စေသည်မှာလည်း မငြင်းနိုင်ပါ။

 

 ယခုအခါ Google က ကြော်ငြာနေရာချထားမှုများတွင် အပြောင်းအလဲအချို့ ပြုလုပ်‌ပေးရန်ရန် လုပ်ဆောင်နေပါသည်။

 

ဤအပြောင်းအလဲ အသစ်သည် သုံးစွဲသူများအား အနှောင့်အယှက် ဖြစ်စေသော ကြော်ငြာများမပါဘဲ YouTube ကို ပျော်ရွှင်စွာခံ စားနိုင်စေရန် ရည်ရွယ်ပါသည်။

 

YouTube Overlay  အပေါ်ယံအလွှာကြော်ငြာများသည် ပလက်ဖောင်းပေါ်တွင် စိတ်အနှောက်အယှက် အဖြစ်စေဆုံးကြော်ငြာများထဲမှ တစ်ခုဖြစ်သည်။

 

335020423_216535887705311_1305951569748994340_n.jpg

 

ကြည့်နေသည့် ဗီဒီယို အောက်ပိုင်း ဝဲမှယာ အပြည့်ပိတ်ကာပြီး နှောက်ယှက်နေသည့် အပေါ်ယံ အလွှာကြော်ငြာ ပေါ်ထွက်လာပြီး ပြသနေသည်ကို ဖယ်ရှားရန် ယာအပေါ်ထောင့်တွင် ကြက်ခြေခတ် အမှတ်အသား ထည့်ပေးထားပါသည်။ ၎င်းကြက်ခြေခတ် အမှတ်အသားသည် ကြော်ငြာကို နှိပ်မိစေမည့် ထောင်ချောက်သဖွယ် ဖြစ်နေသည်။အသုံးပြုသူ အများစုသည် ၎င်းကိုနှိပ်ပြီး ကြော်ငြာကို ပိတ်ရန် ကြိုးစားသည့်အခါ ကြော်ငြာများကို မတော်တဆနှိပ်မိကြသည်။ ထိုအခါ ကြော်ငြာထားသည့် ဝဘ်ဆိုက်သို့ ရောက်ရှိသွားကြသည်။

 

 မတော်တဆ ကလစ်ခြင်းဖြစ်သော်လည်း ကလစ် တစ်ချက်ဟုသာ ရေတွက်သဖြင့် ၎င်း ကလစ်တစ်ချက်စာအတွက် YouTube က ကြော်ငြာခ ရရှိပါသည်။ ၎င်းကြော်ငြာခမှ အချို့အဝက်ကို ဗီဒီယို တင်ထားသူက ရရှိပါသည်။

 ယခုအခါ အပေါ်ယံအလွှာကြော်ငြာကို ဖယ်ရှားရန် YouTube က ဆုံးဖြတ်လိုက်ပါသည်။

YouTube သည် အပေါ်ယံအလွှာကြော်ငြာများကို ၂၀၂၃   ဧပြီလ ၆ ရက်မှစ၍ ပြသတော့မည် မဟုတ်ကြောင်း YouTube Help Forum တွင် ပို့စ်တစ်ခုတင်ပြီး အသိပေးထားပါသည်။ 

ဤကြော်ငြာမျိုးကို လွန်ခဲ့သောနှစ်အနည်းငယ်က မိုဘိုင်းအက်ပ်မှ ဖယ်ရှားခဲ့ပြီး ဖြစ်ပါသည်။ ၎င်းအစား pre-, mid-, post-roll ကြော်ငြာပုံစံဖြင့် ကြော်ငြာပါသည်။ သုံးစွဲသူ skip ad  ကို တို့ထိပြီး ကျော်နိုင်အောင်လည်း စီမံပေးထားပါသည်။

Source :9to5Google.com

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)