-->


Alibaba တွင် အလယ်အဆင့် မန်နေဂျာများ လျှော့ချရန် ဂျက်မား အကြံပြု

Alibaba တွင် အလယ်အဆင့် မန်နေဂျာများ လျှော့ချရန် ဂျက်မား အကြံပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Alibaba ပူးတွဲတည်ထောင်သူ Jack Ma သည် မေလတွင် ကုမ္ပဏီ ထိပ်ပိုင်းမှ အမှုဆောင် အရာရှိများနှင့် အစည်းအဝေး ထိုင်ခဲ့ကြောင်း LatePost တရုတ်သတင်းဗီဒီယာက သတင်းဖော်ပြခဲ့သည်။ အလီဘာဘာ၏ အီးကောမတ်စ် ပလက်ဖောင်း Taobao နှင့် Tmall တို့မှ ထိပ်ပိုင်း အမှုဆောင် အရာရှိများ တက်ရောက်ခဲ့ကြသည်။

.

Ma က အလယ်အဆင့် မန်နေဂျာ ရာထူးများကို ဖယ်ရှားခြင်းဖြင့် ဝန်ထမ်းဖွဲ့စည်းပုံကို ပြန်လည်ဖွဲ့တည်ရန် အကြံပြုခဲ့သည်။

.

Alibaba ပူးတွဲတည်ထောင်သူ Jack Ma သည် ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီမှ အနားယူခဲ့သော်လည်း မေလနှောင်းပိုင်းတွင် ကုမ္ပဏီကို အကြံပေးသည်။

၎င်းအစည်းအဝေးတွင်  Ma က Taobao နှင့် Tmall တို့ ရင်ဆိုင်‌ေနရသည့် ပြိုင်ဆိုင်မှုသည် အလွန်ပြင်းထန်သည်ဟု ပြောကြားခဲ့သည်။

.

Alibaba သည် လက်ရှိတွင် လူပေါင်း ၂၃၀,၀၀၀ ကျော်ကို အလုပ်ခန့်ထားသည်။

ကုမ္ပဏီ၏ ရုံးများသည် တရုတ်၊ ဟောင်ကောင်၊ စင်ကာပူနှင့် အမေရိကန်တို့တွင် ဖြန့်ကြက်ထားသည်။

တရုတ်ပြည်တွင်းမှာ Alibaba အပြင်းအထန် ယှဉ်ပြိုင်နေရသည်မှာ TikTok တရုတ်ဗားရှင်း ဖြစ်သည့် Douyin နှင့် အွန်လိုင်းဈေးခင်း Temu ၏ မိခင်ကုမ္ပဏီ PDD တို့ ဖြစ်သည်။ 

တရုတ်ပြည်တွင်း ရောင်းအားအသီးသီးကို နှိုင်းယှဉ်ကြည့်လျှင် PDD ၏ အီးကောမတ်စ် ပလက်ဖောင်း  Pinduoduo နှင့် Douyin တို့၏ ကုန်ပစ္စည်း ရောင်းအားသည် Alibaba ရောင်းအား၏ ထက်ဝက်ကျော်အထိ ရှိသည်။ 

Source businessinsider 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)