-->


တရုတ်နိုင်ငံ WeChat ပလက်ဖောင်းတွင် Apple စတိုးဆိုင် စတင်ဖွင့်လှစ်

တရုတ်နိုင်ငံ WeChat ပလက်ဖောင်းတွင် Apple စတိုးဆိုင် စတင်ဖွင့်လှစ်

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

တရုတ်နိုင်ငံမှ နည်းပညာ မဟာလုပ်ငန်းကြီး Tencent ၏ WeChat ဆိုရှယ်မီဒီယာ ပလပ်ဖောင်းပေါ်တွင် iPhone ထုတ်လုပ်သူ Apple သည်  စတိုးဆိုင် စတင် ဖွင့်လှစ်လိုက်သည်။ 

.

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး တရုတ်နိုင်ငံတွင် တွင် အမေရိကန်ကုမ္ပဏီ  Apple က လက်လီအရောင်းလမ်းကြောင်း ချဲ့ထွင်လိုက်ခြင်း ဖြစ်သည်။ 

.

တရုတ်နိုင်ငံ အွန်လိုင်းတွင် ကြီးစိုးလွှမ်းမိုးထားသော WeChat သည် e-commerce၊ တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် ငွေပေးချေမှုဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့်  စွယ်စုံသုံး မက်ဆ့်အက်ပ် ဖြစ်သည်။

.

WeChat မှ ကြေညာချက်တွင်  WeChat သုံးစွဲသူများသည် iPhones, iPads နှင့် Macs များအပါအဝင် Apple ထုတ်ကုန်များကို WeChat ပလက်ဖောင်းပေါ်မှ Apple ၏ စတိုးဆိုင်မှာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

.

တရုတ်နိုင်ငံတွင် အွန်လိုင်းဈေးဝယ်ကြသည့်အခါ  WeChat ၊ ByteDance ၏ TikTok တရုတ်ဗားရှင်း ဖြစ်သည့် Douyin တို့တွင် ဝယ်ယူသူများပြားလာနေသည်။ 

.

Apple  သည် တရုတ်ပြည်အတွက် ကိုယ်ပိုင်စတိုးနှင့် ဝဘ်ဆိုက် ရှိသော်လည်း လက်လီအရောင်း လမ်းကြောင်းများ ဖော်ဆောင်ထားရာ၌  Alibaba Group ၏ Tmall အွန်လိုင်း ဈေးခင်းတွင်လည်း ဆိုင်ဖွင့်ထားသည်။ ပြီးခဲ့သည့် မေလတွင် Apple  သည် တစ်နာရီ ကြာမြင့်သည့် တိုက်ရိုက်ထုတ်လွှင့် ဈေးရောင်းပွဲ ကျင်းပခဲ့သည်။ ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။ 

Source reuters

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times
Rate this item
(0 votes)