-->


လူမှုကွန်ရက် X က ကြော်ငြာမူဝါဒများ ကြေညာ

လူမှုကွန်ရက် X က ကြော်ငြာမူဝါဒများ ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Twitter ကို အမည်ပြောင်းထားသည့် လူမှုကွန်ရက် X က လုပ်ငန်းများကို ကြော်ငြာပိုမိုသုံးစွဲခိုင်းသည့် မူဝါဒများ ထုတ်ပြန်ပါသည်။

X မှာ brand တွေ ကြော်ငြာကြဖို့ မက်လုံးအစီအစဉ်ကိုလည်း ကြေညာပါသည်။

 

X က အမေရိကန်နှင့် ယူကေမှ ကြော်ငြာရှင်များကို ဗီဒီယိုကြော်ငြာများကို ၅၀% လျှော့ဈေး ပေးမည်ဟု အကြောင်းကြား အသိပေးထားသည်။ ၎င်းကြော်ငြာဗီဒီယိုကို လတ်တလော ရေပန်းစားနေသည့် အကြောင်းအရာပို့စ်များ ဘေးတွင် တင်ပြပေးမည်။

၅၀% လျှော့ဈေး ပေးသည့်ကာလမှာ ဇူလိုင်လ ၃၁ ရက်အထိ ဖြစ်သည်။

 

ဩဂုတ်လ ၇ ရက်တွင် X ၏ ကြော်ငြာမူဝါဒ အသစ်တစ်ခု စတင်သက်ရောက်မည်။

X မှ သတ်မှတ်ပြဋ္ဌာန်းထားသည့် ကြော်ငြာပမာဏကို မသုံးစွဲပါက ကြော်ငြာရှင် အကောင့်တွင် ထော်ပြထားသည့် မှန်ကန်ကြောင်းအတည်ပြု အမှတ်အသားကို ဖယ်ရှားပစ်မည်။

ကုမ္ပဏီအနေဖြင့် မဟုတ်ဘဲ Brand ဖြင့် အကောင့်ဖွင့်ထားပါကလည်း Brand ၏ အကောင့် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုသည့် အမှတ်အသားကို ဖယ်ရှားပစ်မည် ဖြစ်သည်။

 

brand သည် ဩဂုတ်လ ၇ ရက်မတိုင်ခင် ရက်ပေါင်း ၃၀ အတွင်း ကြော်ငြာဖိုး အနည်းဆုံး $1,000 သုံးစွဲထားရန် လိုအပ်သည်။ သို့မဟုတ် ဩဂုတ်လ ၇ ရက်မတိုင်ခင် ရက်ပေါင်း ၁၈၀ အတွင်း ကြော်ငြာဖိုး အနည်းဆုံး  $6,000 ဖိုး သုံးစွဲထားရန် လိုအပ်သည်။

သို့မှသာ ရွှေရောင်အဝိုင်းအောက်ခံ အဖြူရောင် အမှန်ခြစ် အမှတ်အသားဖြင့် Brand ၏ အကောင့် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုသည့် အမှတ်အသားကို ဆက်လက်ဖော်ပြပေးထားမည် ဖြစ်သည်။

X သည် ကြော်ငြာဝင်ငွေ ၅၀% ဝန်းကျင် ကျဆင်းနေသည်။ ကြော်ငြာဝင်ငွေ မရသည့်အပြင် အကြွေးနွံနစ်နေသည်။ 

Source theverge

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)