-->


X က ဂျပန်ရှိ အသေးစားနှင့် အလတ်စားကုမ္ပဏီများထံမှ ကြော်ငြာများ မျှော်မှန်း

X က ဂျပန်ရှိ အသေးစားနှင့် အလတ်စားကုမ္ပဏီများထံမှ ကြော်ငြာများ မျှော်မှန်း 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

X စီအီးအို လင်ဒါ ရတ်ကရီနို Linda Yaccarino က ကုမ္ပဏီသည် X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် အင်္ဂါရပ်များ ထပ်မံထည့်သွင်းရန် စီစဉ်နေကြောင်း တိုကျိုတွင် အင်တာဗျူးတခုမှာ ပြောကြားခဲ့ပါသည်။

 

အီလွန်မတ်စ်သည် ၂၀၂၂ ခုနှစ်တွင် Twitter ကို ဝယ်ယူခဲ့ပြီးနောက် စီအီးအိုအဖြစ် လုပ်ကိုင်ခဲ့သည်။ X ဟု အမည်ပြောင်းလဲခဲ့သည်။ ရတ်ကရီနိုကို စီအီးအိုအဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။

 

X သည် ဂျပန်နိုင်ငံတွင် အက်ပ်ဖွံ့ဖြိုးထုတ်လုပ်ရေးအဖွဲ့တစ်ခု ထူထောင်မည်ဖြစ်ပြီး အင်ဂျင်နီယာများကို ၂၀၂၄ ခုနှစ်တွင် စတင်ငှားရမ်းရန် စီစဉ်နေကြောင်းလည်း သူမ CEO က ပြောကြားသည်။

 

၎င်းအဖွဲ့သည် အမေရိကန် ပြင်ပတွင် ပထမဆုံး ထားရှိမည့် အက်ပ်ဖွံ့ဖြိုးထုတ်လုပ်ရေးအဖွဲ့ဖြစ်သည်။  

၎င်းအဖွဲ့သည် ဂျပန်ဈေးကွက်နှင့် ကိုက်ညီသည့် အက်ပ် လုပ်ဆောင်ချက်များနှင့် ကြော်ငြာထုတ်ကုန်အသစ်များကို တီထွင်ဖန်တီးမည် ဖြစ်သည်။

 

ဂျပန်သည် X ကြော်ငြာဝင်ငွေအတွက် အမေရိကန်ပြီးလျှင် ဒုတိယအကြီးဆုံး စျေးကွက်ဖြစ်သည်။

 

X သည် ဂျပန်နိုင်ငံရှိ အသေးစားနှင့် အလတ်စားကုမ္ပဏီများထံမှ ကြော်ငြာများ ရရှိရန် မျှော်လင့်ထားကြောင်း ရတ်ကရီနိုက ပြောကြားသည်။

X သည် ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူ သန်း ၅၅၀ ရှိပြီး ၎င်းတို့ထဲမှ ၁၀% သည် ဂျပန်နိုင်ငံမှ သုံးစွဲသူများ ဖြစ်သည်။

စာသားပို့စ်တင်ရာတွင် ဂျပန်နိုင်ငံသည် ပို့စ်အများဆုံး တင်သည့်နိုင်ငံ ဖြစ်သည်။

 

တွစ်တာကို မတ်စ်က မဝယ်ယူခင်က တွစ်တာ စုစုပေါင်းဝင်ငွေ၏ ၉၀% သည် ကြော်ငြာဝင်ငွေဖြစ်ခဲ့သည်။ မတ်စ်လက်ထက်တွင်  ကြော်ငြာဝင်ငွေသိသိသာသာ ကျဆင်းသွားခဲ့သည်။

 

 X သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ကြော်ငြာများကို အပြည့်အ၀ မဆွဲဆောင်နိုင်သော်လည်း ၎င်းလုပ်ငန်းများသည် ကြော်ငြာဝင်ငွေလမ်းကြောင်းများထဲမှာ အဓိကကျသည်ဟု  သူမ ယူဆကြောင်း ပြောကြားသည်။

 

ဂျပန်နိုင်ငံရှိ ဖွံ့ဖြိုးထုတ်လုပ်ရေးအဖွဲ့အသစ်သည် အသေးစားနှင့် အလတ်စားကုမ္ပဏီများထံမှ ကြော်ငြာများ ရရှိရန်အတွက် ကုန်ကျစရိတ်နည်းသော ကြော်ငြာများ ဖန်တီးပေးမည် ဖြစ်သည်။

 

Source Asia Nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)