-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပိုက္ဆံတျပားမွမကုန္ပဲ ကုိယ့္ Page မွာ like ၊ follower ေတြမ်ားေအာင္ ဘယ္လိုဆြဲေဆာင္မလဲ

ပိုက္ဆံတျပားမွမကုန္ပဲ ကုိယ့္ Page မွာ like ၊ follower ေတြမ်ားေအာင္ ဘယ္လိုဆြဲေဆာင္မလဲ google.com

Facebook ေပၚမွာ Page ေတြ online shop ေတြဟာ အရမ္းကို မ်ားျပားလာေနပါျပီ။

ဒါ့အျပင္ Facebook ရဲ႕ newsfeed algorithm ေျပာငး္လဲမႈေၾကာင့္ တစ္ခ်ိဳ႔ Page ေတြမွာလည္း အရင္ကေလာက္ Like ေတြမရေတာ့တာ ေတြ ျဖစ္တတ္ပါတယ္။

ဒါကိုေျဖရွင္းဖို႔နည္းလမ္းက လြယ္လြယ္ေလးပါ။

ယေန႕ေခတ္ရဲ႕ စီးပြားေရးလုပ္ငန္းေတြဟာ Facebook Page ကို အခုေဖာ္ျပမဲ့ရည္ရြယ္ခ်က္(၃)ခုနဲ႔ အသံုးျပဳ သင့္ပါတယ္။

 

(၁) ကိုယ့္ရဲ႕ အလားအလာရွိတဲ့ဝယ္သူ (potential customer) ေတြ ကိုယ့္လုပ္ငန္းနဲ႔ ေရာင္းခ်ေနတဲ့ ပစၥည္း၊ ဝန္ေဆာင္မႈအေၾကာင္းေတြကို သိရွိဖို႔။

 

(၂) ကိုယ့္ရဲ႕ customer ေတြအတြက္ အက်ိဳးရွိေစမယ့္ အေၾကာင္းအရာေတြ (content ေတြ) ဖန္တီးေပးျပီး သူတို႔အတြက္ အက်ိဳးရွိေစဖို႔။

 

(၃) ကုိယ့္ထုတ္ကုန္ပစၥည္းနဲ႔ ဝန္ေဆာင္မႈေတြကို online ေပၚကတစ္ဆင့္ ဝယ္သူေတြဆီကို ေရာင္းခ်ႏုိင္ဖုိ႔။

 

ဒီေနရာမွာ နံပတ္ ၂ နဲ႔ နံပတ္ ၃ က အေရးပါပါတယ္။

 

နံပတ္ ၂ က ကိုယ့္ customer ေတြအတြက္ အက်ိဳးရွိေစမယ့္အရာေတြကို ေပးျခင္း (တစ္နည္းအားျဖင့္ တန္ဖိုးရွိတဲ့အရာေတြ ေပးျခင္း) ျဖစ္ျပီး နံပတ္ ၃ ကေတာ့ ကိုယ့္လုပ္ငန္းအတြက္ အက်ိဳးရွိေစမယ့္ "ေရာင္းခ်ျခင္း" ျဖစ္ပါတယ္။

 

ဒါေပမယ့္ ဒီေန႔ေခတ္လုိမ်ိဳး Facebook Page ေတြအရမ္းေပါမ်ားလာတဲ့ ေခတ္ၾကီးမွာ စီးပြားေရးလုပ္ငန္းေတြဟာ Page ေပၚမွာ ေစ်းေရာင္းဖုိ႔ကိုခ်ည္းပဲ အာရံုစိုက္လုိ႔မရေတာ့ပါဘူး။

 

ကိုယ့္ရဲ႕ Page ေပၚမွာ ကုိယ့္ထုတ္ကုန္ပစၥည္းေတြအေၾကာင္းခ်ည္းပဲတင္ျပီး ေရာင္းဖို႔ကိုပဲ အျမဲဦးတည္ေနရင္ေတာ့ ၾကာလာရင္ Like ေတြနည္းလာျပီး လူေတြက Page အေပၚ စိတ္ဝင္စားမႈေတြ ေလ်ာ့နည္းလာေစႏုိင္ပါတယ္။

 

ဒီလုိမ်ိဳး Like နည္းလာတာ၊ ကိုယ့္ Page ကို လူေတြစိတ္မဝင္စားေတာ့တာ၊ လူေတြမျမင္ေတာ့တာ စတဲ့ျပႆနာေတြကိုေျဖရွင္းဖို႔ နည္းလမ္း (၂) ခ်က္ရွိပါတယ္။

 

နံပတ္ (၁) နည္းလမ္းကေတာ့ Facebook ကို ပိုက္ဆံေပးျပီး ကိုယ့္ရဲ႕ Page နဲ႔ Post ေတြကို လူမ်ားမ်ားဆီေရာက္ေအာင္ (လူမ်ားမ်ားျမင္ေအာင္) ျပဳလုပ္ျခင္းပါ။

 

ဒါကပိုက္ဆံေတာ့ အေတာ္ကုန္ပါမယ္။ ေနာက္ျပီး ပိုက္ဆံမေပးေတာ့ရင္လည္း Like ေတြက ဒံုရင္းကို ျပန္ေရာက္သြားေစႏုိင္ပါတယ္။

 

ေနာက္ထပ္ ပိုက္ဆံမကုန္တဲ့ နံပတ္ (၂) နည္းလမ္းကေတာ့ ကိုယ့္ Page ကို Like လုပ္ထားတဲ့ ပရိတ္သတ္ေတြ အက်ိဳးရွိေစမယ့္ အေၾကာင္းအရာေတြ (Content ေတြ) ကို မ်ားမ်ားတင္ေပးျပီး ပရိတ္သတ္ေတြရဲ႕ စိတ္ဝင္စားမႈကို ဖမ္းစားႏုိင္ဖုိ႔ပါပဲ။

 

ဒါေၾကာင့္မို႔လုိ႔ Digital Marketing ကြ်မ္းက်င္သူေတြက Page တစ္ခုမွာ အေရာင္း Post ေတြကို ၂၀ ရာခုိင္ႏႈန္းေလာက္ပဲ တင္သင့္ျပီး ပရိတ္သတ္ေတြအက်ိဳးရွိေစမယ့္ Content ေတြကို ၈၀ ရာခုိင္ႏႈန္းေလာက္ တင္သင့္တယ္လုိ႔ ေျပာၾကပါတယ္။

 

ဒီနည္းလမ္းေလးေတြကို အသံုးျပဳျပီး သင္တို႔ရဲ႕ Page မွာ like & follower ေတြတက္ေအာင္ အခုပဲ စတင္လုိက္ပါ။

 

<<< Uniclode >>>

Facebook ပေါ်မှာ Page တွေ online shop တွေဟာ အရမ်းကို များပြားလာနေပါပြီ။

ဒါ့အပြင် Facebook ရဲ့ newsfeed algorithm ပြောင်းလဲမှုကြောင့် တစ်ချို့ Page တွေမှာလည်း အရင်ကလောက် Like တွေမရတော့တာ တွေ ဖြစ်တတ်ပါတယ်။

ဒါကိုဖြေရှင်းဖို့နည်းလမ်းက လွယ်လွယ်လေးပါ။

ယနေ့ခေတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ Facebook Page ကို အခုဖော်ပြမဲ့ရည်ရွယ်ချက်(၃)ခုနဲ့ အသုံးပြု သင့်ပါတယ်။

(၁) ကိုယ့်ရဲ့ အလားအလာရှိတဲ့ဝယ်သူ (potential customer) တွေ ကိုယ့်လုပ်ငန်းနဲ့ ရောင်းချနေတဲ့ ပစ္စည်း၊ ဝန်ဆောင်မှုအကြောင်းတွေကို သိရှိဖို့။

(၂) ကိုယ့်ရဲ့ customer တွေအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေ (content တွေ) ဖန်တီးပေးပြီး သူတို့အတွက် အကျိုးရှိစေဖို့။

(၃) ကိုယ့်ထုတ်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို online ပေါ်ကတစ်ဆင့် ဝယ်သူတွေဆီကို ရောင်းချနိုင်ဖို့။

ဒီနေရာမှာ နံပတ် ၂ နဲ့ နံပတ် ၃ က အရေးပါပါတယ်။

နံပတ် ၂ က ကိုယ့် customer တွေအတွက် အကျိုးရှိစေမယ့်အရာတွေကို ပေးခြင်း (တစ်နည်းအားဖြင့် တန်ဖိုးရှိတဲ့အရာတွေ ပေးခြင်း) ဖြစ်ပြီး နံပတ် ၃ ကတော့ ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိစေမယ့် "ရောင်းချခြင်း" ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ်လိုမျိုး Facebook Page တွေအရမ်းပေါများလာတဲ့ ခေတ်ကြီးမှာ စီးပွားရေးလုပ်ငန်းတွေဟာ Page ပေါ်မှာ ဈေးရောင်းဖို့ကိုချည်းပဲ အာရုံစိုက်လို့မရတော့ပါဘူး။

ကိုယ့်ရဲ့ Page ပေါ်မှာ ကိုယ့်ထုတ်ကုန်ပစ္စည်းတွေအကြောင်းချည်းပဲတင်ပြီး ရောင်းဖို့ကိုပဲ အမြဲဦးတည်နေရင်တော့ ကြာလာရင် Like တွေနည်းလာပြီး လူတွေက Page အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာစေနိုင်ပါတယ်။

ဒီလိုမျိုး Like နည်းလာတာ၊ ကိုယ့် Page ကို လူတွေစိတ်မဝင်စားတော့တာ၊ လူတွေမမြင်တော့တာ စတဲ့ပြဿနာတွေကိုဖြေရှင်းဖို့ နည်းလမ်း (၂) ချက်ရှိပါတယ်။

နံပတ် (၁) နည်းလမ်းကတော့ Facebook ကို ပိုက်ဆံပေးပြီး ကိုယ့်ရဲ့ Page နဲ့ Post တွေကို လူများများဆီရောက်အောင် (လူများများမြင်အောင်) ပြုလုပ်ခြင်းပါ။

ဒါကပိုက်ဆံတော့ အတော်ကုန်ပါမယ်။ နောက်ပြီး ပိုက်ဆံမပေးတော့ရင်လည်း Like တွေက ဒုံရင်းကို ပြန်ရောက်သွားစေနိုင်ပါတယ်။

နောက်ထပ် ပိုက်ဆံမကုန်တဲ့ နံပတ် (၂) နည်းလမ်းကတော့ ကိုယ့် Page ကို Like လုပ်ထားတဲ့ ပရိတ်သတ်တွေ အကျိုးရှိစေမယ့် အကြောင်းအရာတွေ (Content တွေ) ကို များများတင်ပေးပြီး ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ဖို့ပါပဲ။

ဒါကြောင့်မို့လို့ Digital Marketing ကျွမ်းကျင်သူတွေက Page တစ်ခုမှာ အရောင်း Post တွေကို ၂၀ ရာခိုင်နှုန်းလောက်ပဲ တင်သင့်ပြီး ပရိတ်သတ်တွေအကျိုးရှိစေမယ့် Content တွေကို ၈၀ ရာခိုင်နှုန်းလောက် တင်သင့်တယ်လို့ ပြောကြပါတယ်။

ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး သင်တို့ရဲ့ Page မှာ like & follower တွေတက်အောင် အခုပဲ စတင်လိုက်ပါ။

 

 

 

 

Read times
Rate this item
(1 Vote)