-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘေဘီ့ကို မေးလိုက်ပါ Content ကနေ ၀င်ငွေတိုးဖို့စဉ်းစားနေပြီလားလို့

ဘေဘီ့ကို မေးလိုက်ပါ Content ကနေ ၀င်ငွေတိုးဖို့စဉ်းစားနေပြီလားလို့ google.com

Content လို့ပြောလိုက်တာနဲ့ ပထမဆုံး ဘာကိုပြေးမြင်မိလဲ ခုပဲစဉ်းစားကြည့်လိုက်ပါ။

Content ဆိုတာ Facebook Page တွေအတွက် Post တွေဖန်တီးနေတာလေးတင်မဟုတ်ဘူးဆိုတာကို အရင်ပြောချင်တာပါ။

နောက်ပြီး Content မှာ ဘာတွေပါလဲဆိုတာ

ကို ဒီမှာ အကြမ်းလေးရေးပေးထားပါတယ်နော်......။

Content တွေကနေ ၀င်ငွေတိုးဖို့ လို့ပြောလို့ Content ရေးသား၊ ဖန်တီးနည်းကိုပြောမလို့မဟုတ်ပါဘူး။

နည်းတွေအများကြီးထဲမှာမှ ဒီနေရာမှာ ကိုယ်ဖန်တီးမယ့် Content တွေမှာ Search Engine Optimization (SEO) ဖြစ်ဖို့ Social Media Search Engine Friendly ဖြစ်ဖို့ကို အဓိကထားပြီး ပြောချင်ပါတယ်။

SEO ဆိုတာ Google တစ်ခုတည်းအတွက် သာဆိုလိုတာမဟုတ်ပါဘူး။ အဲ့ထက်အများကြီးပိုပါတယ်။

ဘယ် Platform ပေါ်မှာမဆို ကိုယ့်ရဲ့ Content ကို ဖန်တီးပါစေ ကိုယ့်ရဲ့ SEO ကြိုးစားအားထုတ်မှုဟာ Google မှာတင်မကပဲ facebook,Youtube နဲ့ အမေဇုန် အပြင် အခြား Platform ပေါ်ထိ သက်ရောက်မှု ရှိမှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့် Content ဟာ facebook ပေါ်မှာပဲဆိုရင်တောင် SEO ကောင်းဖို့လိုတာပါ။

ဖြစ်နိုင်ရင် Original Photo/video ကိုသုံးပါ။ လပြည့်နေ့တွေမှာ ဆုတောင်း Post လုပ်ဖို့ ရွှေတိဂုံပုံတော်ကို သုံးတော့မယ်ဆိုရင်တောင်

ကိုယ်တိုင်ရိုက်ထားတဲ့ ပုံနဲ့ သူများသုံးပြီးသားပုံရဲ့ Reach တွေ၊ Engagement တွေကွာပါတယ်။ Platform တွေရဲ့ AI နည်းပညာကို လျှော့မတွက်ပါနဲ့။

ကိုယ်ဖန်တီးထားတဲ့ ပုံလား...?သူများဆီက ယူသုံးသလား? ဆိုတာကို သိရှိကြတာကများပါတယ်။

ဘယ်နေရာရောက်ရောက် ဓာတ်ပုံရိုက်တဲ့ အကျင့်လေးရှိရင်ပိုကောင်းတယ်။

ဖုန်းနဲ့ဆိုရင်တောင် အဆင်ပြေနေပြီ။ ပန်းပေါ်မှာ အကောင်လေး နားနေတာကအစ လမ်းမှာ ကားကြပ်တာ အဆုံး အဆင်ပြေရင် ရိုက်သာထား။

ကိုက်ညီမယ့် content ပေါ်လာရင် အလွယ်တကူ original ပုံသုံးလို့ရတယ်လေ။

Brand တွေ ပေါက်ပြီးသား စကားလုံးတွေ မှန်ကန်စွာရေးသားပါ။

ဥပမာ- Facebook ကို English လိုရေးထားတဲ့ Post မှာ "F" ကိုအသေးနဲ့ ရေးပြီး Boost ကြည့်ပါ။

မပြင်မချင်း boost လုပ်ခွင့်မပေးသလို မ boost ပြန်ရင်လည်း (organic) ranking score ကို ထိခိုက်တာမို့ ဖန်တီးထားတဲ့ content တစ်ခုလုံးကိုဖြစ်စေ၊ Page/Website တစ်ခုလုံးကို ဖြစ်စေ နစ်နာစေမှာ ဖြစ်ပါတယ်။

Internet မှာ လူတွေရဲ့ ရှာဖွေမှု အကြိမ်အရေအတွက် ဟာ အရမ်းတိုးတက်နေပါတယ်။

ဒါကြောင့် ကိုယ်ရေးမယ့် content တွေမှာ အများစုရှာဖွေနေတဲ့ Keywords/Phrase တွေပါရင် ကိုယ့် content ဟာပိုပေါက်ပါတယ်။

ဒါကြောင့် မရေးခင်က ကိုယ်ရေးမယ့် content ဟာ ဘယ်လို Keyword တွေနဲ့ ဆက်စပ်သလဲဆိုတာစဉ်းစားရပါမယ်။

မြန်မာလိုရေးတဲ့ content မှာတောင် အင်္ဂလိပ် Keyword လေးငါး လုံး ညှပ်ထည့်ပေးသင့်ပါတယ်။ ဥပမာ-ခရီးသွား Post တစ်ခုကို မြန်မာလိုရေးတယ်ဆိုပါစို့။

ကမ္ဘာသိတဲ့ Keywords တွေဖြစ်တဲ့ Golden Land,Golden Rock,Bagan တို့ကို အင်္ဂလိပ်လိုလေးထည့်ပေးလိုက်(ကမ္ဘာသုံးက အင်္ဂလိပ်စကားဖြစ်နေတာကိုး)။

ဒါဆို ကိုယ် facebook မှာရေးတဲ့ content တစ်ခုဟာ Google Search မှာတောင် ပေါ်လာဖို့ အများကြီးနီးစပ်သွားပြီမဟုတ်လား။

မယုံရင် Godlen Rock လို့ Golden Rock မှာရှာကြည့်ပြီး ဘာတွေလဲ ဒီအောက်မှာ မန့်ပေးပါလား။

SEO ကောင်းရင် ကိုယ့် content က ဘယ် platform သွားသွားအဆင်ပြေမှာ ဖြစ်ပါတယ်။

အရင်က ကိုယ်ဖန်တီး၊ ၀ယ်ယူခဲ့တဲ့ content အများအပြားဟာ SEO သိပ်မဖြစ်ဘူး။ တချို့ SEO Penalty ထိတဲ့ အသုံးအနှုန်းတွေ ပါခဲ့ရင် လိုက်ပြင်ဖို့က မလွယ်ပါဘူး။

ဒါကြောင့် စကတည်းက facebook မှာပဲဖြစ်ဖြစ် Website မှာပဲဖြစ်ဖြစ် (ဘယ် platform ဖြစ်ဖြစ်) SEO ဖြစ်မဖြစ် အမြဲ monitor လုပ်ဖို့လိုပါတယ်။

content ဖန်တီးတဲ့ လူတွေက ဒါတွေက ဒါတွေကို ထည့်စဉ်းစားဖို့ လိုသလို၊ Business တွေကလည်း SEO အားကောင်းတဲ့ ဖန်တီးမှုတွေကိုသာ အသုံးပြုဖို့ လိုပါတယ်။

မြန်မာပြည်မှာ facebook ကို အရမ်းအားကိုးတယ်နော်။

တကယ်လို့ facebook ကို အသုံးမပြုဖို့ ပိတ်ပင်ခဲ့ရင် facebook လုပ်ငန်းကြီး ပိတ်သိမ်းခဲ့ရင် SEO အားမကောင်းတဲ့ facebook က content တွေဟာ ၀င်ငွေတိုးအောင် စွမ်းဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။

ဘာလို့လည်းဆိုတော့ ကိုယ့် content တွေကို အခြား Platform ပေါ်က share ဖို့၊ ကူးပြောင်းဖို့ မလွယ်ကူတော့လို့ပါ။

နောက်တစ်ခု သိထားရမှာက Search Engines တွေနဲ့ Social Media တွေရဲ့ ဆက်စပ်မှုပါ။

Social Media Profiles တွေဟာ Search Engine Ranking ကိုသက်ရောက်မှု ကြီးမားပါတယ်။

အပေါ်က (၇) ခုကို Social Media ပေါ်မှာ ဂရုမစိုက်မိဘူး ဆိုတာနဲ့ SEO လည်းလစ်မှာ ဖြစ်လို့ Search Engine မှာကောင်းကောင်း အသက်ရှင်ဖို့ ကတော့ ဝေးပြီဘေဘီ....။

ဒီအချက်တစ်ချက်ကြောင့်လည်း Brand ကြီးတွေဟာ Quality Content တွေထုတ်လုပ်ဖို့ ငွေတွေ အများကြီး ပုံအောကြတယ်ဆိုတာ။ ဆိုလိုတာကတော့ Content သာ ကောင်းအောင်ဖန်တီးနိုင်ပါစေ။

ငွေက ကိုယ့်ကို လာရှာမှာခင်ဗျ။

နောက်ဆုံးပြောချင်တာကတော့ content လို့ဆိုလိုက်ရင် ဓာတ်ပုံ၊ video တွေပါနိုင်သလို စာနဲ့ ရေးထားတဲ့ information၊ Knowledge တွေလည်းဖြစ်နိုင်ပါတယ်။

Content တွေက Online ပေါ်လည်းဖြစ်နိုင်သလို Offline လည်းဖြစ်နိုင်ပါတယ်။ ဒီနေရာမှာတော့ Online ကို အဓိကထားပြောချင်ပါတယ်။

Content တစ်ခုဖန်တီးရတာ ဘယ်လောက် ပညာသားပါပြီး ခက်ခဲသလဲ ဆိုတာ ဖန်တီးဖူးတဲ့သူတွေ၊ Content လိုအပ်တဲ့ လုပ်ငန်းရှင်တွေ နားအလည်ဆုံးပါ။

ခက်ခက်ခဲခဲ ဖန်တီးရတာချင်းအတူတူ တစ်ယောက်နဲ့ တစ်ယောက် ၀င်ငွေရတာချင်း၊ Click ရတာချင်း၊ Engagement ရတာချင်း Search မှာ ရှာရင်လည်း Search Results Ranking တွေမတူကြတာကို ဘာကြောင့်လဲ တွေးမိဖူးလား?

တွေးမိဖူးရင် အပေါ်ကအချက်တွေ အပြင် ကိုယ်တွေးမိ၊ မြင်မိတာလေးရှိရင် Comment မှာ ပြောပေးပါလား။ အားလုံးဗဟုသုတရတာပေါ့။

အဲ့တော့ Content တွေ ကနေ ၀င် ငွေ တိုးဖို့ ဆိုတာ ကိုယ့် Content တွေကို Click များအောင်၊ Engagement များအောင်၊ Organic reach များအောင် လုပ်ဖို့ “အစဉ်တစိုက်” ကြိုးစားဖို့ လိုပါတယ်။

ဒါတွေများအောင် လည်း (Social Media) SEO အားကောင်းဖို့လိုပါတယ်။

ကိုယ်က လုပ်ငန်းရှင်ဖြစ်ရင် ငွေ သုံးပြီး boost လုပ်တာ၊ paid service တွေ ၀ယ်သုံးတာကလည်း SEO friendly ဖြစ်ရင် ပိုပြီးထိရောက်ပါတယ်။

ကိုယ် က content creator ဖြစ်ရင်…. SEO အားကောင်းတဲ့ အခါ အခြား content တွေ ပို reach/engagement ကောင်းတာကို Client က သိတာတဲ့ ရလဒ် ကို ရမှာ ဖြစ်ပါတယ်။

boost လိုက်ရင်လည်း ကိုက ရလဒ်ပိုင်းကောင်းတာ ကို တွေ့ရလို့ ကျေနပ်မှာဖြစ်ပါတယ်။

အားလုံးပဲ Content တွေ က နေ အရင်ထပ် ပို ၀င်ငွေ တိုးနိုင်ကြပါစေ…။

Read-ဇာတ်လမ်းပုံစံ ကြော်ငြာဆောင်းပါးကောင်း တစ်ခုဖြစ်လာဖို့

Credit; Joe Hu

Read times
Rate this item
(1 Vote)