-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ့်ဆိုင်၊လုပ်ငန်း Google Maps ပေါ်မှာပေါ်လာပြီးရင် ဘာဆက်လုပ်ရမလဲ?

ကိုယ့်ဆိုင်၊လုပ်ငန်း Google Maps ပေါ်မှာပေါ်လာပြီးရင် ဘာဆက်လုပ်ရမလဲ? google.com


ပြီးခဲ့တဲ့အပတ်က ကိုယ့်ဆိုင်၊ လုပ်ငန်းကို Google Maps ပေါ်မှာ ပေါ်အောင် လုပ်နည်းလေး မိတ်ဆက်ခဲ့ပြီးပြီ ဆိုတော့ ခုလောက်ဆို.. Google Maps ပေါ် ရောက်လာကြ ရောပေါ့..။

Congratulations ပါ…. ဘာလို့ဆို သင့်လုပ်ငန်းဟာ သင့် Customer ရဲ့ ဖုန်း၊ tablet၊ ကွန်ပြူတာတွေ ထဲကို ၀င်ရောက်ဖို့ ခြေလှမ်း တစ်လှမ်းစပြီးလို့ ဖြစ်ပါတယ်။

ဒီ ခြေလှမ်းကို အထင်မသေးလိုက်ပါနဲ့ ။

မြန်မာနိုင်ငံမှာ လူတစ်ယောက်က Smart ဖုန်းတစ်လုံးကို တစ်ရက်မှာ အနည်းဆုံး ပျှမ်းမျှ လေးနာရီ သုံးနေကြတာ ဖြစ်ပြီး ၂၀၁၈ ထဲမှာ အင်တာနက် သုံးတဲ့ လူဦးရေ ဟာ 32.3 million ရှိတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Google Maps မှာ ပေါ်လာပြီးပြီ ဆိုကတည်းက သင့်မှာ Google My Business (GMB) account ရှိနေပြီဖြစ်ပြီး အခြား Google Product တွေ ဖြစ်တဲ့

Local Finder, Local Pack, Google Plus, Google Search တွေ မှာ ပါ သင့် လုပ်ငန်း၊ဆိုင် ကို ပေါ်လာအောင် လုပ်လို့ ရတော့မှာဖြစ်ပါတယ်။

အဲ့တော့ Google Maps မှာ ကိုယ့်လုပ်ငန်းပေါ်လာပြီး နောက်ပိုင်း ဘာဆက်လုပ်ရမလဲ မေးရင်… တိုတိုပြောရရင်… Google My Business (GMB) account ကို Listing တက်အောင် လုပ်ဖို့ပါ။

Listing တက်အောင် ဆိုတာ ဘာ လဲဆို ခေါက်ဆွဲဆိုင်လို့ ရှာလိုက်တာနဲ့ Google Database ထဲက ဆိုင်ပေါ် များစွာထဲကမှ ကိုယ့်ဆိုင် က အရင်ပေါ်လာတာမျိုးပါ။

လုပ်လို့ ရတာ တွေ အများကြီးထဲမှာမှ မြန်မာပြည်နဲ့ လည်း ကိုက်ပြီး အကုန် အကျ မရှိပဲ လိုက်လုပ်လို့ လွယ်တာလေးတွေ ရေးထားပေးပါတယ်။

တစ်ပုံချင်းစီကြည့်သွားနော်။ ပုံနဲ့ စာ တွဲရေးထားပါတယ်။ အားလုံးပဲ အကျိုးရရှိပြီး ၀င်ငွေများတိုးကြပါစေဗျ...။

ဖောပြထားတဲ့ အဆင့်လေးတွေကိုလိုက်လုပ်ကြည့်လိုက်ပါ သိပ်မခက်ပါဘူးနော်...။

အဆင့်(၁)

ကိုယ့် Profile ကိုပြီးအောင် လုပ်ပါ။ ပြောချင်တာက Google က မေးသမျှ မေးခွန်းတွေကို အတတ်နိုင်ဆုံး ပြီးစီးအောင် ဖြည့်သွင်းပါ။

Local Phone Number မဖြစ်မနေ ထည့်သွင်းဖော်ပြပါ။ ဒါဟာ GMB Listing ကို တက်စေပါတယ်။

အဆင့်(၂)

Google My Business (GMB) မှာ Posts တွေ တင်ပါ။ ဖေ့စ်ဘွတ် မှာလိုပါပဲ . အကောင့် မှာ ပုံတွေ စာ တွေ Content တွေ တင်ပါ။

ပုံတွေတင်မယ် ဆိုရင်.. JPG or PNG format နဲ့ တင်ပါ။ Size က 10 KB and 5 MB အတွင်း ထားပါ။ Max resolution ကတော့ 720 x 720 px ဖြစ်ကပါတယ်။

အရင်အပတ် က Content မှာ Comment ပေးသွားသူတွေ ထဲမှာ သွားဆေးခန်းလုပ်ငန်း လုပ်နေသူတွေ ပါလို့ တစ်ခုလေး သတိပေးချင်ပါတယ်။

ခွဲစိတ်နေတဲ့ ပုံတွေ၊ သွေးထွက်နေတဲ့ ပုံတွေဟာ ယေဘုယျအားဖြင့် တင်လို့ ရပေမယ့် Social Credit Score ကို ကျစေနိုင်ပါတယ်။

ဘာလို့ ဆို Google တို့ ဖေ့စ်ဘွတ်တို့ ရဲ့ Community Standard အရ ဒါဟာ သူတို့ ရဲ့ User တွေ ကို အနှောက်အယှက် ပေးတယ် လို့ ယူဆ ထားလို့ပါ။

ဖေ့စ်ဘွတ်ဆိုရင် Aesthetic ဆေးခန်းမှာ နှာခေါင်းခွဲစိတ်ထားတဲ့ လူနာရဲ့ Before and after ပုံမျိုးကိုတောင် Boost လွယ်လွယ်နဲ့ မပေးပါဘူး။

Manual Review တင်မက Appeal ပါ လုပ်ရပါတယ်။

အဆင့်(၃)

Booking Button Feature မှာ သင့်လုပ်ငန်းရဲ့ Operation Schedule များနဲ့ ချိန်ညှိုပါ။
ဘာလဲဆို ဥပမာ သွားဆေးခန်း ဆိုပါဆို့ Booking feature ရှိတဲ့အခါ ..သင့်လူနာက သင့်ရဲ့ Service Hour အတွင်းမှာ အွန်လိုင်းက နေ Booking လုပ်လို့မှာပါ။

ဘယ်လောက် ပိုင်ထားလဲ .. ဘာ Software မှ မလိုတဲ့ အပြင်… Booking Status တွေ Google Calendar ကနေတဆင့် သင့် ဖုန်းထဲကို ၀င်လာမှာ ဖြစ်ပြီး

လူနာ Schedule တွေကိုလည်း ကိုယ့်ရဲ့ ဖုန်းထဲက နေ အကုန် မြင်ရမှ ဖြစ်ပါတယ်။

ဒါ့အပြင် လူနာရဲ့ Email, Phone နံပါတ် တွေ အပြင် အခြား အခြေခံ information တွေ လည်း စာရင်းပြုစုပြီးသား ရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး .. ဟော်တယ်၊ တည်းဆိုခန်း၊ စားသောက်ဆိုင်၊ Spa အစရှိတဲ့ လုပ်ငန်းတွေလည်း လုပ်နိုင်ပါတယ်။

အခြား ဘာ booking software မှ မလိုပါဘူး။ ကဲ ဘယ်လိုလဲ… Google My Business ကို သိတာ နောက်ကျ နေပါလားတောင် ထင်နေပြီ မလား။


အဆင့်(၄)

Question and Answer Section လေး လုပ်ထားပါ။ ဒါမှ customer တွေ က အမေးအဖြေ လာလုပ်ပြီး ကိုယ် နဲ့ Communicate လုပ်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ့် Customer တွေ ကိုယ့်ဆီ ဆက်သွယ်လာရင် ပြစ်မထားပါနဲ့ ။ အရေးတကြီး ကို သေချာဂရုစိုက်ပြီး အကြောင်းပြန်ပေးပါ။

ဘာလို့ဆို .. ဒါဟာ ကို့ရဲ့ Service Level ဟာ Customer Satisfaction ကို အကောင်းဆုံး ပေးစွမ်းစေမှာ ဖြစ်တဲ့ အပြင် …

Google က လည်း ဒါကို Engagement ကောင်းတယ်လို့ ယူဆမှာ ဖြစ်ပြီး ကိုယ့်လုပ်ငန်းကို GMB listing တက်စေမှာ ဖြစ်ပါတယ်။
.
Study အရ Google Maps ပေါ်မှာ Locations Search လုပ်သူတွေရဲ့ 25% ဟာ Question ရှိကြပြီး အဲ့ မေးခွန်း အများစု ဟာ အဖြေပြန်မရကြဘူး…။

အဲ့ တော့ ဘာလဲ ဆို ကိုယ် က ပြန် ဖြေပေးရင်.. ပိုပြီး လွယ်လွယ်ကူကူ Google My Business (GMB) listing တက်လာမှာဖြစ်ပါတယ်။


အဆင့်(၅)

Reviews Section လေးလည်း လုပ်ထားပါ။

Google ဟာ Ethical ranking ကိုလည်း ထည့်တွက်လို့ …. Reviews ဟာ လည်း Enthical ပိုင်းကို ထောက်ပံ့ပေးလို့ GMB listing ကို တက်စေပါတယ်။

ကိုယ်တွေ နိုင်ငံမှာတော့ review ကို အရမ်း အလေးထားတဲ့ ဘက် ရောက်မလာသေးပေမယ့်..

ကိုယ့် လုပ်ငန်းဟာ နိုင်ငံခြား သား Customer တွေကို ထိတွေ့ရမယ် ဆိုရင်.. Reviews Section ကို မဖြစ်မနေ ထည့်ပေးဖို့ တိုက်တွန်းပါတယ်။
.
အထူးသဖြင့် စားသောက်ဆိုင်၊ ဟော်တယ်တွေပါ။ Tourist တွေ အများစုသည် သေချာပေါက် Reviews တွေကို ကြည့်ပါတယ်။

Reviews များရင်… Engagement မျာ့းရင် .. Google အပြင် Trip Advisor တို့ Agoda တို့မှာပါ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ပေးမှာ ဖြစ်ပါတယ်။

ဒါဆိုကိုယ့်ဆိုင်၊ လုပ်ငန်းကို နိုင်ငံခြားသား/tourist တွေ လာရောက်အားပေးအောင် အားကြီး တွန်းအားတွေ ရရှိမှာဖြစ်ပါတယ်။


အဆင့်(၆)
ကိုယ့် GMB listing “insights” ကို အမြဲ Monitor လုပ်ပါ။

ဘာလဲဆို … ကိုယ့်  Customer တွေ ကို့ ကို ဘယ် လို ရှာတွေ့ သလဲ ဆက်သွယ်သလဲ ပေါ့.. ။

Direct Phone call လား၊ Searches တွေကနေလား။ Photo တွေကနေလား။ Google Maps ကနေလား။ အစရှိသဖြင့်ပေါ့..။

ဘာလို့ဆို … ကိုယ်ဆီ Customer များများလာတဲ့ Channel မှာ ကို ယ် ကပိုပြီး ရင်းနှီးမြှုပ်နှံရမယ်လေ..။

ဥပမာ .. ကိုယ့် customer က ပုံတွေ က တဆင့်လာရင် ပုံများများတင်မှာပေါ့..။

Search ကနေ အလာများရင် Search Engine Optimization/Marketing တွေ ပိုမိုလုပ်ဆောင်မှာပေါ့။ ဟုတ်ဘူးလား ။

Recommended for you-ကိုယ့်ဆိုင် ကိုယ့်လုပ်ငန်းကို Google Maps ပေါ်မှာ ပေါ်အောင် ဘယ်လိုလုပ်မလဲ?

Photo Credit; atomsuit

Source;atomsuit

Read times
Rate this item
(2 votes)