-->
×

Warning

JUser: :_load: Unable to load user with ID: 29


Light Offset မှ တည်ထောင်သူ ကိုဟန်စိုးနှင့် အင်တာဗျူး

Light Offset မှ တည်ထောင်သူ ကိုဟန်စိုးနှင့် အင်တာဗျူး google

ဒီတစ်ခါမှာတော့ Myanmar Advertising Directory Offset Printing ကို စိတ်ပါဝင်စားတဲ့ ပရိသတ်ကြီးအတွက် Light Offset ရဲ့တည်ထောင်သူ ကိုဟန်စိုး နဲ့ တွေ့ဆုံကာ မေးခွန်းလေး အနည်းငယ် မေးဖြစ်ခဲ့တယ်။

ကိုဟန်စိုး ဟာ ဆိုရင်တော့ Printing လောက မှာ အချိန်ကြာမြှင့်စွာ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ၁၉၉၉ ခုနှစ် နဲ့ ၂၀၀၀ ပြည့်နှစ်များကတည်းက ၃၃ လမ်း Star ရုံးတွင် ပညာသင်ရင်း လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ဝါရင့် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။

ကဲ …. Light Offset မှ ကိုဟန်စိုးနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပုံကို တစ်ချက်လေ့လာဖတ်ရှုလိုက်ကြရအောင် ….

 

Light offset ကို စတင်တည်ထောင်တဲ့ ခုနှစ် လေးသိနိုင်မလားရှင့်

ဖြေ - ၂၀၁၅ ခုနှစ်ထဲက စတင်ဖို့အားယူခဲ့တာ ၂၀၁၇ လောက်မှာ တော့ လုပ်ငန်းကြီးအဖြစ်စတင်လုပ်ဆောင်ခဲ့ပါတယ်ခင်ဗျ။

Light က နေပြီး ဘယ်လိုကြော်ငြာပိုင်းဆိုင်ရာတွေကိစ္စရပ်တွေကို ဝန်ဆောင်မှု့ပေးနေပါသလဲ။

ဖြေ - အဓိက ကတော့ ပုံနှိပ်ပေါ့ Paper Printing ပိုင်းကို အဓိက ပေါ့။  Vinyl ၊ Design စသည်တို့ကို ဝန်ဆောင်မှုပေးပါတယ်။

 

Light အနေနဲ့ ဘယ်လို လုပ်ငန်းပိုင်းဆိုင်ရာတွေနဲ့ တွဲဖက်ဆောင်ရွက်လုပ်ကိုင်ဖူးပါသလဲ

ဖြေ - တွဲဖက် လုပ်ကိုင်ဖြစ်တာက တော့ ကျောင်းတွေရှိမယ် ၊ အာမခံလုပ်ငန်းတွေရှိမယ် ၊ ဗူးတွေတံဆိပ်တွေလုပ်ပါတယ်။

ယခင်တုန်းက Printing ပိုင်းဆိုင်ရာနဲ့ ယခု Printing ပိုင်းဆိုင်ရာလုပ်ငန်းလောက ပြောင်းလဲလာတာမျိုးများ ရှိပါသလား

ဖြေ - ပြောင်းလဲပိုင်းတော့ ရှိပါတယ် ။ ယခင်တုန်းက တော့ လက်ကမ်းစာစောင်တွေတော်တော်များများ လုပ်ရတယ် အခုကတော့ လက်ကမ်းစာစောင်လုပ်ကိုင်ရတာ အတော်ပါးသွားပါတယ်။

ကို ဟန္စိုး ( Light Offset )

82629563_792029801298890_3390464243072499712_n.jpg

Light Offset

82143782_2738486056245072_875209000851865600_n.png

 

၂၀၂၀ နှောင်းပိုင်းမှာ ခေတ်စားကျော်ကြားလာနိုင်တဲ့ Podcast Advertising

 

ကြော်ငြာပိုင်းဆိုင်ရာလုပ်ငန်းတွေထဲ အခုက ဘာတွေခေတ်စားလာပါသလဲ

ဖြေ - Vinyl တွေ လုပ်ဖြစ်တယ် ၊ Packaging အပိုင်းတွေလုပ်ဖြစ်တယ်ပေါ့နော်

အကို့ ရဲ့ ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာတွေထဲက အနှစ်ခြိုက်ဆုံး ကို သိနိုင်မလား

ဖြေ - ကျွန်တော်က တော့ ဒီဇိုင်းပိုင်းဆိုင်ရာတွေနဲ့ ပုံနှိပ်ပိုင်းဆိုင်ရာတွေကို ပိုအားသာပါတယ်။

 

ကျွန်မ တို့ Myanmar Advertising Directory နဲ့ ဘယ်ကတည်းက စတင်လက်တွဲခဲ့တာလဲ

ဖြေ - ၂၀၁၉ ခုနှစ်ကမှ စတင်ပြီး Myanmar Advertising Directory မှာ ကြော်ငြာစထည့်ခဲ့တာပါ။

 

Myanmar Advertising Directory မှာ ဘာကြောင့်ကြော်ငြာ သင့်တယ်ထင်ပါသလဲ ပရိသတ်ကို စကားလက်ဆောင်လေးပြောပေးပါအုံးရှင့်

ဖြေ - တော်တော်များများ ကြော်ငြာချင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ က ဒီ Myanmar Advertising Directory စာအုပ်ကိုပဲ ကြည့်ပြီး အလုပ်တွဲလုပ်ဖို့ ကြည့်ကြတာလေ ၊ အဓိက က ဒီထဲမှာ ပုံနှိပ်တာတွေ တော်တော်များများ ထည့်ထားတာကိုး ဒါကြောင့် အခြားလုပ်ငန်းများနည်းတူ ကိုယ့်လုပ်ငန်းကို လည်း တစ်ခုအနေနဲ့ ပါအောင်ထည့်လိုက်တာပါ။

 

ူLight offset printing ကို ဆက်သွယ်လို့ရတဲ့ လိပ်စာ ဖုန်းနံပါတ်လေးကိုပြောပြပေးပါ

ဖြေ- လိပ်စာက အမှတ် (၂၇၁)၊ လမ်း ( ၄၀ ) အပေါ်ဘလောက် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပြီး
ဖုန်းနံပါတ်က 09-421205090, 09-5408407, 09-5405911 တို့ပဲ ဖြစ်ပါတယ်။

အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ကှေးဇူးတင်ပါတယ်ရှင်။

 

<<<zawgyi>>>



==============================================




 





 





 

ကြော်ငြာ အေဂျင်စီတစ်ခုမှ လူအားလုံး သြစတေးလျ တောမီးလောင်မှုအတွက် ကူညီနိုင်အောင်ဖန်တီးပေး

 

ကို ဟန္စိုး ( Light Offset )

82629563_792029801298890_3390464243072499712_n.jpg

Light Offset

82143782_2738486056245072_875209000851865600_n.png

 





 



 



 




 

Interviewed by Shin Min Bo


Read times
Rate this item
(0 votes)