-->
×
Warning
JUser: :_load: Unable to load user with ID: 29
{Unicode}
--------------
Apex ကြော်ငြာ လုပ်ငန်း တည်ထောင်သူ ကိုသော်ဇင် နှင့် အင်တာဗျူး
ဒီတစ်ခါမှာတော့ Myanmar Advertising Directory ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာတွေကို စိတ်ပါဝင်စားတဲ့ ပရိသတ်ကြီးအတွက် Apex ရဲ့တည်ထောင်သူ ကိုသော်ဇင်လင်း နဲ့ တွေ့ဆုံကာ မေးခွန်းလေး အနည်းငယ် မေးမြန်းဖြစ်ခဲ့ပါတယ်။ 
ကိုသော်ဇင်လင်း ဟာ ဆိုရင်တော့ ကိုသော်ဇင်လို့ လူသိများပြီး ကြော်ငြာလုပ်ငန်းလောက ထဲကို ရောက်ခဲ့တာ ၂၀၀၈ လောက်ကတည်းကပါ သူ ၁၀ တန်းအောင်ပြီး ကတည်းက ဒီလုပ်ငန်းထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၁၁ မှာ ကြော်ငြာ လုပ်ငန်းစု တစ်ခုမှာ မန်နေဂျာ အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သူ တစ်သီးဖြစ်ပါတယ်။ ကြော်ငြာ လုပ်ငန်းနယ်ပယ်မှာ ၁၀ နှစ် အထက် လုပ်ကိုင်ကျင်လည်ခဲ့တစ်ဦးဖြစ်ပြီး ဈေးကွက်တိုးမြှင့် ချဲ့ ထွင်ရေး ကိစ္စတွေမှာလည်း စိတ်ပါဝင်စား လေ့လာခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ကဲ …. Apex မှ ကိုသော်ဇင်လင်း နှင့် တွေ့ဆုံ မေးမြန်းခဲ့ပုံကို တစ်ချက်လေ့လာဖတ်ရှုလိုက်ကြရအောင် ….
No photo description available.
Apex ကို စတင်တည်ထောင်တဲ့ ခုနှစ် လေးသိနိုင်မလားရှင့်
ဖြေ - ၂၀၁၅ ခုနှစ် အောက်တိုဘာလ ကတည်းက စတင်တည်ထောင်ခဲ့တာပါ။
Apex က နေပြီး ဘယ်လိုကြော်ငြာပိုင်းဆိုင်ရာတွေကိစ္စရပ်တွေကို ဝန်ဆောင်မှု ပေးနေပါသလဲ။
ဖြေ - အကို့လုပ်ငန်း ရဲ့ ဝန်ဆောင်မှု့ တွေက တော့ ၂ မျိုးရှိတယ်။တစ်ခုကတော့ Printing , Printing မှာ မှ Digital injet printing တွေရှိတယ်။ Off-set printing တွေ ရှိမယ်ပြီးတော့ Vinyl printing ပေါ့။နောက်တစ်ခါ ကတော့ Service လုပ်ပေးတာရှိတယ် ။ အဲ့တာကတော့ Printing မလုပ်ပေးပဲ Customer တွေအတွက် Design ဆွဲပေးတာ ရှိတယ်။Installation တွေလုပ်ပေးတာရှိတယ်။
Apex အနေနဲ့ ဘယ်လို လုပ်ငန်းပိုင်းဆိုင်ရာတွေနဲ့ တွဲဖက်ဆောင်ရွက်လုပ်ကိုင်ဖူးပါသလဲ။
ဖြေ - အကိုတို့နဲ့ လက်တွဲ လုပ်ကိုင်နေတဲ့ Brand တွေကတော့ အများကြီး ရှိတယ်။အဲ့ထဲမှာမှ ထင်သာ မြင်သာ ရှိတဲ့ ဟာတွေဆို Honda ပေါ့ Honda ဆိုရင် အကိုတို့နဲ့ လက်တွဲလာတာ တော်တော်ကြာပြီ။ ဖုန်းနဲ့ ပတ်သက်ရင် Samsung ပေါ့ Samsung ကိုယ်စားလှယ်တွေအများကြီးရှိတဲ့ ထဲကမှ မြန်မာပြည်အောက်ပိုင်းက Samsaung လုပ်ငန်းစုတွေနဲ့ အကိုတို့ တွဲလုပ်ရတာတွေ ရှိတယ်။ အခြား နာမည်ကြီးတဲ့ Brand တွေ တော်တော်များများနဲ့ လည်း အကို တို့တွဲလုပ်ဖြစ်ပါတယ်။
ယခင်တုန်းက ကြော်ငြာ ပိုင်းဆိုင်ရာနဲ့ ယခု ကြော်ငြာ ပိုင်းဆိုင်ရာလုပ်ငန်းလောက ပြောင်းလဲလာတာမျိုးများ ရှိပါသလား။
ဖြေ - လက်ကမ်းစာစောင်တွေက အရင်က ထက်စာရင် အနည်းငယ်လျော့ လာတယ်။သိသိသာသာ ကြီး ထိုးကျ သွားတာမျိုးတော့ မဟုတ်ဘူးပေါ့ နည်းနည်းပါးပါးတော့ Printing ကတော့ ရှိနေသေးတယ်။ Billboard တော့ သိသိသာသာ လျော့ လာတာတွေ့ရတယ်။ဘာလို့လဲ ဆိုတော့ Trend ကလည်း ညီမ သိတဲ့အတိုင်းပဲ အခုက Online Marketing ဘက်ကို သွားတာ ဆိုတော့ Billboard Markeing ကတော့ အတော်လေးကျသွားပါတယ်။ ချုံပြောရရင် Outdoor Advertising အနည်းငယ်ကျလာတာတွေ့ရပါတယ်။ အခုနောက်ပိုင်းမှာ လူတွေက Marketing ကိစ္စ ရပ်တွေကို Online ကို သာ အားကိုးလာကျတယ် Cost ကလည်း သက်သာတာကိုး ။
အကို့ ရဲ့ ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာတွေထဲက အကို့ အနှစ်ခြိုက်ဆုံး ကို သိနိုင်မလား ?
ဖြေ - အကို သဘောအကျ ဆုံးကတော့ Off set printing တွေ သဘောကျတယ် နောက်တစ်ခု ကနောက်ပိုင်းမှာ အကိုတို့ က Event တွေလုပ်ပေးရတာ အကိုတို့ က သဘောကျတယ် ပွဲတွေစီစဉ်ပေးရတာမျိုးပေါ့။Installation တွေလုပ်ပေးရတယ်။အကိုတို့ဆီမှာ Vinyl တွေ Sticker တွေ လုပ်ပေးရပါတယ်။
အကို့ အနေနဲ့ ကျွန်မ တို့ Myanmar Advertising Directory နဲ့ ဘယ်ကတည်းက စတင်လက်တွဲခဲ့တာလဲ ?
ဖြေ - အကို့အထင် ၁၀ စုနှစ်တစ်ခုလောက်ရှိပြီ ထင်တယ် ။ ၂၀၁၅ က စတင်တည်ထောင်တယ်ဆိုပေမဲ့ အကို့ Apex မလုပ်ခင်ကတည်းက Imax ဆိုပြီး သူငယ်ချင်းတွေနဲ့ တွဲလုပ်တာ ရှိတယ်။အဲ့မှာလဲ Media ပိုင်းကို အကိုက ကိုင်ရတော့ အဲ့ကတည်းက ညီမတို့ MAD ကို အကို သဘောကျပြီး လက်တွဲခဲ့တာပါ။ MAD က အဲ့ရှေ့မှာ မရှိသေးဘူးလေ ဒီတော့ MAD သက်တမ်းနုနု အချိန်ထဲက အကိုတို့ နဲ့ လက်တွဲခဲ့တာပါ။
Myanmar Advertising Directory မှာ ဘာကြောင့်ကြော်ငြာ သင့်တယ်ထင်ပါသလဲ ပရိသတ်ကို စကားလက်ဆောင်လေးပြောပေးပါအုံးရှင့် 
ပွင့်လင်းစွာပြောရရင်တော့ အရင်တုန်းက စာအုပ်ဖတ်တဲ့ ခေတ်ဆိုတော့ MAD စာအုပ်တွေမှာ ကြော်ငြာတာ အရမ်း ထိရောက်ခဲ့တယ် ။ စာအုပ်တွေမှာ ကြော်ငြာ ထည့်တာကို လျော့ဖို့ တွေးထားပေမဲ့ MAD အနေနဲ့ Website နဲ့ Social Media ကို တိုးဖောက်တာ တကယ်ကောင်းပါတယ်။
Apex ကို ဆက်သွယ်လို့ရတဲ့ လိပ်စာ ဖုန်းနံပါတ်လေးကိုပြောပြပေးပါ
ဖြေ- လိပ်စာကတော့ အမှတ် . ၂၈၂ , လမ်း ၄၀ အပေါ်ဘလောက် , ကျောက်တံတားမြို့နယ် , ရန်ကုန်မြို့ပါ။ ဖုန်း- ၀၉၄၃၁၈၃၉၈၆
အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
Read times
Rate this item
(0 votes)