-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကျားသြဇာ ခေတ်ပေါ်ဈေးကွက်ပညာ

အိမ်မှုကိစ္စအ၀၀မှာ နေ့စဉ် ကိုင်တွယ် ဖြေရှင်းပေးရတဲ့ ကိစ္စကြီးတစ်ခုက စားရေး သောက်ရေးအတွက် စီမံပေးရတာ ဖြစ်ပါတယ်။

တစ်ချိန်တုန်းက မိန်းမတွေ ကြီးစိုးထားတဲ့ ကိစ္စ ဖြစ်ခဲ့ပြီး အခုအခါမှာ မောင်တစ်ထမ်းမယ်တစ် ရွက်ဆိုတဲ့အတိုင်း လင်ရောမယားပါ အလုပ် လုပ်ကြရပြီး အိမ်ထောင်စုအတွက် ၀င်ငွေရှာကြ ရတာတွေ များနေပြီ ဖြစ်တဲ့အပြင် မောင်တစ်ရွာ မယ်တစ်မြို့ဆိုသလို တစ်ယောက်တစ်နယ်စီ ခွဲပြီး နေကြရတာတွေလည်း များနေပြီ ဖြစ်တာ ကြောင့် စားရေးသောက်ရေးကိစ္စကို မြို့ပြယဉ် ကျေးမှုမှာ လင်တော်မောင်တွေက လုပ်ကိုင်ပေး ကြရတာတွေ များနေပြီးသား ဖြစ်ပါတယ်။
အဲဒီလို အပြောင်းအရွေ့ဖြင့် စီးဆင်းတာ မှာ စားရေးသောက်ရေးအတွက် စားစရာ သောက်စရာတွေ ၀ယ်ခြမ်းတဲ့တာဝန်ကိုလည်း အမျိုးသားတွေ ထမ်းဆောင်လာကြရပါတယ်။

နိုင်ငံတကာ စားသောက်ကုန်လုပ်ငန်းကြီး တွေဟာ နေ့စဉ် ၀ယ်ယူသုံးစွဲနေမှုကို စောင့် ကြည့်ပြီး ထွက်ပေါ်နေတဲ့ ရလဒ်တွေကို အခါ အားလျော်စွာ ဆန်းစစ်ကြည့်လေ့ရှိပါတယ်။ အဲဒီလို ဆန်းစစ်ကြည့်တဲ့အခါ စူပါမားကက်လို လက်လီအရောင်းဌာနတွေမှာ အမျိုးသားတွေ စားသောက်စရာ ၀ယ်ယူမှု များလာနေတာကို သတိမူမိခဲ့ကြပါတယ်။ Kraft Foods Group Inc. ၊ General Mills Mills Inc. အစရှိတဲ့ စား သောက်ကုန် လုပ်ငန်းကြီးတွေဟာ အမျိုးသား ဈေးဝယ်မှုမှာ အနိုင်ရဖို့ အပြိုင်အဆိုင်ကြိုးစား ကြတာကို တွေ့ရပါတယ်။
အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ ၀ယ်ယူ ကြတာမှာ ၀ယ်ယူသူ အမျိုးသမီးဦးရေနဲ့ အမျိုး သား ဦးရေ အတူတူလောက် ဖြစ်နေတာကြောင့် ယခုလို ကြိုးပမ်းအားထုတ်ကြရတာ ဖြစ်ပါ တယ်။ အဲဒီလို ချက်ပြုတ်ရေးအတွက် ၀ယ်ခြမ်း ကြတဲ့ ယောက်ျားဘသားတွေကို ဦးတည်ချိန် ရွယ်ပြီး သက်ရောက်မှုပေးထားတဲ့အရာကို ကျားသြဇာရှင် (manfluencer)လို့ ခေါ်ဝေါ်ကြ ပါတယ်။ ကုန်စည်ကြော်ငြာ၊ ထုပ်ပိုးမှုဒီဇိုင်း၊ ထုတ် ကုန်ဒီဇိုင်း စတာတွေမှာ အမျိုးသားတွေ ၀ယ်ချင်စိတ်ပေါက်အောင် သြဇာသက်ရောက်မှု ပေးထားကြပါတယ်။
သာမန်အားဖြင့် အမျိုးသားတစ်ဦး ၀င် ရောက်စွက်ဖက်ခြင်း မရှိတဲ့ဟာကို ၀င်ရောက် လုပ်ကိုင်တာကို ကျားသြဇာ (manfluence) လို့ ခေတ်ပေါ်ဈေးကွက်ပညာဝေါဟာရအဖြစ် သုံး နှုန်းကြပါတယ်။
အမျိုးသား ဈေးဝယ်ထွက်သူတွေကို သက်ရောက်မှု ပြုပေးဖို့အတွက် အလွယ်ကူဆုံး အဖြစ် လုပ်ကိုင်ပေးတဲ့နည်းတစ်ခုကတော့ ထုပ်ပိုးပုံကို ပြောင်းလဲပေးလိုက်တာ ဖြစ်ပါ တယ်။ အမျိုးသမီးတွေအတွက် ထုတ်ပေးထား တဲ့ဟာထက် အရွယ်အစား ပိုကြီးပေးတာ၊ သုံးစွဲထားတဲ့ ထုပ်ပိုးပစ္စည်းမှာ အရောင်ရင့်ရင့် သုံးပေးတာ၊ အမျိုးသားအတွက်လို့ တဲ့တိုးဖော် ပြပေးတာမျိုးတွေ ဖြစ်ပါတယ်။ အပြင်ပန်းမှာ ကွာခြားနေပေမဲ့ အထဲမှာ ပါတဲ့ စားသောက်စရာ က တထေရာတည်း တူနေကြပါတယ်။
ဒတ်ခ်ျကုမ္ပဏီဖြစ်တဲ့ Innova Market Insights မှာ လုပ်ကိုင်လျက်ရှိသူ Lu Ann Williams က ဖိုမသဘာဝကို အခုလို ရှင်းပြခဲ့ ပါတယ်။
“ဘီယာပုလင်းမှာ လည်ပင်းကို ရှည်ပြီး သိမ်ပေးထားတာ ယောက်ျားဘသား ဆန်တယ်။ ပုလင်းလည်ပင်းကို ကိုင်ပြီး ပါးစပ်ကို ဟောင်း လောင်းဖွင့်၊ မော့သောက်တာ ယောက်ျားဆန် တယ်။ စုပ်ပြွန်(straw)နဲ့ နှုတ်ခမ်းနှစ်ခုကို စေ့ပြီး သောက်ဖို့ လုပ်ပေးထားရင်တော့ အားနွှဲ့တဲ့ မိန်းမသား ဆန်ပါလိမ့်မယ်။ “
မိန်းမတွေသာ အသောက်များတဲ့ တစ်ခါ သောက်စာ ဒိန်ချဉ်ခွက်ဘူးကို အမျိုးသားတွေ အတွက် ဦးတည်တဲ့အခါ အမည်တံဆိပ်မှာ စာလုံးတွေ ဖော်ပြတာကို အသားထူထူတောင့် တောင့်သုံးစွဲရမှာ ဖြစ်ပါတယ်။ ထည့်ပေးထားတဲ့ ဒိန်ချဉ်ပမာဏ ပိုများရမယ်။ ပြီးတော့ ပရိုတင်း ပါဝင်မှု ပိုများရမှာဖြစ်ပါတယ်။
အဲဒီ ကျားသြဇာရှင် နည်းပရိယာယ်ကို ဂရိဒိန်ချဉ် Powerful Yogurt ကို ၂၀၁၃ခုနှစ် မတ်လမှာ ကုန်စည်အသစ်အဖြစ်ကျားသြဇာရှင် အသုံးပြုပြီး စီမံဆောင်ရွက်ခဲ့ပါတယ်။ အနီနဲ့ အနက် နှစ်ရောင်ခြယ် ခွက်ဘူးခွံကို အသုံးပြု ခဲ့ပြီး နွားသိုးဦးခေါင်းပုံကို တံဆိပ်အဖြစ် ဖော်ပြ ပေးထားပါတယ်။ ပုံမှန်အားဖြင့် ခွက်ဘူးထဲမှာ ဒိန်ချဉ် ၅-၆ အောင်စ ထည့်ပေး နေကျဖြစ်ပေမဲ့ ယခုခွက်ဘူးမှာတော့ ၈ အောင်စ ထည့်ပေးထား ပါတယ်။ ကြော်ငြာမှာတော့ အမျိုးသားများ အတွက် ဒိန်ချဉ်လို့ ပြောဆိုပါတယ်။ ယောက်ျား ဘသားတစ်ယောက်ရဲ့ ၀မ်းဗိုက်ကြွက်သားတွေ နဲ့ အတူတွဲပြီး ခွက်ဘူးကို ပြသပါတယ်။
နောက်ထပ် ဒိန်ချဉ်လုပ်ငန်းတစ်ခုကတော့ ‘ကျားတွေလိုစား’ဆိုတဲ့ ကြွေးကြော်သံနဲ့ ညီအစ် ကိုတတွေစားဖို့ ဒိန်ချဉ်ဆိုပြီး အမည်ကအစာ ညီအစ်ကိုဒိန်ချဉ် (Brogurt) ဆိုပြီး ဈေးကွက်ကို တင်ပါတယ်။
အဲဒီလို တစ်ခါသောက်စာ ဒိန်ချဉ်ခွက်ဘူး တွေကို မိန်းမသားတွေအတွက်သာ ရည်ရွယ်ခဲ့ ကြတာကြောင့် ခွက်ဘူးတွေ တင်ထားတဲ့စင်ကို မိန်းမသားတွေ နှစ်သက်တဲ့ အပြာနု၊ ပန်းနု၊ အဖြူ စတဲ့အရောင်တွေ သုံးစွဲခဲ့ကြပါတယ်။ ရောင်းချတဲ့ အရောင်းသမတွေက ကုန်စည် အကြောင်း ရှင်းပြတဲ့အခါ ဒိန်ချဉ်သောက်ရင် အစာလမ်းကြောင်းမှာ အစာချေဖျက်တာကို အထောက်အကူပြုတဲ့အကြောင်း၊ အသားအရေ ၀င်းဝါစိုပြေတဲ့အကြောင်းတွေကို ပြောပြကြမှာ ဖြစ်ပါတယ်။ အမျိုးသားတွေ စိတ်ဝင်စားတဲ့ ပရို တင်းဓာတ် ပါဝင်နှုန်းကိုတော့ ပြောပြကြမှာ မဟုတ်ဘူး။
အေးခဲထားတဲ့ ဒိန်ချဉ်ခွက်ဘူးဟာ အမျိုး သမီးတွေ စားသောက်တဲ့ စားသောက်စရာ အဖြစ် သတ်မှတ်ထားတာကြောင့် အမျိုးသား တွေ လက်ရှောင်ကြပါတယ်။ ဒီတော့ အမျိုးသား တွေအတွက် ရောင်းချဖို့ လုပ်ကြတဲ့အခါ အထူး ဂရုစိုက်ပြီး ရေလာမြောင်းပေး လုပ်ကြရပါတယ်။
Pro Yo ဆိုတဲ့အမည်ဖြင့် အေးခဲဒိန်ချဉ် ထုတ်လုပ်တဲ့ Twin Cups LLC ကုမ္ပဏီကို ပူးတွဲ ထူထောင်သူ နသန်ကာရေးက ဒိန်ချဉ်သောက် သူ အများစုက အမျိုးသမီးတွေ ဖြစ်နေပြီး အမျိုး သမီးနဲ့အတူ လိုက်ပါလာတဲ့ အမျိုးသားက ကော်ဖီကို သောက်သုံးတယ်လို့ ပြောပြပါတယ်။ ဒီတော့ သူ့ရဲ့ Pro Yo ကို ဈေးကွက်မှာ တင်တဲ့ အခါ အမျိုးသားတွေကို ဘယ်လိုရှင်းပြရမယ်ဆို တာ အရောင်းဝန်ထမ်းတွေကို သင်ပြပေးခဲ့ရ တယ်လို့ သူက ပြောပြပါတယ်။ သူက “လာဝယ်တဲ့သူက အမျိုးသား ဖြစ်နေ ရင် ကျွန်တော်တို့က ဘယ်လိုပြော မလဲဆိုတော့ ဒီဒိန်ချဉ်ရဲ့ အရသာက ရေခဲမုန့်အတိုင်းပါပဲ။ ပရိုတင်း ပါဝင်မှု မြင့်မားတယ်။ အခုလို ရှင်းပြလိုက်တဲ့ အခါ ၀ယ်ဖြစ်သွားပါတော့တယ်။ တကယ်လို့ အဆီပါဝင်မှုနည်းပါးကြောင်း ရှင်းပြမယ်ဆိုရင် မ၀ယ်တော့ဘဲ လှည့်ထွက်သွားမှာ ဖြစ်ပါတယ်”
လို့ ရှင်းပြခဲ့ပါတယ်။
ဘူးကြီးတစ်ဘူးမှာ ခွက်ဘူး သုံးဘူးထည့် ပြီး ထုပ်ပိုးရောင်းချတာမှာ ဘူးကြီးပေါ်မှာ ခွက် ဘူး သုံးဘူး ပါကြောင်းကို အဓိကထားပြီး ဖော် ပြခြင်း မပြုဘူး။ အေးခဲဒိန်ချဉ် ဖြစ်ကြောင်းကို လည်း အဓိကထားပြီး မဖော်ပြဘူး။ ပရိုတင်း မြင့်မား(high protein)ကြောင်းကိုသာ အသား ပေးပြီး ဖော်ပြစေခဲ့ပါတယ်။ ဘူးကြီးရဲ့ အရောင် ကိုလည်း မည်းနက်တဲ့အရောင် သုံးစွဲစေခဲ့ပါ တယ်။
အခုလို လုပ်ပေးထားတဲ့အတွက် ရလဒ် အဖြစ် ၀ယ်ယူကြသူတွေမှာ အမျိုးသားဦးရေနဲ့ အမျိုးသမီးဦးရေ အတူတူလောက် ဖြစ်နေတာ တွေ့ရပါတယ်။
စားသောက်ကုန်လုပ်ငန်းမှ လုပ်ငန်းကြီး တွေဟာ အမျိုးသမီးများအတွက် ဦးတည်ထုတ် လုပ်ထားတဲ့ စားသောက်စရာတွေမှာ အမျိုး သားတွေအတွက်ပါ ဦးတည်ထုတ်လုပ်ရင် အလုပ်ဖြစ်နိုင်တာတွေကို ရှာဖွေကြည့်ခဲ့ကြပါ တယ်။
စားသောက်ကုန်လုပ်ငန်းကြီး တစ်ခုဖြစ် တဲ့ General Mills ဟာ နွေရာသီမှာ အမေရိကန် နိုင်ငံတစ်လွှား ခရီးဆန့်ပြီး သူ့ရဲ့ ထုတ်ကုန် အမည် အမှတ်တံဆိပ်တစ် ခုဖြစ်တဲ့ Helperကို အမှတ်တံဆိပ် ပြန်လည်ထူထောင်ခြင်း ဆောင် ရွက်ခဲ့ပါတယ်။ ၀ယ်ယူစားသုံးကြသူတွေမှာ အမျိုးသားဦးရေ ပိုမိုတိုးပွားစေဖို့ ဦးတည်ပြီး လုပ်ကိုင်ခဲ့ပါတယ်။
အရောင်းကိုယ်စားလှယ်တွေက အမျိုး သားတွေ ကြီးစိုးတဲ့ နေရာတွေကို ရွေးချယ် သတ်မှတ်ပြီး Helper အမှတ်တံဆိပ်ဖြင့် ထုတ် လုပ်တဲ့ Ultimate Three Cheese Marinara နဲ့ Crunchy Taco တို့ကို နမူနာအဖြစ် အမြည်းစား ဖို့ ဝေငှခဲ့ကြပါတယ်။ မီးသတ်ဌာန၊ နက်စကာ ကားပြိုင်ပွဲ၊ တကယ့်အမျိုးသားအချက်အပြုတ် ပြိုင်ပွဲ စတာတွေမှာ ဝေငှခဲ့တာ ဖြစ်ပါတယ်။
စားသောက်ကုန်လုပ်ငန်းကြီး Kraft က သူ့ရဲ့ထုတ်ကုန် Velveeta Shells & Cheese ကို ကြော်ငြာတဲ့အခါ အလုပ်ရှုပ်နေတဲ့ မိခင်တွေ အလွယ်တကူဖြင့် စားစရာ စီစဉ်ပေးနိုင်ပုံကို မီး မောင်းထိုးပြပြီး ကြော်ငြာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က သုတေသနတစ်ခု လုပ်ကိုင်ခဲ့တဲ့ အခါ သတိမမူမိတဲ့ စားသုံးသူ အမျိုးအစား ရှိ နေတာကို သိခဲ့ရပါတယ်။
“Shells & Cheese ကို စားစရာအဖြစ် ချက်ပြုတ်စီမံပေးနေကြတဲ့ အမျိုးသားတွေရှိနေ ကြတာကို သိခဲ့ရတယ်။ သူတို့က ချက်ရေးပြုတ် ရေးကို ကျွမ်းကျင်ကြသူတွေ မဟုတ်ဘူး။ ချက် ပြုတ်တာကို ၀ါသနာကြောင့် လုပ်ကိုင်နေကြတဲ့ သူတွေ မဟုတ်ဘူး။ အခုမှ မိးဖိုချောင် စ၀င်ကြ တဲ့သူတွေလည်း ပါတယ်”
လို့ အကြီးတန်း အမှတ်တံဆိပ်မန်နေဂျာ တစ်ပ်ဟမ်နီး မာရွန်တာက ပြောပြပါတယ်။
အဲဒီလို ချက်ပြုတ်စီမံနေကြတဲ့ အမျိုးသား တွေမှာ အများစုက အသက်အပိုင်းအခြား ၂၀ နှစ်ကျော်နေ ၃၀ နှစ်ကျော် အတွင်း ရှိကြသူတွေ ဖြစ်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်ကြပြီး ကလေး မရကြသေးသူတွေ ဖြစ်ပါတယ်။
၂၀၁၂ခုနှစ် သြဂုတ်လကစလို့ Kraft က အဲဒီ အမျိုးသားတွေကို ဦးတည်ချက်ထားပြီး ကြော်ငြာခဲ့ပါတယ်။
ကော်ဖီလုပ်ငန်းတွေကလည်း နောက်ချန် ပြီး ကျန်မနေခဲ့ကြဘူး။ ကော်ဖီကို စတိုင်လ် ထုတ်ပြီး ဘီယာလို သောက်နိုင်အောင် စီမံပေး ထားကြတာတွေ ရှိပါတယ်။ စည်ဘီယာလို စည်ကော်ဖီ ထားရှိပေးထားပါတယ်။ တချို့က ကော်ဖီနှပ်ထားတာမှာ နိုက်တြိုဂျင်ဓာတ်ငွေ့ ထည့်ပေးထားကြပါတယ်။ ကော်ဖီကို ငှဲ့ထည့် လိုက်တဲ့အခါ ဘီယာလို အမြှုပ်တွေ ထနေစေဖို့ ဖြစ်ပါတယ်။ တချို့ကတော့ ကော်ဖီပူပူအပြင် ကော်ဖီအေးကိုပါ စီမံရောင်းချကြပါတယ်။
Gorilla က အအေးနှပ်ကော်ဖီကို အနီ အနက်အရောင်သုံးထားတဲ့ ဘူးတွေနဲ့ထည့်ပြီး ရောင်းချပါတယ်။ ဘူးစို့ကို ငှဲ့ထည့်တဲ့အခါ မဖိတ် စင်အောင် ဒီဇိုင်းလုပ်ပေးထားပါတယ်။ ဖန်ခွက် ထဲ ရေခဲထည့်ပြီး ကောက်ဖီရည်ကို အရက်လို ငှဲ့ထည့်ပြီး သောက်သုံးနိုင်ပါတယ်။ ၂၀၁၂ခုနှစ် မှာ စတင် ရောင်းချခဲ့ပြီး ချက်ချင်းဆိုသလို လူ ကြိုက်များ ရေပန်းစားခဲ့ပါတယ်။ ၀ယ်လိုအား ကို အမီမလိုက်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
Stumptown Coffee Roasters ကတော့ အအေးနှပ်ကော်ဖီကို ဘီယာပုလင်းတိုပုံစံ ပုလင်း ဖြင့်ထည့်ပြီး ရောင်းချပေးခဲ့တာမှာ အလုပ်ဖြစ်ခဲ့ ပါတယ်။ ရှေးခေတ်ဘီယာပုလင်းပုံစံကို အသုံး ပြုထားတာ ဖြစ်ပြီး ပုလင်းဖုံးကိုလည်း ဘီယာ ပုလင်းတွေမှာ သုံးစွဲတဲ့ သရဖူပုလင်းဖုံးကို အသုံး ပြုထားပါတယ်။
အမျိုးသမီးတွေအတွက် ထုတ်လုပ်ခဲ့ကြ တဲ့ စားသောက်စရာတွေကို ယောက်ျားသြဇာ ရှင် ဖြစ်အောင်လုပ်ကြတာမှာ ဆိုင်ဒါ (ခေါ်)ပန်းသီးအရက်လည်း ပါဝင်ပါတယ်။ အစဉ် အလာ ရှိထားတာက ယောက်ျားမှန်ရင် ဘီယာ၊ ဆိုင်ဒါဆိုတာ မိန်းသားတွေအတွက်သာ ဖြစ်ခဲ့ ပါတယ်။ Smith & Forge က အမျိုးသားတွေ အတွက် ပန်းသီးယာမကာကို ထုတ်လုပ်ခဲ့ပြီး အရက်ပါဝင်မှုကို ၆% ထည့်ပေးခဲ့ပါတယ်။ ပုံမှန်အားဖြင့် ၅%ထက် မကျော်ပါဘူး။ ဘူးခွံ ပေါ်မှာ အပြင်းစားလုပ်ထားကြောင်း (Made Strong) သိသာထင်ရှားစွာ ဖော်ပြပေးထား လိုက်ပါတယ်။ ။

Read times
Rate this item
(1 Vote)