-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူအုပ်ရင်းမြစ် ရယူခြင်း

လူအုပ်ရင်းမြစ် ရယူခြင်း (crowdsourcing) ပြုကြရာ၌ အဓိက အားကိုးသည့် အရင်းအမြစ်မှာ အပျော်တမ်းဝါသနာရှင်များ ဖြစ်သည်။

လူထုကြား တွင် သန်ရာသန်ရာ ကျွမ်းကျင်ကြသည့် ၀ါသနာအိုး များ ရှိနေသည်။ သူတို့ဝါသနာပါသည့်ကိစ္စကို သင်ပြ ဝေမျှဖို့ စိတ်အားထက်သန်ကြသည်။ ထိုသူတို့ကို အင်တာနက်မှတစ်ဆင့် ပူးပေါင်းလုပ်ကိုင်နိုင်အောင် ဆုံရပ်တစ်ခု ထားရှိပေးပြီး ထိုသူတို့၏ စုပေါင်းကြံ စည်လုပ်ကိုင်မှုကို ရယူခြင်းဖြစ်သည်။ သို့ဖြစ်ရာ အပျော်တမ်းဝါသနာအိုးတို့သည် လူအုပ်ရင်းမြစ် ရယူခြင်းအင်ဂျင်အတွက် အစွမ်းထက်သည့် မောင်း နှင်အားကို ပေးကြသူများဖြစ်သည်။
ထိုသို့ မောင်းနှင်အားကို ကျေးဇူးပြုပေးသည့် အတွက် တစ်စုံတစ်ရာ အကျိုးကျေးဇူးကို မူလက မျှော်မှန်းထားခြင်း မရှိသော်လည်း စီစဉ်ပေးသူမှ ကျေးဇူးတုံ့ပြန်သည့်အခါ ၀ါသနာအိုးသည်သူဝါသနာ ပါသည့်အလုပ်ကို လုပ်ခြင်းကြောင့် အပိုဝင်ငွေကို ရရှိသည်။ တစ်ခါတစ်ရံ၌ ရရှိလာသည့် အပိုဝင်ငွေ ပမာဏသည် မပြောပလောက်ချေ။ သို့သော် စီစဉ် ပေးသူဘက်မှ ကျကျနနဖြင့် အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်သွားသည့်အခါ ကျေးဇူးတုံ့ပြန်သည့် ပမာဏသည် မက်စရာပမာဏ ဖြစ်သွားလေ့ရှိသည်။ ထိုအခါ ၀ါသနာအိုးသည် အပျော်တမ်းဝါသနာ အလျောက် လုပ်သည်ဟု ပြောဖိုခက်သွားသည်။ ကြေးစားတစ်ဦးသဖွယ် ငွေဝင်လမ်းဖြောင့်နေသူ အဖြစ်သို့ သူ ရောက်ရှိသွားသည်။
သို့ဖြစ်ရာ 'အပျော်တမ်း' ဆိုသည့် ဝေါဟာရ အတွက် အဓိပ္ပာယ် သတ်မှတ်ချက် အသစ်တစ်မျိုး ရှိဖို့ လူအုပ်ရင်းမြစ်ရယူခြင်းလောက၌ လိုအပ်လာခဲ့ ပေသည်။
ဆိုကြပါစို့။ အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦး သည် ၀ါသနာအလျောက် လုပ်ကိုင်ရာ၌ အဆီအငေါ် တည့်သွားသဖြင့် လူအုပ်ရင်းမြစ် အစီအစဉ် စီစဉ် ပေးသူတို့ထံမှ လစဉ် ကျပ်သုံးသိန်း ၀န်းကျင် ၀င်ငွေ ရရှိနေသည်။ သူက ဓာတ်ပုံဆရာဟု သူ့ကိုယ်သူ မခံ ယူချေ။ သူ၏ အသက်မွေးအလုပ်မှာ ဆရာဝန်သာ ဖြစ်လိမ့်မည်ဟု ရည်မှန်းထားပြီး သူက ဆေးပညာကို သင်ယူနေသည်။ သို့သော် လက်ရှိဝင်ငွေက ၀င်ငွေ ခွန် ထမ်းဆောင်ရမည့် ပမာဏထဲမှာ ရောက်ရှိနေ မည်ဆိုလျှင်လည်း သူက အခွန်ထမ်းဆောင်မည် မဟုတ်ချေ။ သူက ဆရာဝန်ဖြစ်ပြီးသည့်အခါကျမှ ဆရာဝန်အလုပ်မှ ရရှိသည့်ဝင်ငွေကို အခွန်ထမ်း ဆောင်ရန်သင့်မသင့် စဉ်းစားမည်ဖြစ်သည်။
သို့ဖြစ်ရာ လူအုပ်ရင်းမြစ်ရယူခြင်းလောကထဲ ရောက်ရှိနေသူအဖို့ မည်သည်က သက်မွေးအလုပ် မည်သည်က အပျော်တမ်းဟု ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားသော်ငြားလည်း ၀င်ငွေအရကြည့် လျှင် သူ၏ အလုပ်သတ်မှတ်ပုံနှင့် ကိုက်ညီမှု မရှိ သည်ကို ကြုံရပြီး မရှင်းမလင်း ဖြစ်နေတော့မည် ဖြစ် သည်။ သူသတ်မှတ်ထားသော သက်မွေးအလုပ်နှင့် လားလားမှ မသက်ဆိုင်သည့် အပျော်တမ်းအလုပ်ထံ မှ ရရှိသည့် ၀င်ငွေက သက်မွေးအလုပ်ထံမှ ရသည့် ၀င်ငွေထက် အပုံကြီး သာနေနိုင်သည်။
အင်တာနက်သည် လူအုပ်ရင်းမြစ် ရယူရာ၌ လူအများအပြား ပါဝင်လုပ်ကိုင်နိုင်အောင် လမ်းသာ နေစေသည်။ ဥပမာအားဖြင့် ရောဂါဘယတစ်မျိုးကို ကုသပေးသည့် ဆေးမြီတိုတစ်မျိုးကို ပါဝင်သူတစ်ဦး က တင်ပြပေးလိုက်သည်။ ထိုဆေးမြီးတိုသည် တကယ်လက်တွေ့၌ ၎င်းရောဂါဘယကိုအချိန်တိုတို အတွင်း ငွေကုန်ကြေးကျ သက်သာစွာဖြင့် ပျောက် ကင်းနေသည်ဆိုပါက ထိုသူကို ဆေးဆရာဟု သတ် မှတ်သင့်ပါ၏လော။ ထိုသူက တိုင်းရင်းဆေးပညာကို ၀ါသနာအလျောက် လေ့လာလိုက်စားထားသော အင်ဂျင်နီယာတစ်ဦး ဖြစ်နေသည်ဆိုပါက သူ့ကို အင်ဂျင်နှီယာဆေးဆရာဟု ခေါ်သင့်ပါ၏လော။
ဤသို့သော ဖြစ်ရပ်များ ဖြစ်ပွားဖန်များလာ သည့်အခါ အပျော်တမ်းသည် သက်မွေးပညာရှင်တစ် ဦးထက် ပိုတော်ပိုတတ်နေသည်ကို မကြာခဏ ကြုံ ကြရသည်။ ထိုအခါ လူအုပ်ရင်းမြစ်ရယူခြင်းလောက ၌ ဝေါဟာရသစ်တစ်ခုကို သုံးစွဲလာကြသည်။
၎င်းမှာ Pro-Am ဟူ၍ ဖြစ်သည်။ Pro သည် သက်မွေးပညာ professional ကို ဆိုလိုသည်။ Am သည် အပျော်တမ်း amateur ကို ဆိုလိုသည်။ သို့ဖြစ်ရာ အဓိပ္ပာယ် သတ်မှတ်ချက်ပြုရာ၌ ပရို-အမ် တစ်ဦးသည် သက်မွေးပညာရှင် စံထက် မညံ့သော လုပ်ကိုင်နိုင်စွမ်းများဖြင့် လုပ်ကိုင်ပေးနိုင်သော အပျော်တမ်း ၀ါသနာအိုးတစ်ဦးဖြစ်သည်ဟု ဆိုထား ပေသည်။
ပရိုအမ်များကို လူအုပ်ရင်းမြစ်ရယူခြင်းက ဆုံရပ်ပြုပေးပြီး ကွန်ရက် ချိတ်ဆက်ထူထောင်ပေး ထားသည်။ ထိုအခါ ပရိုအမ်တို့ အစွမ်းပြခွင့်များ ရရှိ သွားကြသည်။ ပရိုအမ်တို့သည် မိမိဝါသနာပါသည့် ကိစ္စရပ်ကို ဗဟုသုတ ကြွယ်ဝကြသူများဖြစ်ကြပြီး တတ်သည့်ပညာ မနေသာဆိုသည့်အတိုင်း မနေနိုင် မထိုင်နိုင်ဖြင့် ၀င်ရောက်လုပ်ကိုင်ပေးကြမည်ဖြစ် သည်။ ထိုအခါ စီစဉ်ပေးသူဘက်မှ ပရိုအမ်များ စီစဉ် ထားသည့်ဆုံရပ်မှာ စွဲမြဲနေစေရန်အတွက် မက်လုံး ကို ဖန်တီးပေးထားသည်။ လုပ်ပြနိုင်လျှင် လုပ်ပြနိုင် သလို အကျိုးကျေးဇူး ရရှိစေမည့် အစီအစဉ်များ ရေးဆွဲပြဋ္ဌာန်းပေးထားသည်။ နာမည်ကြီးထမင်းငတ် မဖြစ်ရသည်မှာ သေချာအောင် စီစဉ်သူမှ ကာကွယ် ပေးထားမည်ဖြစ်သည်။
ဤနေရာ၌ လူအုပ်ရင်းမြစ် ရယူခြင်းကိုစီစဉ်သူ များကို ၀င်ငွေ အကျိုးအမြတ်အရ နှစ်မျိုးခွဲခြားရှုမြင် ပေးရမည်ဖြစ်သည်။ ဓာတ်ပုံများ ဈေးပေါပေါဖြင့် ရောင်းချပေးသည့် iStock သည် အပျော်တမ်းများနှင့် ပရိုအမ်များ ဆုံဆည်းရာ ဆုံရပ်တစ်ခုဖြစ်ပြီး တင်ပြ လာသည့် ဓာတ်ပုံများ ရောင်းချရသည့်အလျောက် တင်ပြသူမှ ၀င်ငွေရရှိမည်ဖြစ်သည်။ ပညာဗဟုသုတ များ အခမဲ့ဝေမျှရန် ထူထောင်ထားသော Wikipedia သည် လာရောက်ဖြည့်တင်းပေးကြသူများကို ၀င်ငွေ တစ်ပြားတစ်ချပ်မှ ပေးမည် မဟုတ်ချေ။ Wikipedia ၏ လူအုပ်ရင်းမြစ်ရယူခြင်းတွင် ပညာရှင်များ၊၀ါသနာ အိုးများသည် မိမိတို့၏ အားလပ်နေသောအချိန်တွင် ပါဝင်လုပ်ကိုင်ပေးနေကြခြင်းဖြစ်ပြီး ထိုသို့လုပ်ကိုင် ခြင်းအတွက် ငွေကြေးတစ်စုံတစ်ရာ ရရှိဖို့ အစက တည်းက မမျှော်မှန်းထားချေ။ ကုသိုလ်ရယူသည့် သဘောဖြင့် အားကြိုးမာန်တက် လုပ်ကိုင်ပေးကြခြင်း သာဖြစ်သည်။ ထိုသို့ လုပ်ကိုင်ပေးရသည်ကို ခံယူ ချက် ရှိထား၍ဖြစ်စေ၊ ချစ်မြတ်နိုး၍ဖြစ်စေ၊ ထိုသို့ လုပ်ပေးရသည်ကို ပျော်၍ဖြစ်စေ လုပ်ကိုင်ခြင်းဖြစ် သည်။ အကျိုးကျေးဇူး အဖိုးအခ မမျှော်မှန်းသည့် အခြားအကြောင်းကြောင့် လုပ်ကိုင်ခြင်းလည်းဖြစ်နိုင် ပေသည်။ ခြုံငုံ၍ ကြည့်မည်ဆိုပါက ဘ၀တွင် အဓိပ္ပာယ် ရှိသောအလုပ်တစ်ခုခုကို လုပ်ကိုင်ပေးလို သည့် စေတနာ အရင်းခံ ရှိနေကြပေသည်။ ထိုစေတ နာအရ လုပ်ကိုင်ပေးနိုင်စေရန် အင်တာနက်က လမ်းဖွင့်ပေးထားသည်။ နည်းပညာတို့က လွယ်ကူ ချောမွေ့အောင် လမ်းခင်းပေးထားကြသည်။
အဘက်ဘက်တွင် နည်းပညာအမျိုးမျိုးတို့ တိုးတက်ဖြစ်ပေါ်လျက်ရှိရာ၌ 'တင်ပြပေးနိုင်ခြင်း' ကို လူတိုင်း အလွယ်ဖြင့် ရရှိအောင် လုပ်ပေးထားသည်။ ထိုအခါ အချိန်ပို အားလပ်သည့်အချိန်များကို အသုံး ပြုပုံ ပြောင်းလဲသွားသည်။ အနိမ့်ဆုံးအဆင့်အနေဖြင့် ဖေ့စ်ဘုတ်ပေါ်တွင် မိမိမှ သိထားသည်ကို ဝေမျှမည် ဖြစ်သည်။ သတင်းတစ်ခု သိထားသည်ကို ဝေမျှ မည်။ ဗဟုသုတ သိထားသည်ကို ဝေမျှမည်။ ယုတ်စွ အဆုံး မိမိကြည့်နေသည့် တီဗီ အစီအစဉ်ကို အပျော် တမ်းသတင်းထောက်တစ်ဦးအဖြစ် စခရင်ကို ဓာတ် ပုံရိုက်ပြီး ဖေ့စ်ဘုတ်တွင် တင်ပြဝေမျှမည်ဖြစ်သည်။

အပျော်တမ်းလုပ်ကိုင်ကြသူများကို ရေရှည် လုပ်ကိုင်ထားသည့် ၀ါရင့်များနှင့် လက်တည့်စမ်း သည့်လက်သစ်များဟူ၍ နှစ်မျိုး ခွဲခြားသတ်မှတ်နိုင် သည်။ ထိုအခါ လက်တည့်စမ်းသည့် လက်သစ်ဦးရေ ပိုများနေသည်ကို တွေ့ကြရမည်ဖြစ်သည်။ သူတို့ သည် လက်သစ်ဖြစ်ခြင်းကြောင့် အထင်သေးရန် မသင့်ချေ။ သူတို့သည် ဇ ရှိကြသူများဖြစ်ကြသည်။
ယူကျုသည် ဗီဒီယိုများကို လူအုပ်ရင်းမြစ်ရယူ သည့် ဆုံရပ်တစ်ခုဖြစ်သည်။ တင်လာသမျှကိုယူကျု က အကောင်းဆုံး ၀န်ဆောင်မှုပေးပြီး သိမ်းဆည်း ပေးထားသည်။ လွန်ခဲ့သည့် ခုနစ်နှစ်ခန့်ဖြစ်သည့် ၂၀၀၈ ခုနှစ် နှစ်ဆန်းတွင် ယူကျုတွင် ဗီဒီယိုကား စုစုပေါင်း သန်း ၈၀ ကျော် စုမိဆောင်းမိနေပြီဟု ဆို သည်။ ထိုအထဲတွင် ထက်ဝက်ကျော်သည် အပျော် တမ်း ရိုက်ကူးတင်ပြကြသူများဖြစ်သည်။ ထိုသို့ တင်ပြခဲ့ရာ၌ 'ပေါက်'သွားသည့် ဗီဒီယိုကား အများ အပြား ပါဝင်သည်။ သက်မွေးပညာရှင်တို့ထက်ပင် များစွာသာသော ကြည့်ရှုကြိမ်ရေကို ရက်ပိုင်းအတွင်း ရရှိကာ စံချိန်သစ်များ တင်ခဲ့ကြပေသည်။

Read times
Rate this item
(1 Vote)