-->


ဖိလစ်ဆီ စစ်ချီကြစို့

ကြော်ငြာလုပ်ငန်းကို ဖြေဖျော်ရေးတစ်ခု (ဝါ) အနုပညာပြကွက်တစ်ခုလို့ ကျွန်တော် မထင်၊ သတင်းအချက်လက် ပေါင်းကူးတစ်ခု သာ ဖြစ်ပါတယ်။


ကျွန်တော် ကြော်ငြာတစ်ခု ဖန်တီးရင်
“ဒါလေးက သိပ်လက်ရာမြောက်တာပဲ”
လို့ ခင်ဗျားကို ပြောစေချင်တာမဟုတ်ဘဲ
“ဒါလေးက သိပ်စိတ်ဝင်စားဖို့ ကောင်း တယ်၊ ဒါကြောင့် ဝယ်လိုက်တယ်” ဆိုတာပဲ ဖြစ်စေချင်ပါတယ်။ အက်စ်ခနီက ပြောတဲ့အခါ “သိပ်အပြောကောင်းတာပဲ” လို့ သူတို့က ဆိုကြ ပေမဲ့ ဒီမော့စ်သနီ ပြောတဲ့အခါမှာ “ဖိလစ်ဆီ စစ်ချီကြစို့” လို့ ဆုံးဖြတ်လိုက်ကြပါတယ်။
၁၉၆၃ ခုနှစ်ထုတ် ကျွန်တော့်ရဲ့ “ကြော် ငြာသမားတစ်ဦးရဲ့ ဝန်ခံချက်” စာအုပ်မှာ၊ Ogilvy & Mather တည်ထောင်ခဲ့တဲ့အကြောင်း၊ အစောပိုင်းအောင်မြင်မှုတွေ အခြေတည်ခဲ့တဲ့ အမြင်တွေကို စွန့်လွှတ်ခဲ့တဲ့အကြောင်းတွေ ပြောခဲ့ဖူးပါတယ်။ နယူးယောက် အခြေစိုက် အထူးပြု အေဂျင်စီလေးကနေ ကမ္ဘာ့အကြီးဆုံး အေဂျင်စီ ၄ ခုထဲမှာ ပါဝင်လာခဲ့ပါတယ်။ ကမ္ဘာ့ နိုင်ငံ ၄၀ မှာ ရုံးခန်းပေါင်း ၁၄၀ ကျော်ရှိနေခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ အမြင်က အလုပ်ဖြစ်ခဲ့ပုံပါပဲ။
စက်မှုတော်လှန်ရေးကာလတစ်လျှောက် Adam Smith, Edison, Karl Marx, Rock-feller, Ford နဲ့ Keynes အမှတ်တံဆိပ်တွေနဲ့ အလုပ်လုပ်ခဲ့ပြီး တစ်ဦးတည်းသာ ကျန်တော့ တဲ့ အမြဲရပ်တည်နိုင်ခဲ့တဲ့သူတစ်ဦးအဖြစ်ဖြင့် ပြင်သစ်မဂ္ဂဇင်းက ကျွန်တော့်အကြောင်း ဖော်ပြ ပေမဲ့ အခုတော့ ကျွန်တော်က အိုနေပါပြီ။
အသက်ကြီးသွားတာက ယနေ့ကမ္ဘာရဲ့ ကြော်ငြာလုပ်ငန်းအကြောင်း စာရေးဖို့အတွက် အရည်အချင်း မမီတော့ဘူးလား။ ဒီလို မဟုတ် ဘဲ အဆုံးမဲ့တဲ့ကြော်ငြာလုပ်ငန်းအကြောင်းကို ခွဲခြမ်းစိပ်ဖြာဖို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ကနေ ရလာတဲ့အမြင်တွေက ကူညီနိုင်မလား။
၁၉၄၉ မက်ဒီဆင်ရိပ်သာမှာ ကျွန်တော်ဆိုင်တစ်ဆိုင်ဖွင့်တုန်းက၊ ကြော်ငြာလုပ်ငန်းဟာ ကျွန်တော် အနားမယူခင် အချိန်အတောအတွင်း အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်ပေါ် လိမ့်ဦးမယ်လို့ ထင်မြင်ခဲ့မိတယ်။ အခုထိတော့၊ အဓိကအနေနဲ့ဆိုရင် အပြောင်းအလဲတစ်ခုသာ ရှိခဲ့တယ်။ အဲ့ဒါကတော့ ရုပ်မြင်သံကြားဟာ ကုန်ပစ္စည်းအများစု ရောင်းချဖို့အတွက် အား ကောင်းတဲ့ ပေါင်းကူးမီဒီယာတစ်ခုအဖြစ် ပေါ် ပေါက်ခဲ့ပါတယ်။
ဟုတ်ပါတယ်။ တစ်ခြားသော အပြောင်း အလဲတွေ ကျွန်တော် ပြောဖို့ ရှိပါသေးတယ်။ ဒါပေမဲ့ အဲ့ဒါတွေရဲ့ သိသာထင်ရှားမှုက ဆရာ ကြီးလုပ်သူတွေရဲ့ ခေတ်ရေစီးနဲ့ လိုက်ဖက်မှုကို ရှာဖွေခြင်းမှာ ပုံကြီးချဲ့ခံထားရတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့၊ ၁၉၅၃ ခုနှစ်မှာ ကျွန်တော် ထင်ထင်ပေါ်ပေါ်သုံးခဲ့တဲ့ ကုန်ပစ္စည်းဓာတ်ပုံ ကြော်ငြာမှာသုံးတဲ့ ဖန်တီးမှုဟာ သိပ်အသစ်ကြီး မဟုတ်ပါခဲ့ဘူး။ Claude Hopkins က အဲ့ဒီ မတိုင်ခင်နှစ် ၂၀ လောက်ကတည်းက ပြောခဲ့ပြီး သားပါ။ ၁၉၅၀ နှစ်များအတွင်း Bill Bernbach ကလည်း ပြောခဲ့ပြီး ကိုယ်ကိုယ်တိုင်လည်း အမြဲ ထင်မြင်ခဲ့တဲ့ မည်ကာမတ္တ ဖန်တီးမှုတော်လှန် ရေး ဆိုတာတာဟာ ၁၉၃၀ နှစ်တွေ ကတည်းက ဖြစ်ပေါ်ခဲ့ကြောင်း N. W. Ayer နဲ့ Young & Rubicam ကို အခုပြောသလို ကျွန်တော် ပြောခဲ့ သင့်တာပါ။
လက်တလောအထိ၊ “ကြော်ငြာသမား တစ်ဦးရဲ့ ဝန်ခံချက်” စာအုပ်ထဲမှာ ကျွန်တော် ရေးခဲ့တဲ့ ကြော်ငြာလုပ်ငန်း နည်းစနစ် အများစု က အလုပ်ဖြစ်ဆဲပါပဲ။ ပေးရတဲ့ ငွေနဲ့ ထိုက် တန်တဲ့ ကုန်ပစ္စည်း၊ အလှအပ၊ အစာအာဟာရ၊ စိတ်ဒဏ်ရာ သက်သာစေခြင်းနဲ့ လူမှုရေးအခြေ အနေတွေက စလို့ ကတိပေးတဲ့ ကြော်ငြာတွေ ကို စားသုံးသူတွေက လက်ခံနေကြဆဲဖြစ်ပြီး တစ်ကမ္ဘာလုံး ဒီပစ္စည်းတွေ ဝယ်နေကြတုန်း ပါပဲ။
ဒါကိုပြောရာမှာ ၂ နှစ်ကျော် သုံးစွဲတဲ့ ကြော်ငြာ နည်းပညာဆိုတာ ဒိတ်အောက်သွားပြီ ဆိုတဲ့ အမြင်ကို လက်ကိုင်ထားတဲ့ ငတုံးတွေ ရှုတ်ချမှာကိုလည်း ပူရပါတယ်။ သူတို့ဟာ တစ်နေ့တာလုပ်ငန်းစဉ် ကြော်ငြာတွေကို ငြင်းခုံ ထိုးနှက်ကြတယ်။ ပုံဖော် ကြော်ငြာနေကြတယ်။ အခြေအမြစ် မရှိတာတွေကို လေဖမ်းဒန်းစီးပြီး ဒီနည်းစနစ်တွေက အလုပ်ဖြစ်နေဆဲပဲ ဆိုတာ မျိုး ဆိုချင်ကြတယ်။ သူတို့သာ Horace ကဗျာ ကို ဖတ်ဖူးရင်၊ ကျွန်တော်ဟာ “စိတ်ဆတ်တဲ့၊ အငြင်းသန်တဲ့၊ ကလေးဘဝက ကမ္ဘာလောက ကြီးကိုပဲ ချီးမွမ်းတတ်တဲ့၊ ဝေဖန်ဖို့နဲ့ မျိုးဆက် သစ်ကို ကန့်သတ်ဖို့ စိတ်ဝင်စားသူ“ ရယ်လို့ ပြောကြလိမ့်မယ်။
ဘယ်လိုလုပ်ကြမလဲ။ ကြော်ငြာစီးပွားရေး ရဲ့ အစွန်းမှာ ခပ်ကြောင်ကြောင်တွေနဲ့ ပွဲဆူ နေပါပြီ။ သူတို့ရဲ့ ကုန်သွယ်ရေး နည်းနာတွေ ထဲမှာ၊ လူမျိုးရေး ခွဲခြားတဲ့ ဟာသတွေ၊ ဆန်း ဆန်းပြားပြား ဖန်တီးမှုအမြင်တွေ၊ သုတေသန ကို အဖက်မလုပ်တာတွေနဲ့ ပြည့်နေပြီး၊ ကိုယ့် ဘာသာကိုယ် ကြွေးကြော်ထားတဲ့ ပါရမီရှင် တွေပါ။ ဒီလိုလူတွေက အလုပ်ဖြစ်ခဲပါတယ်၊ အလုပ်အပ်သူတွေကို စကားပရိယာယ်နဲ့ လှည့် ဖျားပြီး အလုပ်ရအောင် လုပ်ပါတယ်။ ဒါပေမဲ့ ရောင်းအားအခြေနေနဲ့ ပတ်သက်ပြီး ဘာမှ တာဝန်မယူပါဘူး။ နယူးယောက်၊ စန်ဖရန် စစ္စကိုနဲ့ လန်ဒန်က ကော့တေးလ်ပါတီတွေမှာ သူတို့ကမ်ပိန်းတွေက မျက်နှာသာရစေပါတယ်။ ရှီကာဂိုမှာတော့ အလုပ်မဖြစ်ဘူး။ နယူးယောက် မြို့သားတွေအတွက် အထက်တန်းစားကမ်ပိန်း တွေဘက် ကျွန်တော်လှည့်တဲ့နေ့မှာ ဒီလူစုလေး အတွက် ကျွန်တော်က လူစွမ်းကောင်းကြီး ဖြစ် သွားပါတယ်။ ကျယ်ပြန့်တဲ့ မီဒီယာကြော်ငြာ လုပ်ငန်းမှာ ကျွန်တော်အထာကျပြီးလို့ သုတေ သနရဲ့ တန်ဖိုးအကြောင်း စာတစ်အုပ်ရေးပြီး ချီးမွမ်းခန်း ဖွင့်လိုက်တဲ့အခါမှာ ကျွန်တော်က လူဆိုးကြီး ဖြစ်လာပါတယ်။ ဒါပေမဲ့ သူတို့ အားလုံးပေါင်းတဲ့ ရောင်းအားထက် ကျွန်တော့် ရောင်းအားက သာနေတဲ့ အခြေနေကိုကြည့်ပြီး ကိုယ့်ဘာသာကိုယ် စိတ်သက်သာရာ ရခဲ့ပါ တယ်။
စည်းမျဉ်းတွေကို ထိပါးတဲ့အတွက် တစ်ခါ တစ်ရံမှာ ကျွန်တော် ထိုးနှက်ခံရပါတယ်။ အမှန် တရားကနေ ဘာအရာမှ ထွက်မပြေးနိုင်ပါဘူး။ ကျွန်တော်ကတော့ စည်းမျဉ်းတွေကို မနှစ်သက် ဘူး။ မတူညီတဲ့ လှုံ့ဆော်မှုတွေကို စားသုံးသူ တွေ ဘယ်လို့တုံ့ပြန်လဲဆိုတာ တင်ပြပေးရုံပါပဲ။ ကြော်ငြာရေးသမားကို ကျွန်တော်ကပြောမယ်၊
“သုတေသနရလဒ်က ပြောနေတယ်၊ ကြော်ငြာတွေမှာ နာမည်ကျော်ပုံတွေ သုံးပြီး ကုန်ပစ္စည်းကို ဝယ်ဖို့ ဆွဲဆောင်တာဟာ ဒီလောက် မမိုက်ပါဘူး။ ခင်ဗျား ကြော်ငြာမှာ ဆယ်လီပုံ သုံးချင်တာ သေချာရဲ့လား”
လို့ ကျွန်တော်မေးမယ်။ ဒါကို စည်းမျဉ်းလို့ ခေါ်မလား။ ကျွန်တော်က Art Director ကို မေးမယ်။
“သုတေသန အရတော့ အဖြူခံပေါ် စာလုံးအနက်နဲ့ ရေးတာက အနက်ခံပေါ် စာလုံး အဖြူနဲ့ ရေးတာထက် လူပိုဖတ်တယ်”
လို့ပြောမယ်။ ဒါက သဲလွန်စတစ်ခု ဖြစ်နိုင် ပါတယ်။ စည်းမျဉ်းတစ်ခုတော့ မဖြစ်နိုင်ကောင်း ပါဘူး။
၁၈ ရာစု အင်္ဂလန်မှာ သားဖွားဆရာဝန် မိသားစုက အစဉ်အလာတစ်ခု လုပ်ထားပါ တယ်။ သူ့ပြိုင်ဖက်တွေထက် ပိုပြီး မိခင်နဲ့ မွေးကင်စကလေး သေနှုန်း လျော့နည်းနေပါ တယ်။ ဒီကိစ္စမှာ လျှို့ဝှက်ချက်တစ်ခု ရှိနေပြီး အသေအချာကို ဖုံးဖိထားပါတယ်။ စပ်စပ်စုစု ဆေးကျောင်းသား တစ်ယောက်က အဆောက် အဦ ခေါင်မိုးကို တွယ်တက်ပြီး သားဖွားခန်း ထဲကို ကြည့်လိုက်ကာမှ သူတို့ထွင်ထားတဲ့ ညှပ်ကိစ္စ ပေါ်ပါတော့တယ်။
လူနာတွေအပေါ် အမြတ်ထုတ်တဲ့ သား ဖွားဆရာဝန်ရဲ့ အကျိုးအမြတ် လျှို့ဝှက်ချက် ပေါက်ကြားခဲ့ပါတယ်။ ယနေ့ သားဖွားဆရာဝန် တွေက ဒါမျိုးတွေကို လျှို့ဝှကိ မထားပါဘူး။ ထုတ်ပြန်ပါတယ်။
ကျွန်တော့်အကြောင်းတွေကို အများသိ အောင် လုပ်ပေးလို့ ကျွန်တော့်မိတ်ဆွေတွေကို ကျေးဇူးတင်မဆုံးပါ။ ဒါပေမဲ့ တချို့သော ကျိုး သင့်ကြောင်းသင့် ပေါ်ပေါက်လာတဲ့ အတွေး အမြင်လေးတွေက ကျွန်တော် လုပ်နေတဲ့ အေဂျင်စီရဲ့ အာဘော်မဟုတ်ကြောင်း ထပ် ဖြည့်စွက် ပြောပြချင်ပါတယ်။
ဒီစာအုပ်ဟာ ကြော်ငြာလုပ်ငန်းအကြောင်း သိသင့်သိထိုက်တာတွေ အကုန်လုံး သိထားပြီး သား လူတွေအတွက် မဟုတ်ပါဘူး။ စိတ်ထက် သန်တဲ့ လူသစ် ဒါမှမဟုတ် လူဟောင်းထဲက လည်း ကြော်ငြာလုပ်ငန်းမှာ ပိုမိုတိုးတက်ချင်ပြီး ငွေရွှင်ချင်တဲ့သူအတွက်ပဲ ဖြစ်ပါတယ်။
ကျွန်တော့်ကိုယ်တွေ့ သိမြင်ခဲ့တဲ့အထဲက ကြော်ငြာလုပ်ငန်းအကြောင်းကို ရေးသားထား တာ ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာလုပ်ငန်း၊ ရုပ်မြင်သံကြားနဲ့ ဂျပန်က ကြော်ငြာလုပ်ငန်း အကြောင်း ပါမှာ မဟုတ်ပါဘူး။
ဒီစာအုပ်ကို အနှစ်သာရ မရှိဘူး ထင်ရင် လည်း ကျွန်တော့်မိတ်ဆွေ Joel Raphaelson က အဖိုးတန်အောင် ဘယ်လိုပြင်ဆင် အားဖြည့် ပေးထားသလလဲ သေချာလေး ကြည့်သင့်ပါ တယ်။
ကောင်းချီးပေးပါစေ Joel ရေ…။

ပီတာ စိုးမိုး

Read times
Rate this item
(1 Vote)