-->
×

Warning

JUser: :_load: Unable to load user with ID: 29


ချိတ်ဆက် မာကတ်တင်း (Chain Business / Circular Marketing)

ချိတ်ဆက် မာကတ်တင်း (Chain Business / Circular Marketing) google

ယနေ့ခေတ်မှာ စီးပွားရေး လုပ်ကိုင်တယ်ဆိုတာမှာ တစ်ဦးတစ်ယောက်တည်းက ရပ်တည် လက်ဝါးကြီးအုပ်ထားလို့ မရနိုင်ပါဘူး။

ဒီအခါမှာ ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းခွဲတွေကို ကိုယ်တိုင်ထူထောင်တာပဲဖြစ်ဖြစ် အကျိုးတူမိတ်ဆွေတွေအနေနဲ့ ပူးပေါင်းတာပဲဖြစ်ဖြစ် လုပ်ရပါတယ်။ ဒီတော့မှ စီးပွားရေး အကျပ်အတည်း ဖြစ်လာတဲ့အခါမှာ တစ်ယောက်တည်း ယိမ်းယိုင်ပြိုလဲသွားတာမျိုး မဟုတ်ဘဲ အချင်းချင်းဖေးမလို့ ရပါတယ်။

ဥပမာအားဖြင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေဟာ ကိုယ်ပိုင် ကားတွေ မပိုင်နေဘူးဆိုရင် ကားလုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားရပါမယ်။ မိမိ ခရီးစဉ်တွေအတွက် ပုံမှန်ကားငှါးနေရာကို ရေရှည်လက်တွဲခြင်းဖြင့် အဆိုပါ ကားငှါးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းဟာ အကျိုးတူလုပ်ငန်း သဘောကို ဆောင်လာပါတယ်။

ဒီနေရာမှာ ခရီးသွားလုပ်ငန်းတွေ စိုးရိမ်တတ်ကြတာက ကိုယ်က ဒီလုပ်ငန်းတစ်ခုတည်းကိုပဲ မှီခိုလိုက်ရင် ရေရှည်မှာ ဒီလုပ်ငန်းက အကြောင်းကြောင်းကြောင့် ပျက်စီးသည်ဖြစ်စေ ကိုယ့်ကို နောက်ကျောဓားနဲ့ ထိုးလာသည်ဖြစ်စေ ဘယ်လိုရင်ဆိုင်ရမလဲ။ ကိုယ်ပါ ဒုက္ခမရောက်ဘူးလားလို့ မေးစရာရှိပါတယ်။

ဒီအတွက်က ခရီးသွားလုပ်ငန်းထဲမှာ ခရီးစဉ်အလိုက် လုပ်ငန်းမိတ်ဖက်တွေ ခွဲထားနိုင်ပါတယ်။ ဥပမာ ပြည်တွင်း အောက်မြန်မာပြည်အတွက် လုပ်ငန်း A။ ပြည်ပခရီးသွားတွေအတွက် လုပ်ငန်း B။ ပြည်တွင်း အထက်မြန်မာပြည်အတွက် လုပ်ငန်း C။ စသဖြင့်ပေါ့။

ဒီလို ရေရှည် မိတ်ဖက်ထူထောင်နိုင်ပြီဆိုရင် နောက်အဆင့်က ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ ထမင်းဆိုင် ၊ တည်းခိုတဲ့နေရာ ၊ အမှတ်တရပစ္စည်းဆိုင် စတာတွေကို ချိတ်ဆက်ပြီး ကွင်းဆက်တွေကို ချဲ့ထွင်ရပါမယ်။

ကွင်းဆက်ချဲ့ထွင်ဖို့ အခြေအနေမပေးသေးရင် ရှိရင်းစွဲ မိတ်ဖက်တွေကို အချင်းချင်း အပြန်အလှန် အထူးအခွင့်အရေး Discoumt ပေးခြင်းဖြင့် ချိတ်ဆက်ထားတဲ့ ကွင်းဆက်တွေကို ပိုမိုခိုင်မာအောင် ဆောင်ရွက်လို့ ရပါတယ်။ ဥပမာ လုပ်ငန်း A, B, C တွေကို မိမိ ခရီးသွားလုပ်ငန်းမှာ ကြော်ငြာပေးတာ။ အပြန်အလှန်အနေနဲ့ လုပ်ငန်း A, B, C တွေမှာ မိမိ လုပ်ငန်းကို ပြန်ကြော်ငြာတာ။ စတာတွေ လုပ်ဆောင်လို့ ရပါတယ်။

ဒီနေရာမှာ ခရီးသွားလုပ်ငန်းနဲ့သာ ဥပမာပေးထားပေမယ့် တခြားသော ကုန်ထုတ်လုပ်ငန်း ၊ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒီ ချိတ်ဆက် မာကတ်တင်း Chain Business / Circular Marketing ဟာ သာမန် လက်ကားယူ လက်ကားပေး Supply Chain Management ထက်ပိုပါတယ်။ ကွင်းဆက်တွေကိုသာ ထိထိမိမိ ချိတ်ဆက်နိုင်မယ်ဆိုရင် မိမိတို့ Customer တွေဟာ မိမိတို့ တည်ထောင်ထားတဲ့ ကွင်းဆက်တွေထဲကနေ လွတ်ထွက်သွားစရာ မရှိတော့ဘဲ ရေရှည်ဖောက်သည်များ ဖြစ်လာကြပြီး ဖောက်သည်များ တိုးပွားလာစေမှာ ဖြစ်ပါတယ်။

Source: Mr. marketing

Read times
Rate this item
(0 votes)