-->
×

Warning

JUser: :_load: Unable to load user with ID: 29


Business Plan ရေးဆွဲရာတွင် အဓိကပါဝင်ရမည့် အချက်များ

Business Plan ရေးဆွဲရာတွင် အဓိကပါဝင်ရမည့် အချက်များ google

သာမန်အားဖြင့် Business Plan များ၏ ရေးဆွဲမှုများကို လေ့လာမည်ဆိုလျှင် အောက်ပါအချက်များကို ပါဝင်အောင် ရေးဆွဲလေ့ ရှိကြသည်။

 

၁။ လုပ်ငန်း၏အမည်

၂။ လုပ်ငန်း အမျိုးအစား၊ တစ်ဦးတည်း ပိုင်ဖြစ်သော Sole Trader မျိုးလား၊ အစုစပ်လား၊ ထို့အတူ အစုစပ်လုပ်ငန်း ဖြစ်သည့်တိုင် Unlimited Liabilities ခေါ် အကန့်အသတ် မရှိ ပေးလျော်သည့် လုပ်ငန်းမျိုးလား၊ အကန့်အသတ်ဖြင့် ပေးလျော်သည့် Private Limited Liability လုပ်ငန်းမျိုးလား... စသည်ဖြင့် လုပ်ငန်း အမျိုးအစားကို ဖော်ပြရမည် ဖြစ်သည်။

၃။ ထုတ်လုပ်မည့် ကုန်စည် သို့မဟုတ် လုပ်ကိုင်ဆောင်ရွက်မည့် ဝန်ဆောင်မှု အမျိုးအစားကို တိတိကျကျ ဖော်ပြပေးရန် လိုအပ်သည်။

၎။ ထိုသို့ ဖော်ပြပေးပြီး စားသုံးမည့်သူများ မည်သူတို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ် ရောင်းချမည် ဆိုသည့် အချက်ကိုလည်း တင်ပြနိုင်ရမည် ဖြစ်သည်။ အကြောင်းမှာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုတို့သည် ထုတ်လုပ်လိုက်သည့်တိုင် မည်သူတို့ ဝယ်ယူ စားသုံးကြမည်ဆိုသည့် အချက်ကိုလည်း Business Plan တွင် ဖော်ပြနိုင်ရမည် ဖြစ်သည်။

၅။ မိမိထုတ်လုပ်မည့် ကုန်စည်နှင့် ဝန်ဆောင်မှုအတွက် စားသုံးသူများသည် မည်သူများဖြစ်သည်။ မည်မျှရှိသည်ဟူသော ဈေးကွက်သုတေသန လုပ်ဆောင်ချက်များ လုပ်ခဲ့ခြင်း ရှိ၊ မရှိကိုလည်း ဖော်ပြနိုင်ရမည် ဖြစ်သည်။ မိမိလုပ်ငန်းနှင့် တူညီသော လုပ်ငန်းစုများ မည်မျှရှိသည်။ သူတို့၏ အနာဂတ်ဈေးကွက် အလားအလာများကိုလည်း သုတေသနပြုပြီး တင်ပြနိုင်ရမည် ဖြစ်သည်။

၆။ လုပ်သားအင်အား စီမံခန့်ခွဲမှုအနေဖြင့် ဝန်ထမ်းမည်မျှ ခန့်မည်၊ မည်သည့်အဆင့် ဝန်ထမ်းမျိုး၊ လုပ်ကိုင်ဆောင်ရွက်ရမည့် တာဝန်နှင့် တာဝန်ခံ လုပ်ကိုင် ဆောင်ရွက်မှု အခြေအနေများကိုလည်း တင်ပြနိုင်ရမည်ဖြစ်သည်။ ခန့်ထားသော ဝန်ထမ်းဦးရေနှင့် တာဝန်အလိုက် ခွဲဝေချထားနိုင်မှုများကိုလည်း တင်ပြနိုင်ရမည် ဖြစ်သည်။

၇။ ထုတ်လုပ်မည့် ကုန်ကျစရိတ်များနှင့် ပတ်သက်ပြီး စက်ပစ္စည်း ကိရိယာအတွက် ကုန်ကျမှု၊ ဆိုင်ခန်းခ၊ ပုံသေကုန်ကျစရိတ်များနှင့် ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်များကို ခွဲခြား တင်ပြနိုင်ရမည် ဖြစ်သည်။

၈။ လုပ်ငန်းတည်နေရာသည် Business Plan တွင် အရေးကြီးသည်။ လုပ်ငန်းတည်နေရာတွင် ထုတ်လုပ်မည့် နေရာသည်လည်း အရေးပါသလို၊ ရောင်းချမည့် နေရာသည်လည်း Business Plan တွင် လွန်စွာအရေးပါသည်။

၉။ ခန့်မှန်းအမြတ် အနေဖြင့် မရှုံးမမြတ် အခြေအနေ Break even point သာမက၊ လုပ်ငန်းအနေဖြင့် မည်မျှ ထုတ်လုပ်မည်၊ တစ်ကြိမ် ထုတ်လုပ်ရောင်းချမှုရှိတိုင်း မည်မျှ အမြတ်အစွန်း ရရှိနိုင်သည့် အခြေ အနေများကိုလည်း တင်ပြနိုင်ရမည် ဖြစ်သည်။

၁၀။ လုပ်ငန်းအတွက် လိုအပ်သော ငွေအရင်းအနှီးများကို တင်ပြပြီး ထိုအရင်းအနှီးများထဲမှ မည်မျှသော ပမာဏကို ဘဏ်မှ ရယူလိုပါကြောင်းနှင့် လုပ်ငန်းအနေဖြင့် ငွေဝင်၊ ငွေထွက်မှု အခြေအနေ Cash Flow အားဖြင့် မည်မျှရှိနိုင်မည့် အခြေအနေများကို အသေးစိတ် တင်ပြရန် လိုအပ်သည်။ ပြီးပြည့်စုံသော Business Plan တစ်ခုသည် လုပ်ငန်း၏ ထုတ်ကုန်အမျိုးအစားပေါ် လိုက်ပြီး ကွဲပြားခြားနားလေ့ ရှိတတ်ပါသည်။

Source: Mr.marketing

 

Read times
Rate this item
(1 Vote)