-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ရဲ့လုပ်ငန်းတွေကို ဘယ်လိုထိရောက်အောင် ကြော်ငြာကြမလဲ?

သင့်ရဲ့လုပ်ငန်းတွေကို ဘယ်လိုထိရောက်အောင် ကြော်ငြာကြမလဲ? Google

Unique ဖြစ်တဲ့ Brand တစ်ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ ဘီလီယံချီတန်ပြီး ပါဝင်တဲ့ Brand Element တစ်ခုချင်းစီဟာ၊ အရသာရှိတဲ့ ဟင်းတစ်ခွက်ကို ဖန်တီးတဲ့ ingredients တွေဖြစ်ပါတယ်။

နာမည်ကြီး Apple ရဲ့ Brand Value ဟာ ၂၀၁၃ နှစ်ကုန်မှာ ၁၀၄.၃ ဘီလီယံဒေါ်လာတန်ပါတယ်။

 

ရည်ရွယ်ချက်ပေါ်မူတည်ပြီး ကြော်ငြာနည်းဗျူဟာ များစွာရှိပါတယ်။ ပထမဆုံး လူတွေရဲ့ အာရုံထား အသိအမှတ်ပြုမှုကိုလိုချင်တဲ့အတွက် Awareness လုပ်ရပါမယ်။ လူ့သဘာဝမှာ အမြဲမြင်နေကျ၊ လုပ်နေကျ၊ အသားကျပြီးသား ကိစ္စရပ်တစ်ခုကို သမားရိုးကျမြင်တွေ့ ရရင် အထူးအဆန်းတစ်ခု မဟုတ်တော့ပါ။

 

ရိုးရှင်းတဲ့ Advertising နဲ့  Idea တစ်ခုဟာ Awareness မှာ အောင်မြင်သင့်သလောက် မအောင်မြင်ပါ။ သတင်းဂျာနယ်လောကရဲ့ ဥပမာတစ်ခုလိုပေါ့။ “ခွေးက လူကိုကိုက်တာ သတင်းမဟုတ်ဘဲ လူကခွေးကို ကိုက်မှသာ လူတွေရဲ့ Attention ကိုရတဲ့ တစ်ကယ့်သတင်းတစ်ပုဒ် ဖြစ်ပါတယ်။”

 

Awareness Creation ဟာ Art တစ်မျိုးဖြစ်ပြီး တီထွင်ဆန်းသစ်မှု Innovative Idea နဲ့ Critical Thinking Skill တွေပါဝင်ပါတယ်။ လက်ရာမြောက်တဲ့ ဖန်တီးမှု Advertising Idea တစ်ခုဟာ Awareness တစ်ခုကို ထိထိမိမိရရှိပြီး Brand Recognition ကိုဖြစ်စေပါတယ်။

 

ကြော်ငြာခြင်းတစ်ခုမှာ ရည်ရွယ်ချက်နဲ့  မျှော်မှန်းသတ်မှတ်ထားတဲ့ အောင်မြင်မှုအတိုင်းအတာ တစ်ခုရှိပါတယ်။ ဘာလို့ကြော်ငြာလဲ ဂုဏ်သတင်းအတွက်လား ၊ အမြတ်အစွန်းအတွက်လား၊ နှစ်ခုလုံးအတွက်လား။

 

လူအများသိစေချင်လို့ ၊ တစ်ယောက်စကား တစ်ယောက်နားမှတစ်ဆင့် ထဲထဲဝင်ဝင် စိမ့်ဝင်ပျံ့ နှံ့ သွားပြီး ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်း နဲ့  ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတွေကို လူသုံးများလာစေဖို့ ၊ နောက်ဆုံးတော့ Sales တိုးလာပြီး Profit $$$ တိုးလာဖို့ ပါပဲ။

Source; SEOMyanmar - Digital Marketing Services

Myanmar Advertising Industry

Read More Facebook မှာ video content ဖန်တီးမယ်ဆိုရင် သိထားရမယ့် အချက်များ

Read times
Rate this item
(1 Vote)