-->
×

Warning

JUser: :_load: Unable to load user with ID: 29


Startup လုပ်​ငန်း​ရှင်တွေ သိထားသင့်တဲ့အချက် (၅)ချက်

Startup လုပ်​ငန်း​ရှင်တွေ သိထားသင့်တဲ့အချက် (၅)ချက် google

ယ​နေ့​ခေတ်​မှာ လုပ်​ငန်းမျိုးစုံကို စတင်​လုပ်​​ဆောင်​သူ​တွေက များစွာရှိပါတယ်​။

ဒါ​ပေမဲ့ ​အောင်​မြင်​တဲ့သူ​တွေက နည်းလှပါတယ်​။ အခု သူတို့ ဘယ်​လိုအချက်​​တွေ​ကြောင့်​​ အောင်​မြင်​​နေတယ်​ဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။


၁။ အလုပ်​အတွက်​ အချိန်​​ကောင်းကို​ရွေးချယ်​ တက်ရပါမယ်

သင်​ဟာ လုပ်​ငန်းတစ်​ခုကို စလုပ်​မယ်​ဆိုရင်​ အချိန်​အခါ​ကောင်းကို ​စောင့်​ပြီး လုပ်​ကိုင်​သင့်​ပါတယ်​။ သင့်​လုပ်​ငန်း တည်​​ထောင်​ဖို့အတွက်​ အပြိုင်​အဆိုင်​များ​နေလား ဆိုတာ သတိပြုသင့်​ပါတယ်​။ အဲ့ဒါကိုကြည့်​ပြီး သိပ်​ပြီး မြန်​မြန်​ဆန်​ဆန်​ မလှုပ်​ရှားသင့်​ပါဘူး။ မိမိ ​ရောက်​​နေတဲ့ ​နေရာမှာပဲမ​ပျော်​​မွေ့ပဲ ထပ်​ထပ်​ပြီး လုပ်​​ဆောင်​သင့်​ပါတယ်​။


၂။ ကိုယ့်​နည်းကိုယ့်​ဟန်​ ရှိဖို့လိုပါတယ်

ယ​နေ့​ခေတ်​ Startup သမားအများစုဟာ မိမိအလုပ်​ကို သူများလို လိုက်​လုပ်​ချင်​ကြပါတယ်​။ ဒါဟာ အမှားတစ်​ခုပါပဲ။ သင်​ အ​နေနဲ့ သူများနဲ့ တစ်​မူထူးခြားတဲ့ အရည်​​သွေးနဲ့ ဆွဲ​ဆောင်​နိုင်​မယ်​ဆိုရင်​ တိုးတက်လာမှာ ဖြစ်ပါတယ်။ ယ​နေ့လို IT ​ခေတ်​ကြီးထဲမှာ Customer ​တွေက ဆန်းဆန်း​လေး​တွေပဲ အသုံးပြုလာကြလို့ပါ။


၃။ လှုမှုဆက်​ဆံ​ရေးမှာ ကျွမ်းကျင်​ပါးနပ်​ရပါမယ်

လုပ်​ငန်းအတွက်​ လူမှုဆက်​ဆံ​ရေးဟာ များစွာအ​ထောက်​အကူပြုပါတယ်​။ သင့်​ဝန်​ထမ်း​တွေအ​နေဖြင့်​ Customer Service ကို​ကောင်းစွာ အသုံးချမယ်​ဆိုရင်​ အမြဲတမ်း Customer​ရော၊ Customer အသစ်​​ရော ရရှိမှာ ပဲဖြစ်​ပါတယ်​။


၎။ ​ငွေ​ကြေး အ​ခြေ​နေကို​ ပြောင်းလဲနိုင်​ရပါမယ်

လုပ်​ငန်းတစ်​ခုအတွက်​ ​ငွေ​ကြေးအ​ခြေ​နေဟာ အရေးပါဆုံးပါ။ သင့်​အ​နေနဲ့ ပိုက်​ဆံများများကို တစ်​​နေရာထဲမှာမမြှပ်​နှံပဲ ​နေရာမျိုးစုံမှာ မြှပ်​နှံသင့်​ပါတယ်​။


၅။ ​ခေတ်​​ရေစီး​ကြောင်းကို လိုက်​နိုင်​ရပါမယ်

လုပ်​ငန်းရှင်​​တွေ အ​နေနဲ့ ​ခေတ်​​ရေစီး​ကြောင်း ကိုအမြဲ လိုက်​ပါ​နေရပါမယ်​။ ခေတ်​​ရေစီး​ကြောင်းနဲ့ လိုက်​​အောင်​ တီထွင်​နိုင်​ခြင်း၊ အရာရာကို လုပ်​​ဆောင်​နိုင်​တဲ့ အမြင်​ရှိခြင်း၊ ​ခေတ်​နဲ့အညီ လုပ်​​ဆောင်​နိုင်​မယ်​ဆိုရင်​ ​အောင်​မြင်​နိုင်​ပါတယ်​။

Startup လုပ်​ငန်းရှင်​​တွေအ​နေနဲ့ လုပ်​​ဆောင်​တဲ့ အချက်​​လေး​တွေကို ဖတ်​ရှုပြီး သင့်​လုပ်​ငန်း​ကို ​အောင်​မြင်​​အောင်​ ဖန်​တီးလိုက်​ပါ။


Source; Myanmar for Professionals

Myanmar Advertising Directory

Read times
Rate this item
(1 Vote)