-->
×

Warning

JUser: :_load: Unable to load user with ID: 29


Push vs Pull Strategy က ဘယ်လုပ်ငန်းတွေနဲ့ သင့်တော်လဲ ?

Push vs Pull Strategy  က ဘယ်လုပ်ငန်းတွေနဲ့ သင့်တော်လဲ ? google

ကုန်ပစ္စည်းတွေကို ဖြန့်ချီရောင်းချတဲ့အခါ Push နဲ့ Pull ဆိုတဲ့ နည်းလမ်းနှစ်မျိုး ရှိပါတယ်။

အခု Push vs Pull Strategy အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။

 

Push Strategy က ဘယ်လုပ်ငန်းတွေနဲ့ သင့်တော်လဲ?

Push Strategy ဆိုတာ customer ကိုတိုက်ရိုက်မရောင်းဘဲ supermarket တွေ retailer တွေကနေတစ်ဆင့် ရောင်းချခြင်းဖြစ်ပါတယ်။ ဒီနည်းက products ကို customer တွေဆီရောက်အောင် push လုပ်တဲ့သဘောပါ။ ကိုယ့် products ကို ဆိုင်တွေမှာ တင်ရောင်း ချင်လာအောင်ဖန်တီးတယ်။ Push Strategy ထဲကနည်းလမ်းတွေကတော့ လက်လီ အရောင်းဆိုင်တွေက ကိုယ့်ပစ္စည်းတွေ ဝယ်ချင်လာအောင် trade show တွေလုပ်ပြီး ကုန်ပစ္စည်းတွေကို ခင်းကျင်းပြသတယ်။ ကိုယ့် products ကိုဝယ်ယူပြီး သိုလှောင်ထားချင်အောင် စေ့စပ်ညှိနှိုင်းတယ်။ ဈေးလျော့ပေးတယ်။ commission ပေးတယ်။ နောက်ပြီး ကိုယ့်ဆီကပစ္စည်းတွေကို သယ်ယူပို့ဆောင်ရ လွယ်ကူအောင် ဆောင်ရွက်ပေးတယ်။

အရောင်းပြခန်းတွေ လုပ်ပြီး customer တွေကို တိုက်ရိုက်ရောင်းချတယ်။ လူသွားလူလာများတဲ့ ဈေးရှေ့၊ ကျောင်းရှေ့တွေမှာ ကိုယ့် products ကိုရောင်းချတယ်။ ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်မယ့် ပုံစံနဲ့ ကုန်ပစ္စည်းတွေကို ထုပ်ပိုးထားတယ်။ Supermarket တွေမှာ ငွေရှင်းကောင်တာနဲ့ အနီးအနား ကိုယ့် products ကိုလူမြင်အောင် ခင်းကျင်းပြသထားတယ်။

များသောအားဖြင့် ကုန်ထုတ်လုပ်ပြီး ရောင်းချတဲ့သူတွေ အသုံးများတယ်။ ဈေးကွက်ထဲကို ပစ္စည်းသစ် စတင်မိတ်ဆက်တဲ့အခါ သုံးကြတယ်။အထူးသဖြင့် အနုတ်အသိမ်းမြန်ပြီး အရောင်းသွက်တဲ့ တန်ဖိုးနည်း စားသုံးကုန် ပစ္စည်းေ တွအတွက် Push နည်းလမ်းနဲ့ ရောင်းချတာ သင့်တော်ပါတယ်။ နောက်ပိုင်း ကိုယ့် products က ဈေးကွက်ထဲမှာ နေရာရလာပြီး လူတွေကလည်း အသိအမှတ်ပြုလာကြပြီဆိုရင် pull strategy နဲ့လည်း တွဲပြီးသုံးလို့ရပါတယ်။

SEO နဲ့ SMO ဘယ်လို အလုပ်လုပ်လဲ?

 

Pull Strategy က ဘယ်လုပ်ငန်းတွေနဲ့ သင့်တော်လဲ?

Pull strategy ဆိုတာ ကိုယ့် products ကို customer တွေကလိုချင်လာအောင် ကြော်ငြာတယ်။ customer ကလိုချင်လာတော့ retail ဆိုင်တွေကတစ်ဆင့် ပစ္စည်းမှာလာကြတယ်။ ဒါက demand ကို pull လုပ်တဲ့ သဘောပါ။ Pull Strategy ထဲက နည်းလမ်းတွေက Customer တွေက ကိုယ့် products တွေကိုဝယ်ချင်အောင် ဈေးလျော့ရောင်းပေးတယ်။ sales promotion ပွဲတွေလုပ်တယ်။ lucky draw တွေ လုပ်ပေးတယ်။ ဥပမာ ဆီဆိုင် က တစ်သောင်းဖိုးနဲ့ အထက်ဆီဖြည့်ရင် ကားတွေ၊ ဖုန်းတွေ မဲဖောက်ပေးတာမျိုး။

social media ကနေ တစ်ဆင့် ကိုယ့် brandကိုလူသိလာအောင် ကြော်ငြာတယ်။ ဥပမာ Like and share လုပ်ခိုင်းပြီး give away ပေးတာမျိုး။ နာမည်ကြီး ဆယ်လီတွေ Blogger တွေရဲ့ ထောက်ခံပြောဆိုမှုတွေ ရအောင်လုပ်တယ်။ ဥပမာ ကိုယ့် products ကိုအလကားပေးပြီး fb မှာကြော်ငြာခိုင်းတာမျိုး။ ဖောက်သည်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရအောင် တည်ဆောက်တယ်။ ဥပမာ ဖောက်သည်ဝယ်နေကျ ပစ္စည်းအမျိုးအစားတွေထဲက အသစ်ထွက်ရင် e-mail ပို့ပြီး အကြောင်းကြားပေးတာမျိုး။


Customer တွေကြိုက်နှစ်သက်ပြီး ဈေးကြီးတဲ့ပစ္စည်းတွေ၊ quality ကောင်းတဲ့ ပစ္စည်းတွေကို pull strategy သုံးပြီး ဈေးကွက်ထဲ ထိုးဖောက်လေ့ရှိပါတယ်။ ဥပမာ ကား၊ laptop စသဖြင့်ပေါ့။ အခုနောက်ပိုင်းတော့ Push နဲ့ Pull နှစ်မျိုးလုံး ဈေးကွက်အနေအထားကို လိုက်ပြီး တွဲသုံးလာကြပါတယ်။ Push strategy ကိုသုံးမယ်ဆိုရင် များသောအားဖြင့် တန်ဖိုးနည်း ပစ္စည်းတွေအတွက် သင့်တော်ပါတယ်။ Pull strategy မှာဆိုရင်တော့ branding ကဏ္ဍက အရေးကြီးပါတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေအတွက် Pull strategy သုံးတာပိုသင့်တော်ပါတယ်။


Source; Challenge

Myanmar Advertising Directory

Read times
Rate this item
(2 votes)