-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသေးစားလုပ်ငန်းရှင်တွေအတွက် အသုံးဝင်မယ့် Marketing နည်လမ်းများ

အသေးစားလုပ်ငန်းရှင်တွေအတွက် အသုံးဝင်မယ့် Marketing နည်လမ်းများ google

အသေးစားလုပ်ငန်း လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ Marketing နည်းဗျူနည်းဟာတွေကို ရွေးချယ်တဲ့အခါ အခက်ခဲတွေရှိနေနိုင်ပါတယ်။

အကုန်လုံးကိုတော့ တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ ဒါကြောင့် အရင်ဆုံး သင့်ရဲ့လုပ်ငန်းအတွက် Marketing plan တစ်ခုကို စတင်ရေးဆွဲလိုက်ပါ။ ပြီးရင်တော့ သင့်ရဲ့ plan ထဲမှာ ဘယ်လို Marketing နည်းဗျူဟာတွေကို သုံးမလဲဆိုတာ အရင်စဉ်းစားပါ။ မစဉ်းစားခင်မှာ ကိုယ့်လုပ်ငန်းက ဘယ်အရာကို accomplish ဖြစ်ချင်တာလဲဆိုတာ စဉ်းစားပြီးမှ ဖော်ပြထားတဲ့ထဲက Marketing strategies တွေကို သုံးရမှာပါ။


၁။ Targeted marketing

Marketing လုပ်ဖို့အတွက် အရေးကြီးဆုံး က target ပါ။ ကိုယ့်ရဲ့ audience ကို target လုပ်ရမှာပါ။ target လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ customers တွေက ဘယ်သူတွေလဲ၊ ကိုယ်က သူတို့ကို ဘာရောင်းမှာလဲ၊ ကိုယ့် product or service ကို သူတို့ ဘယ်မှာ ရှာကြလဲဆိုတဲ့ မေးခွန်းတွေမေးကြည့်ပါ။


၂။ Outbound Marketing

ဒီစနစ်ကတော့ ကိုယ့်လုပ်ငန်းက offer လုပ်တဲ့ product or service ကို စိတ်ဝင်စားမဲ့ customers တွေကို တိုက်ရိုက်ဆက်သွယ် ပြောပြတာပါ။ ဥပမာ cold calling၊ direct mail campaign လုပ်တာ၊ door-to-door Marketing လုပ်တာမျိုးတွေ ဖြစ်ပါတယ်။


၃။ Inbound Marketing

Inbound Marketing မှာတော့ လူတွေ သူတို့ ရှာနေတဲ့ အရာနဲ့ ကိုက်ညီတဲ့ ကိုယ့်လုပ်ငန်းက ပေးနေတဲ့အရာကို သူတို့ ရှေ့မှာ content အနေနဲ့ ချပြပေးပြီး ကိုယ့်brand ကို သုံးဖို့ ဆွဲဆောင်တာပါ။ ဒီ inbound marketing strategy တွေဟာ cost-effective ဖြစ်ပြီး user-friendly ဖြစ်ပါတယ်။

သင့်လုပ်ငန်းအတွက် သင့်တော်တဲ့ Logo ကောင်းတစ်ခုရဖို့


၎။ Content Marketing

လူတွေက ကိုယ့်ရဲ့ business ထဲမှာ လာပြီး အချိန်တွေ ငွေတွေ လာမြှုပ်နှံတော့မယ်ဆိုရင် သူတို့ ပြဿနာတွေ ဖြေရှင်းပေးလားဆိုတာ သိချင်ကြလိမ့်မယ်။ ဒါကို အသိပေးဖို့ဆိုရင် ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ နယ်ပယ်မှာ တန်ဖိုးရှိပြီး အသုံးဝင်တဲ့ content တွေကို လူတွေကို ချပြရပါလိမ့်မယ်။ content တွေကို အလကားပေးပြီး ကိုယ့်လုပ်ငန်းရဲ့ကျွမ်းကျင်မှု၊ လူတွေအပေါ် ကူညီလိုမှု စတာတွေကို ပြသပြီး regular visitor တွေကို paying customers အနေနဲ့ ပြောင်းလဲရမှာပါ။


၅။ Social Media Marketing

ခုဆိုရင် social media တွေကနေ စီးပွားရေးလုပ်ငန်း အမျိုးမျိုးကို customers အသစ်တွေ ရအောင်နဲ့ အမြဲအဆက်အသွယ်မပြတ်အောင် ပြုလုပ်ပေးနေပါတယ်။ customer အမျိုးအစားပေါ် demographics အပေါ်မူတည်ပြီး Facebook, Instagram, Twitter, LinkedIn စတဲ့ social media တွေထဲက လုပ်ငန်းနဲ့သင့်တော်တာကို ရွေးချယ်အသုံးပြုရမှာပါ။ အရေးအကြီးဆုံးကတော့ persistence နဲ့ consistency ပါပဲ။


၆။ Guerrilla Marketing

သမားရိုးကျ Marketing တွေနဲ့ အလုပ်မဖြစ်တော့တဲ့အခါမှာ small business တွေအတွက် လိုအပ်လာတာကတော့ Guerrilla Marketing ပါပဲ။ သူကတော့ ကုန်ကျစရိတ်နည်းနည်းနဲ့ ထိရောက်မှုများများရှိတဲ့ နည်းစနစ်ဖြစ်လို့ small business တွေ အသုံးပြုသင့်တဲ့ အကောင်းဆုံး Marketing strategy တစ်ခုဖြစ်ပါတယ်။

အောင်မြင်တဲ့ Marketing campaign တွေ လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတွေဟာ နည်းလမ်းတစ်ခုတည်းနဲ့ ရပ်မနေကြပါဘူး။ အသစ်အသစ်တွေ စမ်းသပ်ပြီး ရလဒ်တွေကို စမ်းစစ်ပေးတဲ့ Marketing plan တစ်ခုနောက်ကို လိုက်ပြီး လုပ်ဆောင်ရပါတယ်။ လုပ်ငန်းတစ်ခုအတွက် ကိုယ့်ရဲ့ audiences တွေဆီရောက်ဖို့ ပြီးတော့ ဒီလို audiences တွေကနေ paying customers ဖြစ်ဖို့ ဘယ်အရာက အလုပ်ဖြစ်လဲဆိုတာ သေချာဆန်းစစ်ပြီး လုပ်ဆောင်ရပါမယ်။ နည်းလမ်းတွေက လုပ်ငန်းအားလုံးနဲ့တော့ ကိုက်ညီမှာ မဟုတ်ပါဘူး။ ဒီ strategy တွေ ထိရောက်စွာ အသုံးချဖို့ ကောင်းမွန် Marketing plan တစ်ခု တော့ လိုပါလိမ့်မယ်။


Source; Dream Lab

Myanmar Advertising Directory

Read times
Rate this item
(1 Vote)