-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘယ်လိုကြော်ငြာနည်းနဲ့ ၀ယ်သူတွေကို အကောင်းဆုံး ဆွဲဆောင်မလဲ

ဝယ်ယူသုများကို ဆွဲဆောင်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းများသည် ဘယ်နည်းလမ်း၊ ဘယ်လမ်းကြောင်းဖြင့်ဆောင်ရွက်ခြင်းက ၀ယ်ယူသူကို ရရှိနိုင်မလဲဆိုတာကိုေ၀၀ါးနေတတ်ပါသည်။

ဒီတော့ အောင်မြင်တဲ့ နည်းလမ်းဖြင့်ဈေးကွက်ရရှိဖို့အတွက် အချို့စံနှုန်းတွေနဲ့ကိုက်ညီဖို့လိုအပ်ပါသည်။

၁။ ကြော်ငြာမယ့် နည်းလမ်းဟာ ကုန်ကျစရိတ်နဲ့ အမြတ်နှုန်းကို နှိုင်းယှဉ်သိဖို့လိုအပ်ပါသည်။

၂။ ကိုယ်ကြော်ငြာချင်တဲ့ ၀ယ်ယူသူများထံရောက်ရှိမယ့် မီဒီယာဖြစ်သင့်ပါသည်။

၃။ ဒီကြော်ငြာကရရှိမယ့် ၀ယ်ယူသူတွေကို track လိုက်နိုင်ဖို့လည်းလိုအပ်ပါသည်။

သင့်ကြော်ငြာအတွက် Influencer ရွေးချယ်မယ်ဆိုရင်

ဒီဈေးကွက်ဖော်ဆောင်ရာမှာအသုံးပြုတဲ့ နည်းလမ်း (၇) မျိုးကို တင်ဆက်လိုက်ပါသည်။

၁။ Search engine marketing (SEM) ဆိုတာက Google မှာကြော်ငြာတဲ့ပုံစံဖြစ်ပါသည်။ Customer က Google မှာ ဖိနပ်ဖြစ်ဖြစ်၊ ကိုယ်လိုချင်တာပဲဖြစ်ဖြစ်ရှာဖွေတဲ့အခါမှာ ကိုယ့်လုပ်ငန်းက ဒီ Google ရဲ့ထိပ်ဆုံးမှာပေါ်မှာပါ။

၂။ Social media advertising - ကတော့ ကိုယ်ကြော်ငြာချင်တဲ့လူအမျိုးအစား၊ အသက်၊ အလုပ်အကိုင်စတာတွေကိုပါ ရွေးချယ်ပြီး ကြော်ငြာနိုင်တဲ့ Facebook၊ Linked မီဒီယာ ဖြစ်ပါသည်။  

၃။ Email marketing - ကတော့ နောက် အွန်လိုင်းဈေးကွက်ဖော်ဆောင်တဲ့ နည်းလမ်းတစ်မျိုးဖြစ် ပါသည်။ စီးပွားရေးလုပ်ငန်းများဟာ ဒီနည်းလမ်းကို အသုံးပြုဖို့လက်တွန့်ကြပြီး၊ Spam box ထဲရောက်သွားမှာကို ကြောက်ကြပါသည်။ကိုယ်တကယ် target ထားတဲ့ ၀ယ်ယူသူကိုသာ ပို့မယ်ဆိုရင် (2003 CAN-SPAM Act guidelines) လိုက်နာမယ်ဆိုရင် ဒီနည်းလမ်းဟာအသုံးဝင်ပါသည်။

၎။ Direct mail- နည်းလမ်းကတော့ ကိုယ့်ပစ္စည်း၊ ၀န်ဆောင်မှုတွေကို အသေးစိတ်ရှင်းပြဖို့အတွက် ပိုအသုံးဝင်ပါသည်။ ဒီနည်းလမ်းကဈေးလည်းကြီးတဲ့အတွက် ကိုယ့်အတွက်အမြတ်များမယ့် ပစ္စည်းမျိုးကိုသာ ရောင်းချသင့်ပါသည်။

၅။ Cold Calling- ဒါကတော့ ဖုန်းနဲ့ကြော်ငြာတဲ့နည်းလမ်းဖြစ်ပါသည်။

၆။ Trade Shows- ယခုအချိန်ထိ ဒီနည်းလမ်းက ထိရောက်ပြီး၊ ကိုယ့် target ထားတဲ့ customer ကိုမျက်နှာချင်းဆိုင်တွေ့ကာ ရှင်းပြနိုင်မယ့်အခွင့်အရေးကို ရရှိမှာဖြစ်ပါသည်။

Myanmar Advertising Directory

Read times
Rate this item
(1 Vote)