-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူတွေ သတိထားသင့်တဲ့ အချက်များ

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူတွေ သတိထားသင့်တဲ့ အချက်များ google

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေမိမိရဲ့ လုပ်ငန်းကထင်သလောက် မတိုးတက်ဘူးဖြစ်နေမယ် ဆိုရင် သင့်လုပ်ငန်းမှာ လိုအပ်ချက်လေးတွေရှိနေလို့ပါ။

ဒါတွေကိုဖြေရှင်းဖို့အတွက် အောက်မှာ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ မှားယွင်းနေတဲ့ Branding

လုပ်ငန်းရှင်တွေက branding ဆိုတာ အမိုက်စား logo တစ်ခုနဲ့ နာမည်ခပ်လန်းလန်း တစ်ခုရှိနေရင် ပြည့်စုံပြီလို့ ထင်ကြတာပါ။ Branding ပိုင်း မှားယွင်းတဲ့အခါ ဖြေရှင်းစရာ နှစ်ပိုင်းရှိပါတယ်။ ပထမဦးဆုံး target ထားမယ့် audience ကို သေချာရွေးပါ။ လူတိုင်းကို ဆွဲဆောင်နေဖို့ ကြိုးစားတာထက် သင့်ရဲ့ product အတွက် တကယ် အကျိုးအမြတ်ရစေမယ့် လူတွေကိုသာ အာရုံစိုက်ပါ။ ပြီးရင် ဒီလူတွေအတွက် အရေးပါနိုင်တာက ဘာတွေလဲ၊ သင့်ရဲ့ product ကရော သူတို့အတွက် အကျိုးကျေးဇူးရစေပါ့မလား၊ ဒါတွေကို အဖြေရှာပါ။ ဒီနည်းလမ်းကြောင့် သင့်ရဲ့ product ဟာ တန်ဖိုးမြင့်လာနိုင်သလို ဈေးကွက် လိုအပ်ချက်တစ်ခုလည်း ဖြစ်လာနိုင်မှာပါ။


၂။ ပူးပေါင်းလုပ်ဆောင်မှု အားနည်းတာ

စီးပွားသမားတွေဟာ တစ်ခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ တွန့်ဆုတ်တတ်ကြပါတယ်။ ဒါကလည်း လက်သင့်ခံစရာပါ။ ဘယ်သူမဆို ကိုယ်ပျိုးထောင်ထားတဲ့ လုပ်ငန်းကို သူများက ထိမှာ အမှားအယွင်းလုပ်မိမှာ စိုးရိမ်တတ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် ရေရှည်အတွက်ကြည့်ရင် လုပ်ငန်းတိုးချဲ့ဖို့ နည်းလမ်းကောင်းတစ်ခုပါ။ တခြား လုပ်ငန်းတွေနဲ့ ပူးတွဲဆောင်ရွက်တာကြောင့် သင်ကိုယ်တိုင်အတွက်လည်း client များများ ပိုရလာနိုင်သလို ကိုယ်ပိုင်ဈေးကွက်ကိုလည်း ဖန်တီးချဲ့ထွင်နိုင်ပါလိမ့်မယ်။

အောင်မြင်ဖို့ အလားအလာကောင်းတဲ့ Copy Writer တစ်ဦးရဲ့ ထူးခြားချက်မျာ
၃။ အာရုံစိုက်မှု

လုပ်ငန်းကြီးလာတာနဲ့အမျှ စာရင်းဇယားတွေလည်း ပိုများလာပါလိမ့်မယ်။ အစပိုင်းမှာတော့ accounting အတွက် excel သုံးတာ၊ customer တွေနဲ့ ဆက်သွယ်ဖို့ outlook သုံးတာ၊ မှတ်စရာသားစရာတွေအတွက် စာရွက်ပေါ်မှာပဲ ချရေးထားတာတွေဟာ အဆင်ပြေနိုင်ပါဦးမယ်။ ဒါပေမယ့် လုပ်ငန်းတိုးတက်လာတာနဲ့အမျှ ဒါတွေကို လိုက်မပြောင်းလဲပေးရင်လည်း တိုးချဲ့ရာမှာ လုပ်ငန်းသုံး software တွေ tools တွေ မှိုလိုပေါက်နေတဲ့ခေတ်ကြီးမှာ budget များများမရှိရင်တောင် လုပ်ငန်းအသေးစားတွေအတွက် ဖန်တီးပေးထားတဲ့ application တွေကို online မှာ ရှာဖွေသုံးစွဲကြည့်နိုင်ပါတယ်။ ဒီလို virtual assistant တစ်ခု ထားကြည့်တာဟာ သင့်အတွက် နေ့စဉ်တာဝန်တချို့ လျော့ပါးသွားလို့ ပိုအရေးကြီးတဲ့ အပိုင်းတွေမှာ အာရုံစိုက်ဖို့ အချိန်ပိုရမှာပါ။


၎။ long-term နဲ့ short-term goals တွေ မရှိတာ

လုပ်ငန်းတိုးတက်အောင်မြင်နေဖို့အတွက် သင့်မှာ ရေတိုအတွက်ရော ရေရှည်အတွက်ပါ တိကျပြီး လက်တွေ့ဆန်တဲ့ idea တွေ ရှိသင့်တာပါ။ ဒါအတွက် အကောင်းဆုံး နည်းလမ်းကတော့ သင့်ရဲ့လုပ်ငန်းအတွက် long-term goals တွေကို ချရေးထားဖို့ပါ။ ရေးပြီးတာနဲ့ ဘယ်အချက်ကနေ စသင့်သလဲ၊ ဘယ်အချက်ကို ပထမဦးဆုံး ပြီးမြောက်စေသင့်သလဲ စသဖြင့် အရေးကြီးတာတွေအလိုက် ဦးစားပေးစီစဉ်ပါ။ ဒီ long-term goal တစ်ခုချင်းစီအတွက် သင်ဟာ အဆင့်ပေါင်းများစွာ လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအဆင့်တွေဟာ short-term goal တွေပါပဲ။

Credit

Myanmar Advertising Directory

Read times
Rate this item
(1 Vote)