-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကောင်းမွန်တဲ့ Passive Income တစ်ခုတည်ဆောက်ဖို့ဆိုရင်

ကောင်းမွန်တဲ့ Passive Income တစ်ခုတည်ဆောက်ဖို့ဆိုရင် Google

သင့်အနေနဲ့ အလုပ်တစ်ခုထဲနဲ့တင် မလုံလောက်ပဲ ပုံမှန်လစာအပြင် တခြားဝင်ငွေတွေ ရချင်တယ်ဆိုရင်တော့ passive income တည်ဆောက်ဖို့ လိုအပ်နေပါပြီ။

အခုပြောပြပေးမှာကတော့ passive income တည်ဆောက်ဖို့ အတွက် idea (၅)မျိုးကိုဖော်ပြပေးလိုက်ပါတယ်။


၁။ information products တွေရောင်းမယ်

လူတွေလိုအပ်နေတဲ့ information တွေကို content တွေကို e-book တို့ audio course တို့ DVD တို့ စတာတွေဖန်တီးပြီး ရောင်းတာပါ။ အဲဒါတွေက ကောင်းမွန်တဲ့ passive income လမ်းကြောင်းတစ်ခုကို တည်ဆောက်ပေးနိုင်ပါတယ်။ အစပိုင်းမှာတော့ passive activity လို့ ပြောဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကောင်းမွန်တဲ့ product တစ်ခု ဖန်တီးဖို့ဆိုတာ အချိန်တော်တော် ပေးရပါလိမ့်မယ်။

ဒါ့အပြင် အဲ့ဒီကနေ ငွေများများ ရှာနိုင်ဖို့ဆိုတာက ကိုယ့်ရဲ့ informations တွေက တော်တော်လေးကောင်းနေဖို့ လိုပါတယ်။ တန်ဖိုးမရှိတာတွေအတွက် အပြင်မှာ ဈေးကွက်မရှိပါဘူး။ platform တစ်ခု တည်ဆောက်ပြီး ကိုယ့်ရဲ့ product ကို ကောင်းကောင်း marketing လုပ်နိုင်ရပါလိမ့်မယ်။ ပိုပြီးအောင်မြင်ချင်ရင်တော့ product တစ်ခုထဲနဲ့ မရနိုင်ပါဘူး။ နောက်ထပ် ပိုပြီးကောင်းမွန်တဲ့ product တွေ ဖန်တီးဖို့ လိုပါလိမ့်မယ်။


၂။ သူများကို ငှားစားမယ်

ကိုယ်ပိုင်တဲ့အရာတစ်ခုခုကို သူများကို ငှားစားတာ။ ဥပမာ - ကိုယ်ပိုင်တဲ့ အိမ်ဖြစ်ဖြစ် ဆိုင်ခန်းဖြစ်ဖြစ်ပေါ့။ ဒီလိုမျိုး rental property ကနေ passive income တည်ဆောက်ဖို့ဆိုရင် ကိုယ်ရင်းနှီးထားတဲ့အရာကနေ ဘယ်လောက်ပြန်လိုချင်တာလဲ။

ကိုယ်ငှားလိုက်လို့ ကိုယ့်အဆောက်အဦးရဲ့ ကုန်ကျငွေတွေ စတာတွေ ကိုယ့်အဆောက်အဦးကို ငှားတဲ့သူတွေကြောင့် အဆောက်အဦး ပျက်ဆီးနိုင်တဲ့ risk ကရှိသေး ဒါကြောင့် ဒါတွေအားလုံး ထည့်သွင်းစဉ်းစားပြီး သေချာလုပ်နိုင်မှသာ passive income တည်ဆောက်နိုင်မှာပါ။


၃။ affiliate marketing

Affiliate Marketing ဆိုတာကတော့ website owners တွေ bloggers တွေက သူများရဲ့ ပစ္စည်းတွေကို သူတို့ရဲ့ site မှာ product link ကို ထည့်သွင်းပြီး promote လုပ်ပေးတာပါ။ ကြည့်ရှု့သူတွေက အဲ့ဒီ link ကို နှိပ်ပြီးကြည့်တာ။ အဲ့ဒီကနေ ဝယ်တယ်ဆိုရင် site owner က ကော်မရှင်ရပါတယ်။

Affiliate Marketing ကို သီအိုရီအရတော့ passive income အနေနဲ့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ မလွယ်ကူလှပါဘူး။ ကြည့်ရှု့သူတွေ ကိုယ့် website ကို လာဖို့ဆိုတာ ကိုယ်ကကိုယ့် site ကို လူစိတ်ဝင်စားအောင် လုပ်ရပါမယ်။ အစမှာတော့ content တွေ ဖန်တီးပြီး traffic တည်ဆောက်ရပါမယ်။

Audience တွေဆီကနေ တုန့်ပြန်မှုကောင်းတွေ ရရှိစေနိုင်တယ့်နည်းလမ်းများ
၎။ ငွေချေးတာ

Peer-to-peer loan ဆိုတာကတော့ ကိုယ်နဲ့ ငွေချေးချင်တဲ့သူ နှစ်ယောက်ကြားထဲမှာ ပြုလုပ်တဲ့ချေးငွေပါ။ ငွေချေးတဲ့သူက ချေးထားတဲ့ငွေပေါ်မှာ အတိုးရပါတယ်။ ဒါကတော့ ဘာမှအာမခံချက်မှမရှိတဲ့အတွက် တော်တော်လေး risk များပါတယ်။


၅။ dividend ရတဲ့ stocks

ကုမ္ပဏီတွေမှာ ရှယ်ယာထည့်ထားတဲ့ ရှယ်ယာရှင်တွေဟာ dividend-yielding stocks တွေကနေ သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားတစ်ခုမှာ အမြတ်ရပါတယ်။ stocks တွေက ရတဲ့ငွေက အစပထမ ရင်းနှီးမြှုပ်နှံငွေနဲ့ပဲ သက်ဆိုင်ပြီး တစ်ခြား ဘာလုပ်ဆောင်ချက်မှ မပါတဲ့အတွက် ဒါက passive income တည်ဆောက်နိုင်တဲ့ လမ်းကြောင်းတစ်ခုပါ။

အရေးကြီးဆုံးအပိုင်းကတော့ မှန်ကန်တဲ့ stocks ကို ရွေးချယ်ဖို့ပါ။ ဘယ်မှာ ရင်းနှီးမြှုပ်နှံရမလဲဆိုတာ သေချာလေ့လာပြီးလုပ်မှသာ အဆင်ပြေမှာပါ။

Source; Dream Lab
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)