-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးစပ်တူလုပ်ကိုင်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်များ

စီးပွားရေးစပ်တူလုပ်ကိုင်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်များ Google

စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်တော့မယ်ဆိုရင် တစ်ဦးထဲလုပ်ရင်ကောင်းမလား မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စပ်တူလုပ်ရင်ကောင်းမလား စဉ်းစားရခက်နေတက်ပါတယ်။

တစ်ဦးတည်း လုပ်ကိုင်တာက ပြဿနာမဟုတ်ပေမယ့် စပ်တူလုပ်ငန်း လုပ်ကိုင်တဲ့အခါမှာ သူများနဲ့လုပ်ရတာမို့လို့ အဆင်မပြေတာမျိုး၊ သဘောထားချင်း မတိုက်ဆိုင်တာမျိုး၊ အတွေးအခေါ် မတူညီတာမျိုးတွေရှိနိုင်ပါတယ်။ ဒါကြောင့် စပ်တူလုပ်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


စပ်တူလုပ်ငန်းလုပ်ခြင်းရဲ့အားသာချက်များ

ဒါကို Partnership လို့ခေါ်ပါတယ်။ လုပ်ငန်းတစ်ခုကို ထူထောင်ပြီဆိုရင် အရင်းအနှီးအနည်းအများတော့ လိုအပ်မှာပါ။ စပ်တူ လုပ်ခြင်းရဲ့အားသာချက်က လိုအပ်တဲ့အရင်းအနှီးကို အလွယ်တကူရစေပါတယ်။ ကိုယ်တစ်ယောက်တည်းနဲ့ ငွေအင်အားမနိုင်ရင် နှစ်ယောက်သုံးယောက်ပေါင်းပြီး လုပ်လိုက်ရင်လိုအပ် တဲ့အရင်းအနှီးကိုရရှိနိုင်ပါတယ်။ ဒါ့အပြင် ပညာအရင်းအနှီးတို့ကိုလည်း စပ်တူလုပ်ငန်းမှာ ရရှိနိုင်ပါတယ်။

ကိုယ်က ကားဝပ်ရှော့ရုံထောင်ချင်တယ် ငွေရှိပေမယ့် ကားနဲ့ပတ်သက်ပြီး ဘာမှနားမလည်ဘူး။ အဲဒီမှာ ကားကိုကောင်းကောင်းပြင်နိုင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စပ်တူလုပ်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် စပ်တူလုပ်ငန်းမှာ ငွေအရင်းအနှီး၊ ပညာအရင်းအနှီးတို့ကို ပိုပြီးလွယ်လွယ်ရှာနိုင်တဲ့ အားသာချက်ရှိပါတယ်။ ကိုယ့်လုပ်ငန်းက marketing နဲ့ ပတ်သက်ပြီးကြီးကြီးမားမား မလုပ်နိုင်ဘူးဆိုရင်တောင် စပ်တူဖြစ်တဲ့အတွက် သူ့ဘက်က network နဲ့ ကိုယ့်ဘက်က network ကို ပေါင်းလိုက်ရင် တစ်ဦးတည်းထက်စာရင် လုပ်ငန်းကို လူသိပိုမြန်စေပါတယ်။ ဒါက စပ်တူလုပ်ငန်းရဲ့အားသာချက်တွေပါ။

Linkedin မှာလဲ Facebook လိုပဲ Reaction တွေပေးနိုင်ပြီ
စပ်တူလုပ်ငန်းလုပ်ခြင်းရဲ့အားနည်းချက်များ

စပ်တူလုပ်ပြီး လိုအပ်တဲ့အရင်းအနှီးကို လွယ်လွယ်ရနိုင်ပေမယ့် အကျိုးအမြတ်ကို ဘယ်လိုခွဲဝေမလဲ။ နှစ်ယောက်တည်း စပ်တူလုပ်တာဆိုရင်တော့ ကိစ္စမရှိပါဘူး။ အရင်းအနှီးကိုတစ်ဝက်စီထုတ်၊ အမြတ်ကိုလည်း တစ်ဝက်ခွဲယူရုံပါပဲ။ အကျိုးအမြတ်ကို ဆတူခွဲတာတော့ဟုတ်ပါပြီ အလုပ်မှာတစ်ယောက်က တာဝန်ပိုကြီးတာကိုလုပ်ရတယ် ပိုပြီးအဓိကကျတာကို လုပ်ရတယ်။ တစ်ယောက်က minor အလုပ်ကိုသာ လုပ်နေရတယ်ဆိုရင် ငါက အကျိုးအမြတ်ကို ပိုရသင့်တယ်ဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။

စပ်တူလုပ်ရင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိမှအဆင်ပြေနိုင်ပါမယ်။ သူကောင်တာထိုင်တဲ့နေ့မှာ ၀င်ငွေနည်းနေပြီး ငါထိုင်ရင် ပိုက်ဆံဒီထက် ပိုရတယ်ဆိုပြီး မယုံကြည်မှုတွေ၊ သံသယတွေဖြစ်လာနိုင်ပါတယ်။ ကိုယ့်လုပ်ငန်းက အဆင်ပြေနေရင် ကိစ္စမရှိဘူးပါဘူး ဒီလိုအသေးအဖွဲတွေကို မေ့နေလို့ရပါတယ်။ လုပ်ငန်းအဆင်မပြေတဲ့အချိန် ဖြစ်နေရင်တော့ အဲဒါတွေက အမှိုက်ကစပြဿဒ်မီးလောင် ဆိုတာမျိုးဖြစ်လာနိုင်ပါတယ်။စပ်တူလုပ်ငန်းရဲ့အဓိကအားနည်းချက်က decision making ပါ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လုပ်လို့မရပါဘူး။ ဆိုင်ခန်းအပြင်အဆင်ကအစ အသုံးပြုမယ့်ပစ္စည်းရွေးချယ်မှု၊ လုပ်ငန်းတိုးချဲ့သင့်မသင့်၊ customer service ကိုဘယ်လိုလုပ်မလဲ၊ promotion လုပ်တာကအဆုံး သဘောထား မတူညီတာတွေအများကြီး ဖြစ်လာနိုင်ပါတယ်။

အပေါ်မှာဖော်ပြပေးခဲ့တာတွေကတော့ စပ်တူလုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် ရရှိလာနိုင်တဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေပဲဖြစ်ပါတယ်။ စပ်တူလုပ်ငန်းမှာ ကျရှုံးရင်မယ်ဆိုင် ခံသာပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးလေ။ risk နည်းသလို ရလာတဲ့အကျိုးအမြတ်ကို ခွဲဝေပေးရလို့ အမြတ်လည်းနည်းမှာကို သတိပြုသင့်ပါတယ်။ ဒါကြောင့် စပ်တူမလုပ်ခင် သင့်လုပ်ဖော်ကိုင်ဖက်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ အကျိုးအမြတ်ခွဲဝေတာကအစ decision making အဆုံးဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

Source; ကျော်စောလွင်
Myanmar Advertising Directory

 

Read times
Rate this item
(2 votes)