-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရင်းနှီးမြှပ်နှံမှုပြုလုပ်မယ့် လုပ်ငန်းရှင်တွေ သိထားသင့်တဲ့ စတော့အမျိုးအစားများ

ရင်းနှီးမြှပ်နှံမှုပြုလုပ်မယ့် လုပ်ငန်းရှင်တွေ သိထားသင့်တဲ့ စတော့အမျိုးအစားများ Google

အခုမှ စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြုပ်နှံမှူပြုလုပ်ရာမှာ ကိုယ်ရင်းနှီးမြုပ်နှံမှူပြုလုပ်တဲ့ စတော့အမျိုးအစားကို သိဖို့ ဆိုတာအရေးကြီးပါတယ်။

ဒါကြောင့် အောက်မှာ လုပ်ငန်းရှင်တွေသိထားသင့်တဲ့ စတော့ အမျိုးအစား ၃ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Income Stocks ( ပုံမှန်ဝင်ငွေ စတော့)

အများပိုင် ကုမ္မဏီအများစုက နှစ်စဉ်စာရင်းချုပ်ပြီး အမြတ်အရှုံးစာရင်း၊ ငွေဝင်ငွေထွက်စာရင်းတိုကို ပြည်သူကို ထုတ်ပြန်ကြေငြာရပါတယ်။ ကုမ္မဏီအနေနဲရလာတဲ့ အမြတ်ငွေကို ကုမ္မဏီရဲ့လုပ်ငန်း မှာ ပြန်လည်ရင်းနှီးမြုပ်နှံ နိုင်သလို ရှယ်ယာပိုင်ရှင်တွေကို အမြတ်ငွေခွဲဝေပေးနိုင်ပါတယ်။ ကုမ္မဏီငယ်အများစုက ရရှိလာတဲ့ အမြတ်ငွေကို များသောအားဖြင့် ပြန်လည်မြုပ်နှံလိုတဲ့ အတွက် ခွဲဝေပေးလေ့မရှိပေမယ့် ကုမ္မဏီကြီးအများစု ကတော့ သူ့ ရဲ့ ရှယ်ယာပိုင်ရှင်တွေထံ အချိုးကျ ခွဲဝေပေးပါတယ်။

အဲဒီ ခွဲဝေပေးတဲ့ ငွေ ကို Dividend ခွဲဝေငွေ လို့ ခေါ်ပါတယ်။ ပုံမှန်ဝင်ငွေရရှိလိုတဲ့ ရင်းနှီးမျြပ်နှံမှူ စီးပွားရေးလုပ်ငန်းရှင်များက ဒီလိုပုံမှန်ဝင်ငွေပေးတဲ့ စတော့ရှယ်ယာမျိုးဝယ်ထားလေ့ရှိပါတယ်။ ဘယ်လောက် ရာခိုင်နန်းရသလဲ ဆိုတာကတော့ သင့်ရဲ့ရွေးချယ်မှူအပေါ်မှာမူတည်ပြီး ၄% က နေ ၁၀% ထိရှိနိုင်ပါတယ်။ ရေနံကုမ္မဏီ ကြီးတစ်ခုဖြစ်တဲ့ ကနေဒီရန်ပိုင် ERF စတော့ ဆိုရင် ၁၀% နီးပါးလောက် Dividend ပေးပြီး ထူးခြားတာကတော့ သူက လစဉ်အမြတ်ငွေခွဲဝေပေးခြင်းပါ။


၂။ Growth Stocks ( တိုးပွားနန်း စတော့ )

ဒီစတော့ မျိုးကတော့ ကိုယ်ဝယ်ထားတဲ့ အရင်းအပေါ်မှာ အမြတ်ငွေ ရရှိစေပါတယ်။ ရင်းနှီးမြုပ်နှံသူအများစုက ဒီလိုစတော့မျိုးကို ရှာပြီး ၀ယ်ယူရင်း နှီးလေ့ရှိပါတယ်။ ဘာလို့ လဲဆိုတော့ စတော့အမျိုးအစားသုံးမျိုးရှိရာအနက်မှာ ဒီအမျိုးအစားက အမြတ်ငွေ အများဆုံးပေးလေ့ရှိလို့ ပါ။ ဒီလို စတော့ကို ၀ယ်ထားယုံနဲ့ အမြတ်ငွေဘယ်လိုရသလဲ ဆိုတော့ ကိုယ်ဝယ်ထားတဲ့ စတော့ကဈေးတက်လာလို့ ပါပဲ။ ကိုယ်ဝယ်တုန်းက $6 ဆိုပါစို့ ။ ကိုယ်က အစုရှယ်ယာပေါင်း ၅၀၀ ခု ၀ယ်လိုက်တယ်ဆိုပါစို့ ။ နောက် ၃လ လောက်ကြာတော့ ကိုယ်ဝယ်ထားတဲ့ စတော့ က ၆ ကျပ်ကနေ $12 ကျပ်ထိ ဈေးတက်သွားတယ်ဆိုရင် ကိုယ်ပိုင်ဆိုင်တဲ့ ရှယ်ရာပေါင်း ၅၀၀ ကို သာပြန်ရောင်းလိုက်မယ် ဆိုရင် ကိုယ်မြုပ်နှံထားတဲ့ ငွေပမာဏရဲ့ နှစ်ဆ ပြန်ရမှာပေါ့။ ကိုယ်ကငွေ သိန်း ၃၀၀ နဲ့ စတယ် ဆိုရင် လပိုင်းအတွင်း ဘာမှ သိပ်လုပ်စရာမလိုပဲ ငွေ သိန်း ၆၀၀ ရမယ် ဆိုတဲ့ သဘောပေါ့။ ဒီလိုရဖို့ ဆိုတာ ပြောသလောက် မလွယ်ပေမယ့်  ဖြစ်နိင်ချေအတွင်းမှာရှိပါတယ်။

သင့်ကုမ္ပဏီမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖွဲ့အစည်းစိတ်ဓာတ်ကို မြှင့်တင်ချင်ပါသလား...?
၃။ Value Stocks ( ဈေးနိမ်စတော့ )

ဒီစတော့မျိုးကို ဈေးနိမ်စတော့လို့  ခေါ်တာ ဘယ်လိုဘာသာပြန်ရမှန်းမသိလို့ ပါ။ အမှန်တကယ်တော့ ဈေးနှိမ်တာမဟုတ်ပါဘူး။ ပေါချောင်ကောင်း စတော့မျိုးကို ပြောတာပါ။ ဒါပေမယ့် ပေါချောင်ကောင်း စတော့ ဆိုတာ နာမည် မကောင်းလို့  ဈေးနှိမ်စတော့ လို့ ခေါ်လိုက်တာပါ။ ဒီလိုစတော့မျိုးဟာ ဈေးကွက်ထဲမှာ ရှိနေတတ်ပါတယ်။

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)