-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ငန်းတည်ထောင်သူတွေအတွက် ကျရှုံးမှုကနေ သင်ယူလေ့လာမှုပြုနိုင်မယ့်အချက်များ

လုပ်ငန်းတည်ထောင်သူတွေအတွက် ကျရှုံးမှုကနေ သင်ယူလေ့လာမှုပြုနိုင်မယ့်အချက်များ Google

ဦးဆောင်သူတွေ၊ အထူးသဖြင့် စွန့်ဦးလုပ်ငန်းတည်ထောင်သူတွေရဲ့ မအောင်မြင်၊ ကျရှုံးရခြင်းနဲ့ ပတ်သက်လို့ ပိုပြီးအတွေ့ရများတဲ့ အကြောင်းရင်းခံတချို့က ဘာတွေများဖြစ်မလဲ။ ပြီးတော့ ကျရှုံးမှုဆီကနေ သင်ယူလေ့လာမှုကို ဘယ်လိုပြုလုပ်ပြီး အဲဒီအတွေ့အကြုံတွေကနေတဆင့် ပိုမိုအောင်မြင်လာအောင်အထိ ဘယ်လိုပြုလုပ်ကြမလဲ။

Howard Schultz ရဲ့ ဥက္ကဋ္ဌဖြစ်သူနဲ့ Starbucks ရဲ့ CEO တို့ကနေ ဘဏ္ဍာရေးအရ မတည်ပေးထားတဲ့ စွန့်ဦးမတည် ရင်းနှီးမြုပ်နှံရေးနယ်ပယ်မှာ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Maveron ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ပါတနာဖြစ်သူ Dan Levitan က အခုလို ပြောပြပါတယ်။

ဦးဆောင်သူတွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးတွေမှာ ကျရှုံးမှုကို ဦးတည်သွားစေနိုင်သလဲဆိုတော့ အခြေအနေတစ်ရပ်ရပ်ရဲ့ သားကောင်အဖြစ် ကျရောက်သွားခြင်းနဲ့ အဲဒီကနေတဆင့် သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေအပေါ်မှာ ယုံကြည်မှု ဆုံးရှုံးသွားကြခြင်း ဖြစ်တယ်။

ဦးဆောင်သူတွေနဲ့ အဖွဲ့အစည်းတွေကလည်း လုပ်ငန်းဈေးကွက်နယ်ပယ်အတွင်းမှာ သွက်လက်ကျွမ်းကျင်မှုရှိဖို့နဲ့ အပြောင်းအလဲနဲ့အတူ ပြောင်းလွယ်ပြင်လွယ်တဲ့ သဘောမျိုးရှိဖို့ လိုအပ်ပါတယ်။ ထုတ်ကုန်ပစ္စည်းကို ပြုပြင်မွမ်းမံခြင်း၊ ဝယ်ယူသူနှင့်အတူ တသားတည်း အံဝင်ခွင်ကျရှိခြင်းတို့က အောင်မြင်မှုအတွက် အလွန်အရေးပါတဲ့ အချက်တွေပဲဖြစ်ပါတယ်။

အနှုတ်လက္ခဏာဆောင်တဲ့ အကြောင်းရင်းခံတွေကနေ မိမိတို့ရဲ့ အောင်မြင်မှုအပေါ် လွှမ်းမိုးသက်ရောက်လာတဲ့အခါမှာ ကျွန်တော်တို့ဟာ စိတ်တိုပြီး ခံပြင်းလာတတ်ကြပါတယ် “ဒါ ငါ့အမှားမှ မဟုတ်တာ၊ မတရားဘူးကွာ” ၊ “သူတို့က ငါ့ကိုမှ ပြောမပြဘဲ” ။ ဒီလို တွေးခေါ်မှုမျိုးက ထပ်မံကျရှုံးစေဖို့ပဲ ဦးတည်စေပါတယ်။

မိတ်ဆွေအနေနဲ့ ပြုလုပ်ထားပြီးဖြစ်နိုင်တဲ့၊ ပြုလုပ်ထားသင့်ခဲ့တဲ့ အရာတွေနဲ့ချည်း နစ်မျောနေတာထက် ကျရှုံးမှုကနေ သင်ယူရာမှာ အထောက်အကူဖြစ်စေပြီး အဲဒီကျရှုံးမှုကို ပကတိအနေအထားအတိုင်း ရှိနေရာကနေ ကြီးကျယ်ခမ်းနားတဲ့ သင်ကြားသူ ဆရာတစ်ဦးသဖွယ် အသုံးပြုရာမှာ အထောက်အပံ့ဖြစ်စေနိုင်ဖို့အတွက် မိတ်ဆွေအနေနဲ့ စမ်းသပ်ပြုလုပ်နိုင်မယ့် အကြံပြုချက် (၄) ခုကို ဖော်ပြထားပါတယ်။


၁။ အမှားအယွင်းတွေ ကျူးလွန်မိတတ်တာကို သိရှိနားလည်ရမယ်

လူတိုင်းလိုလိုက တခါတလေဆိုသလို ဆိုးဆိုးဝါးဝါး ဆုံးဖြတ်ချက်တွေကို ပြုလုပ်တတ်ကြပါတယ်။ မိတ်ဆွေအနေနဲ့ လူတိုင်းကို ချစ်ခင်ပြနေဖို့တော့ မလိုအပ်ပါဘူး၊ သူတို့တွေဟာ ဘယ်လိုလူစားမျိုးတွေ ဖြစ်ကြတယ်ဆိုတာကိုသာ လက်ခံဖို့ လိုအပ်ပါတယ်။ မိတ်ဆွေရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ တိုက်ရိုက်ပြုလုပ်ရတဲ့ အစီရင်ခံစာတွေ၊ ဒါမှမဟုတ် အထက်လူကြီးတွေအပေါ်မှာ ဒေါသအလျောက် တုန့်ပြန်မှုမျိုးတွေကလည်း မိတ်ဆွေအတွက်ကော မိတ်ဆွေရဲ့ ကုမ္ပဏီ ဒါမှမဟုတ် မိတ်ဆွေနဲ့အတူ အလုပ်လုပ်ကိုင်သူတွေအပေါ်မှာကော အကျိုးတစ်စုံတစ်ရာရှိစေမှာ မဟုတ်ပါဘူး။


၂။ မိမိကိုယ်ကို ခွင့်လွှတ်ပါ

မိတ်ဆွေဟာ အရွယ်ရောက်ပြီးသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကုမ္ပဏီနဲ့အတူ လက်တွဲလုပ်ကိုင်ဖို့အတွက် မိတ်ဆွေရွေးချယ်ခဲ့တာပါ။ တစ်နည်းပြောရရင် မိတ်ဆွေဟာ လောင်းကြေးထပ်မှု ပုံစံတစ်မျိုးကို ပြုလုပ်ခဲ့သူပါ။ တခါတရံမှာ အောင်မြင်မှုကို ရရှိဖို့အတွက် တစ်ခုခုကိုတော့ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက မိတ်ဆွေကို ပိုမိုဆိုးဝါးသူတစ်ဦး ဖြစ်လာစေတာတော့ မဟုတ်ပါဘူး။ လူသားတစ်ဦးအနေနဲ့ပဲ ရှိနေစေတာပါ။ ဒီထက် ပိုမိုနက်ရှိုင်းတဲ့ အဆင့်တစ်ရပ်မှာတော မိတ်ဆွေအနေနဲ့ စိတ်ဆိုးဒေါသထွက်မိသူဟာ မိတ်ဆွေကိုယ်တိုင် ဖြစ်နေပါတယ်။ ကျရှုံးမှုအတွက်ကြောင့် ပုဂ္ဂိုလ်ရေးအရ ရှက်ရွံ့မိတာမျိုး မဖြစ်မိပါစေနဲ့။ မိတ်ဆွေရဲ့ ဆောင်ရွက်ချက်ကို နိုင်နင်းမှုရှိပါစေ။ မိတ်ဆွေဟာ ကိုယ့်ရဲ့အကောင်းဆုံးကို ပြုလုပ်ထားပြီးပါပြီ။

မိမိ Company မှ ဝန်ထမ်းတွေရဲ့ အရည်အသွေးကိုမြှင့်တင်ချင်တယ်ဆိုရင်
၃။ အခြေအနေကို ဆန်းစစ်အကဲဖြတ်ပါ

ဦးဆောင်သူတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုကတော့ “တစ်စုံတစ်ယောက်ကို ထွက်သွားခွင့်ပြုပေးရမယ့်” ကိစ္စပါပဲ။ မိတ်ဆွေအနေနဲ့ ဒီနေ့တည်ရှိနေတဲ့ အဖွဲ့အစည်းနဲ့အတူ ယှဉ်တွဲနေထိုင်လိုပါသလား။ ယှဉ်တွဲနေထိုင်လိုတယ်ဆိုရင်တော့ မိတ်ဆွေရောက်ရှိတဲ့နေရာမှာ အကောင်းဆုံးအနေအထားမျိုး ရရှိအောင်ပြုလုပ်ပါ။ မိတ်ဆွေအနေနဲ့ ထွက်ခွာသွားချင်ပါသလား။ ထွက်ခွာချင်ရင်တော့ နောက်အလုပ်တစ်ခုကို စတင်ရှာဖွေလိုက်ပါ။


၎။ မိတ်ဆွေရဲ့ ဘဝမှာရှိတဲ့ ပိုမိုနက်ရှိုင်းတဲ့ အထူးတာဝန်ကို သတိရပါ။

မိမိကိုယ်တိုင်အတွက်ကော မိတ်ဆွေအနေနဲ့ ချစ်ခင်နှစ်သက်ရသူတွေအတွက်ကော အကျိုးဖြစ်ထွန်းစေတဲ့ နည်းလမ်းမျိုးနဲ့ ပြုမူဆောင်ရွက်ပါ။ မိတ်ဆွေရဲ့ တွေးခေါ်မြော်မြင်မှုကို ပျောက်ဆုံးစေပြီးတော့ ရှုံးနိမ့်မှုကို ဖြစ်ပေါ်စေတဲ့ ဒေါသတရားအတွက်နဲ့တော့ မိမိကိုယ်ကို အကျိုးမဲ့အချည်းနှီးအဖြစ်မျိုး မကျရောက်မိပါစေနဲ့။ ထူးချွန်ပြောင်မြောက်သူတွေအနေနဲ့ ဒေါသထွက်မိတဲ့အခါ မိုက်မဲတဲ့ ဆုံးဖြတ်ချက်တွေကို မချမိဖို့ကအရေးကြီးပါတယ်။

Source; Naing Win Aung

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)