-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူမှုအကျိုးပြု စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်ရဲ့ စီးပွားရေးအမြင်

လူမှုအကျိုးပြု စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်ရဲ့ စီးပွားရေးအမြင် Google

Start something that matters စာအုပ်ထဲမှာ One for One ကို ဖန်တီးပြီးအောင်မြင်ခဲ့တဲ့ လူမှုအကျိုးပြု စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အကြောင်းကို သူရဲ့စာတွေ့ကိုယ်တွေ့ ဖြစ်ရပ်တွေကနေတဆင့် ပြောပြထားပါတယ်။

အမေရိကန်မှာနေတဲ့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင် ဘလိတ် ( Blake Mycoskie ) ဟာ အာဂျင်တီးနားကို အလည်လာရင်း အမေရိကန်သူတစ်ယောက်လုပ်နေတဲ့ လူမှုရေးလုပ်ငန်းမှာ ခဏဝင်ကူညီခဲ့ပါတယ်။ အာဂျင်တီးနားမှာ အယ်ပါဂါတာဖိနပ်ကို လူတိုင်းနေရာတိုင်းမှာ စီးကြပါတယ်။ ဒါပေမယ့် ဆင်းရဲတဲ့ကလေးတွေကတော့ ဘာဖိနပ်မှမစီးနိုင်ကြပါဘူး။ ဒီတော့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ မကြာခဏဖြစ်နေကြပါတယ်။

ဘလိတ် ဝင်ကူနေတဲ့ လူမှုရေးလုပ်ငန်းအဖွဲ့က ကလေးတွေကို ဖိနပ်လှူတဲ့အဖွဲ့ပါ။ ဒါပေမယ့် ဘလိတ်ရဲ့စဉ်းစားပုံကတော့ ဒီအဖွဲ့နဲမတူပါဘူး။ သူ့အနေနဲ့ သူ့သူငယ်ချင်းတွေ၊ မိသားစုတွေဆီက အလှူခံလို့ရပါတယ်။ ဒါပေမယ့် " ဒီလူအားလုံးကုန်သွားရင် ဘာဆက်ဖြစ်မလဲ။ အမြတ်ရတဲ့စီးပွားရေးတစ်ခု ဖန်တီးပြီးတော့ ကလေးတွေကိုဖိနပ်ထောက်ပံ့ပေးရင် မကောင်းဘူးလား " လို့ ဘလိတ်ကတွေးမိလိုက်တယ်။

သူရဲ့အတွေးကတော့ အလှူသက်သက်မဟုတ်ပဲ လူမှုအကျိုးပြုစွန့်ဦးတီထွင်စီးပွားရေးစတင်လုပ်ကိုင်ဖို့ပါ။ အမြတ်ငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို လှူမယ်လို့စိတ်ကူးထားတာ မဟုတ်သလို ဘာပုံသေနည်းမှလည်း မသုံးခဲ့ပါဘူး။ တစ်ရံရောင်းရရင် တစ်ရံလှူမယ်ဆိုပြီး One for One ပေါ်လာတယ်။ "Shoe for better tomorrow" တနည်းအားဖြင့် Tomorrow's shoes ရဲ့အတိုကောက် TOMS လို့နာမည်ပေးတယ်။

ဖိနပ်လုပ်ငန်းအကြောင်း သူသေချာနားမလည်ပေမယ့် လုပ်ချင်စိတ် ပြင်းပြလို့စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဘလိတ်ဟာ နမူနာ ဖိနပ် ၂၅၀ ကို အမေရိကားက သယ်လာခဲ့တယ်။ ဒါပေမယ့် ဟိုရောက်တော့ Fashion လဲမသိ ဈေးကွက်လည်း နားမလည်လို့ ယောင်လည်လည်ဖြစ်နေခဲ့ပါတယ်။ ဒီတော့ သူငယ်ချင်းတွေဖိတ်ပြီး dinner တစ်ခုလုပ်ပေးဖို့စီစဉ်ခဲ့ပါတယ်။

ရုရှားစီးပွားရေးလုပ်ငန်းရှင် ဘီလျံနာတစ်ဦးဖြစ်တဲ့ Leonid Mikhelson

အဲဒီ Dinner မှာ သူရဲ့TOMS အကြောင်းကို မားကတ်တင်းဆင်းတယ်။ သူငယ်ချင်းတွေကလည်း သဘောကျပြီး အားပေးကြတယ်။ ဘလိတ်ရဲ့ TOMS ဖိနပ်ဟာ သာမန်နဲ့မတူတဲ့ နောက်ကွယ်က ဖြစ်ရပ်တစ်ခုတွဲပါနေတယ်။ ဝယ်သူတွေက ဒီဖြစ်ရပ်ကို ကြိုက်ရင် ဖိနပ်ကိုကြိုက်မယ်။ အဲဒီနောက်မှာတော့ ဘလိတ်ဟာအမေရိကားကို ခဏပြန်ခဲ့ပါတယ်။

လေယာဉ်ပေါ်ရောက်တော့ ဘေးခုံမှအမျိုးသမီးက TOMS ဖိနပ်စီးထားတာတွေ့တယ်။ သူက ဖိနပ်က မိုက်တယ်လို့ စကားစလိုက်တယ်။ အဲ့အချိန်မှာ အမျိုးသမီးက TOMS ဖိနပ်ကို ဂုဏ်ယူစွာနဲ့စီးတာ ဖြစ်ကြောင်း၊ ဒီဖိနပ်တစ်ရံဝယ်စီးတဲ့အတွက် ဖိနပ်မရှိတဲ့ကလေးတစ်ယောက်ကို ဖိနပ်တစ်ရံလှူလိုက်တဲ့ အလှူရှင်တစ်ဦးဖြစ်ကြောင်း တရစပ်ပြောပါတယ်။

အဲအချိန်မှာ TOMS ကို သူကိုယ်တိုင်တည်ထောင်ခဲ့တာဖြစ်ကြောင်း ဘလိတ်က သူ့ကိုယ်သူ မိတ်ဆက်လိုက်ပါတယ်။ အခုဆိုရင် TOMS ကနေ လှူဒါန်းတဲ့ဖိနပ်ပေါင်း ၇၅ သန်းကျော်သွားပါပြီ။ ဖိနပ်သာမက နေကာမျက်မှန်လည်း ထုတ်ပါတယ်။ နေကာမျက်မှန်တစ်လက် ဝယ်ရင် မျက်စိမကောင်းသူ တစ်ဦးကို ဆေးကုပေးပါတယ်။

ဒါကြောင့် ဒီစာအုပ်ထဲမှာဆိုရင် ဘလိတ်ရဲ့ဆန်းသစ်တဲ့ စိတ်ကူးတွေကိုတွေ့ရမှာပါ။ ဘလိတ်ဟာ စီးပွားရေးအမြင်နဲ့ တဲ့ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ဝယ်ဖတ်ရင်လည်း ကလေးတစ်ဦးကို စာအုပ်တစ်အုပ်လှူပါတယ်။ One for one ပါပဲ။

Source; Recycle Myanmar
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)