-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘီလျံနာသူဌေးကြီး Amancio Ortega ရဲ့ လက်လီမာကက်တင်းနည်းဗျူဟာများ

ဘီလျံနာသူဌေးကြီး Amancio Ortega ရဲ့ လက်လီမာကက်တင်းနည်းဗျူဟာများ Google

အထင်ကရ Inditex fashion group နဲ့ Zara fashion brand ရဲ့ တည်ထောင်သူတစ်ယောက်ဖြစ်တဲ့ စပိန်နာမည်ကျော်ဘီလျံနာသူဌေးကြီး Amancio Ortega ဟာ လက်ရှိမှာကမ္ဘာ့နိုင်ငံပေါင်း ၉၃ နိုင်ငံမှာ ဖြန့်ကျက်လည်ပတ် လုပ်ကိုင်လျက်ရှိပါတယ်။

သူဟာ အညတရအောက်ခြေဘ၀က စခဲ့ရပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာအထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ Ortega ကိုတော့ ၁၉၃၆ ခုနှစ် မတ်လ ၂၈ ရက်က စပိန် အနောက်မြောက်ပိုင်းက Busdogo de Arbas မြို့ငယ်လေးမှာ မွေးဖွားခဲ့ပါတယ်။

ဖခင်ဖြစ်သူက မီးရထားအလုပ်သမားတစ်ဦးဖြစ်ပြီး မိခင်ကတော့ အိမ်ဖော်အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ Ortega ဟာ အသက် ၁၄ နှစ်အရွယ်မှာ မိသားစုကို တစ်ဘက်တစ်လမ်းကနေ ငွေရှာပေးနိုင်အောင်လို့ ကျောင်းဆက်မတက်တော့ဘဲ ကျောင်းထွက်ခဲ့ပါတယ်။ အသက် ၂၀ အရွယ်မှာ သူရဲ့ပထမဇနီး Rosalia Mera ၊သူ့ရဲ့မွေးချင်း မောင်နှမတွေနဲ့အတူ ပူးပေါင်းပြီး ရေချိုးခန်းသုံးဝတ်ရုံစတွေကို ကိုယ်တိုင် စတင်ချုပ်လုပ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသမီးအတွင်းခံဘက်ကို ချဲ့ထွင်လုပ်ကိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Ortega ဟာ ကိုယ်ပိုင်စက်ရုံကိုဖွင့်ပြီး ဖက်ရှင်လောကထဲမှာ စတင်ခဲ့ပါတော့တယ်။

၁၉၆၃ မှာ Ortega ဟာ စပိန်အနောက်မြောက်ပိုင်းက A Coruna မြို့မှာ Confecciones GOA လို့ခေါ်တဲ့ သူရဲ့ပထမဆုံးသောအလုပ်ရုံကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအလုပ်ရုံဟာ ဆယ်စုနှစ်တစ်စုတွင်းမှာပဲ အလုပ်ရုံမှာ ၀န်ထမ်း ၅၀၀ အထိ များပြားလာခဲ့ပါတယ်။ အဲနောက်မှာတော့ လုပ်ငန်းကို ချဲ့ထွင်ဖို့နဲ့ ၁၉၇၅ မှာ A Coruna မှာပဲ ပထမဆုံးသော Zara စတိုးကို ဖွင့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီစတိုးကတော့ အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုတဲ့ အ၀တ်အထည်ကိုသာ ရောင်းချတယ်ဆိုတဲ့ နာမည်ဂုဏ်သတင်းကိုပါ ရရှိခဲ့ပါတယ်။ Ortega ဟာ ‘fast fashion’ လို့ ခေါ်တဲ့ မာကက်တင်း အယူအဆသစ်ကိုပါ ကျင့်သုံးလုပ်ဆောင်ခဲ့ပါတယ်။

Read More>>> Alibaba လုပ်ငန်းကြီးရဲ့တည်ထောင်သူ ဂျက်မားမဖြစ်လာခင်အချိန်များ

Zara ရဲ့ ပထမဆုံးစတိုး အောင်မြင်မှုရပြီးနောက် ၁၉၇၇ ခုနှစ်မှာ Ortega ဟာ A Coruna အစွန်အဖျားမှာ GOA အတွက်ရော၊ Zara အတွက်ပါ စက်ရုံတစ်ရုံတည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၈၃ မှာတော့ Zara brand ဟာ ဖက်ရှင်လက်လီလုပ်ငန်းတွင်းမှာ အောင်မြင်တဲ့ နာမည်တစ်ခုဖြစ်လာပြီး ကြီးမားတဲ့တိုးတက်မှုနှုန်းတွေနဲ့ စတင်တိုးတက်ချဲ့ကားလာခဲ့ပါတယ်။ Ortega ဟာ Zara stores တွေကို မက်ဒရစ်နဲ့ဘာစီလိုနာတို့လို စပိန်ရဲ့ အဓိက မြို့ကြီးတွေမှာ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ ပြီးတော့ ကုမ္ပဏီအားလုံးကို တစ်ခုတည်းသောလုပ်ငန်းကြီးအောက်မှာ ပေါင်းစည်းရှိနေနိုင်ဖို့အတွက် Ortega ဟာ ဇနီးဟောင်း Rosalia Mera နဲ့အတူ Inditex ကို တည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ကမ္ဘာတစ်ဝှမ်း ဈေးကွက် ၉၃ ခုမှာ စတိုးပေါင်း ၇,၂၀၀ ကျော်ကို လည်ပတ်လုပ်ကိုင်ခဲ့ပါတယ်။

၂၀၁၇ တစ်နှစ်တည်းမှာတင် ၀င်ငွေ ဒေါ်လာ ၂၅ ဒသမ ၃ ဘီလီယံထိ ရရှိခဲ့ပြီး လက်ရှိအချိန်ထိလည်း တည်ထောင်ပြီး နှစ် ၃၀ ကျော်ကြာတဲ့အထိ ကမ္ဘာကျော် ဖက်ရှင်လက်လီလုပ်ငန်းကြီးအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။ ခုလို ကမ္ဘာကျော်ဖက်ရှင်လုပ်ငန်း ကုမ္ပဏီကြီးရဲ့တည်ထောင်သူ ဖြစ်ပေမယ့် Ortega မှာတော့ ကိုယ်ပိုင်သီးသန့်ရုံးခန်းရယ်လို့ မရှိဘူးလို့လည်း သိရပါတယ်။ ဒီဇိုင်နာတွေနဲ့ ၀န်ထမ်းတွေနဲ့ တွေ့ဆုံတဲ့အချိန်မျိုးမှာ A Coruna က ရုံးချုပ်ရှိ စားပွဲတစ်လုံးမှာပဲ ထိုင်လေ့ ရှိတယ်လို့ သိရပါတယ်။

သူဌေးကြီး Ortega ကတော့ ၀န်ထမ်းအားလုံးနဲ့အတူ အလုပ်လုပ်ရတာ နှစ်သက်သူဖြစ်ပြီး ၀န်ထမ်းတွေ၊ ဒီဇိုင်နာတွေဆီက စိတ်ကူးအိုင်ဒီယာတွေကိုလည်း လိုလိုလားလားဂရုတစိုက် နားထောင်တတ်သူဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အကျိုးအမြတ် မျှဝေခံစားတဲ့ အစီအစဉ်တစ်ခုကို ထူထောင်ကျင့်သုံးခဲ့ပြီး ဒေါ်လာ ၄၂ ဒသမ ၃ သန်းမျှ ပမာဏကို မတူညီတဲ့ နိုင်ငံပေါင်း ၅၀ ရှိ စတိုးတွေ၊ စက်ရုံတွေ၊ brands တွေ ၊ လုပ်ငန်းခွဲတွေက ၀န်ထမ်း ၇၈,၀၀၀ ကို မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။ ယခု ၂၀၁၉ ခုနှစ် ဧပြီလအထိ စာရင်းတွေအရ သူဌေးကြီး Ortega ရဲ့ အသားတင်ကြွယ်ဝမှု တန်ဖိုးက ကန်ဒေါ်လာ ၇၀ ဒသမ ၃ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Source; Strategy First Times
Myanmar Advertising Directory

Read times
Rate this item
(1 Vote)