-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုန်ပစ္စည်းသုံးလိုက်ရတဲ့ခံစားမှုကို ဖန်တီးကြော်ငာနိုင်တဲ့ Experiential Marketing

ကုန်ပစ္စည်းသုံးလိုက်ရတဲ့ခံစားမှုကို ဖန်တီးကြော်ငာနိုင်တဲ့ Experiential Marketing Google

Experiential Marketing ဆိုတာ ခံစားမှုအသုံးချ Marketing လို့ပြောလို့ရပါတယ်။

အာရုံခြောက်ပါး မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဒီခြောက်မျိုးကို ချိတ်ဆက်အသုံးချပြီး ကိုယ်ပေးချင်တဲ့ Communication Message တွေ၊ Brand တစ်ခုရဲ့ သက်ဆိုင်ရာ Attribute တွေကို ခံစားမှုအဆင့်ထိတွေ့ကြုံခံစားနိုင်အောင် ဖန်တီးလုပ်ယူတာက Experiential Marketing ပဲဖြစ်ပါတယ်။

ဘယ်လို Experience တွေလဲဆိုရင် အဓိကက Product Experience နဲ့ Brand Experience ဆိုပြီး နှစ်ပိုင်းခွဲလို့ရပါတယ်။ Product Experience ဆိုတာတော့ ပစ္စည်းတစ်ခုကို သုံးကြည့်လို့ရတဲ့ အသုံးပြုမှု အတွေ့အကြုံပေါ့။ တီဗွီကြော်ငြာတစ်ခုကို ကြည့်လိုက်တယ်ဆိုရင် ပစ္စည်းတစ်ခုရဲ့ ထုတ်ပိုးမှုတွေ၊ ဒီဇိုင်းတွေ၊ အသုံးဝင်မှုတွေ၊ အသုံးပြုပုံတွေ ဆိုပြီးမြင်ရတယ်။ ဒါပေမယ့် ဒီပစ္စည်းကိုသုံးလိုက်ရတဲ့ အတွေ့အကြုံကိုတော့ ကြော်ငြာကနေ မရနိုင်ဘူး။ Experiential Marketing ကို သုံးပြီး ဒီလိုအတွေ့အကြုံမျိုးတွေ ဖန်တီးပေးဖို့လိုအပ်ပါတယ်။

အရှင်းဆုံးဥပမာပေးရမယ်ဆိုရင် အချိုရည်ထုတ်ကုန်တစ်ခုExperiential Marketing လုပ်ချင်တယ်။ အလွယ်ဆုံးဆိုရင် အေးစက်နေတဲ့ အချိုရည်ကို လမ်းသွားလမ်းလာတွေကို ဝေပေးတာမျိုး။ ဒါကတော့ Sampling လို့ခေါ်တယ်။ အရိုးရှင်းဆုံးနည်းလမ်းထဲကတစ်ခု အဲသလိုလုပ်ချင်းအားဖြင့် ဒီထုတ်ကုန်ကို သောက်ဖူးသွားတယ် အတွေ့အကြုံကို ရသွားတယ်။ ဒီထက်ပို ထူးခြားချင်ရင် ဘာလုပ်လို့ရလဲ။ အကောင်းဆုံး Tempreature မှာ အေးထားတဲ့ ဒီအချိုရည်လေးကို သောက်လိုက်ရတဲ့ အေးမြမှုကို ဦးစားပေးချင်တယ်။ ဘာလုပ်ကြမလဲ။ Shopping Mall လိုနေရာမျိုးမှာ အအေးခန်းလို အခန်းတစ်ခုဆောက် အထဲမှာ အချိုရည်ဘူးတွေကို ခပ်မိုက်မိုက် အပြင်ဆင်တွေလုပ်ပြီး ပြင်ဆင်ပြထားမယ်။ လူတွေကို ဒီအထဲကိုဝင်ကြည့်ခိုင်းမယ် အထဲဝင်လိုက်တာနဲ့ အေးစိမ့်သွားရမယ်။ ကိုယ်လူတွေ ခေါင်းထဲရောက်စေချင်တဲ့ Attribute တစ်ခုကို Ambient အပြင်အဆင်သုံးပြီး ဖန်တီးတာကို Experiential Marketing လို့ခေါ်ပါတယ်။

နောက်တစ်မျိုးဆိုရင်တော့ LV ပေါ့။ Luxury ဖြစ်တယ်၊ Prestigeous ဖြစ်တယ်၊ selective ဖြစ်တယ်၊ Premium ဖြစ်တယ် စသဖြင့် အဲဒီတော့ ဒီအချက်တွေကို တကယ့် Experiential အဆင့် အတွေ့အကြုံအဖြစ် ဘယ်လိုလုပ်သလဲဆိုတော့ သူတို့ရဲ့ Retail ဆိုင်တွေကို အသုံးချတယ်။ ဆိုင်ကြီးတွေကို ဟီးနေအောင်ဆောက်တယ်။ အကောင်းတကာ့အကောင်းဆုံး အပြင်အဆင်တွေနဲ့ ဝန်ထမ်းတွေကလည်း အကောင်းဆုံးပုံစံနဲ့ အပြုအမူတွေကအစ အိတ်တစ်အိတ်မထုတ်ခင် လက်အိတ်ဝတ်တယ် ကတ္တီပါစခင်းပြီးမှ အဲဒီအပ်ါမှာ တင်ပြတယ်။ ခုနကပြောတဲ့ luxury, Prestigeous, Selective, Premium ဖြစ်တယ်ဆိုတဲ့ ချိတ်ဆက်မှုတွေက အိတ်ကနေမဟုတ်ဘဲ အဲဒီဆိုင်ကြီး၊ အပြင်အဆင်တွေနဲ့ ဝန်ထမ်းတွေရဲ့ အပြုအမူတွေကနေတစ်ဆင့်သွားတာပဲ။

Read More>>>Printing ပိုင်းတွေမှာ အသုံးများတဲ့ Pantone ကာလာများအကြောင်း

Apple လည်း အဲဒီသဘောပဲ။ ဘာလို့ Apple Product တွေက တစ်ခြားဘယ်မှာမှ ဝယ်လိုမရဘဲ သူတို့ Apple Store တွေမှာပဲရလဲဆိုတာ သူတို့ရဲ့ branding ရဲ့ အကြီးမားဆုံးသော Experiential အစိတ်အပိုင်းဟာ Retail Experience ကနေ ဖန်တီးထားလို့ပဲ။ ဆိုင်ထဲဝင်လိုက်တာနဲ့ Premium ဖြစ်တယ်၊ Cool ဖြစ်တယ်၊ innovative ဖြစ်တယ် စသဖြင့်ခံစားရအောင်လုပ်ထားတာဖြစ်ပါတယ်။

Experiential မှာ ဘာတွေပါလဲဆိုရင်

- Retail Marketing/ Shopper Marketing
- Brand Activation
- Sampling
- Content Marketing
- Guerrilla Marketing
- Events
- Sponsorships

လက်ရှိမှာ ဘယ်လို Client တွေက အသုံးများလဲ

လက်ရှိမှာတော့ Experiential Marketing ဆိုတဲ့ Concept က မြန်မာနိုင်ငံမှာ တော်တော်ကို ခေတ်မစားသေးတာလို့ပြောလိုရတယ်။ တကယ်တမ်း ထဲထဲဝင်ဝင်သုံးနေတဲ့ Client ဆိုတာကလည်း လက်ချိုးရေလို့ရတယ်။

Local ကုမ္ပဏီတွေအတွက်ကတော့ များသောအားဖြင့် Experiential Marketing က myth တစ်ခုအနေနဲ့ ရှိနေဆဲပါပဲ။ ဘာကြောင့်လည်းဆိုတော့ Experiential level ထိလုပ်ဖို့ဆိုတာကလည်း တကယ်တမ်းခိုင်မာတဲ့ Brand Framework ရှိမှ စဉ်းစားနိုင်ကြတာဆိုတော့လည်း အဲဒါလည်းပါတာပေါ့။

Experiential Marketing Concept က ဘယ်လို ပြန်ခေတ်စားလာလဲ

အဓိကကတော့ Digital Medium ခေတ်စားလာမှုပေါ့။ Digital Marketing က အရမ်းကို Hot လာတယ်။ Digital ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုက Content Marketing ပဲ။ Content Marketing က Experiential နဲ့ ပြန်ချိတ်ဆက်တယ်။ Digital Medium မှာ engagement ရနိုင်ဖို့ကို Ground-level experiential campaign တွေသုံးပြီး ဖန်တီးယူကြတဲ့ ပုံစံပေါ့။ Experiential Marketing က လူတစ်ဦးတစ်ယောက်ချင်းစီကို Personalized Engagement ပေးတာဆိုတော့ ကုန်ကျစရိတ်ကြီးတယ်။ Per-head cost နဲ့ပြန်တိုင်းရင် တစ်ခြားကြားခံနယ်တွေထက် ထောင်တက်နေလေ့ရှိတယ်။ အဲဒါကြောင့် Local Market မှာ အသုံးနည်းတာ Digital ပေါ်လာပြီးနောက်မှာကျတော့ Ground Level မှာလုပ်နေတဲ့ Activity တွေကို အနီးစပ်ဆုံး Digital Medium ပေါ်က audience တွေခံစားလို့ရအောင် Content Marketing ကိုသုံးပြီး လုပ်နိုင်လာတယ်။ Exposure အနေနဲ့ On-ground က လူတွေတင်မဟုတ်ဘဲ mass medium ကိုပါ ထိတွေ့နိုင်လာတဲ့အတွက် ဒီနှစ်ပိုင်းတွေမှာ ပိုအသုံးများလာကြပါပြီ။

Credit - Kaung Sithu

 

Read times
Rate this item
(1 Vote)