-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူငယ်နှင့် Marketing

လူငယ်နှင့် Marketing Google

လူငယ်များ အလုပ်အကိုင်ရွေးချယ်မှုဆိုင်ရာ ပြဿနာများ

တက္ကသိုလ်ဝင်တန်း စာမေးပွဲများ အောင်မြင် ပြီးသောအခါ လူငယ်နှင့် လူကြီးမိဘများ အနေဖြင့် ပညာ ဆက်လက်သင်ကြားရန် တက္ကသိုလ် ရွေးချယ်ရာတွင် အခက်အခဲ ပြဿနာများ ရှိတတ်သည်။ ဤသည်မှာ သက်ဆိုင်ရာ ဘာသာရပ်နှင့် ပက်သက်၍ လုံလောက်စွာ နားလည်မှု မရှိခြင်း၊ အသက်မွေးဝမ်းကြောင်း အတွက် ပြတ်သားသော ဆုံးဖြတ်ချက်များ မချနိုင်သေးခြင်း တို့ကြောင့်ဖြစ်ကြသည်။


ထို့ကြောင့် မြန်မာနိုင်ငံရှိ လူငယ်များကြားတွင် သင်ယူခဲ့သည့်ဘာသာရပ် နှင့် နောက်ပိုင်းလုပ်ကိုင်နေသည့် အလုပ်အကိုင်အသက်မွေးဝမ်းကြောင်း ကြားတွင် ဆက်စပ်မှုမရှိခြင်း နှင့် ကိုယ်တိုင်စိတ်ပါဝင်စားမှု မရှိသည့် အလုပ်အကိုင်နယ်ပယ်များတွင် လုပ်ကိုင်နေရခြင်းများ တွေ့ ကြုံရတတ်ကြပြီး စိတ်ပါဝင်စားသည့် နယ်ပယ်များသို့ သွားမည်ဆိုပါကလည်း ပညာရေးအရည်အချင်းလိုအပ်ချက်များ ရှိနေခြင်းများ အစရှိသည့် အခက်အခဲများ တွေ့ ကြုံရတတ်ကြသည်။

Macintosh HD:Users:snow:Desktop:Screen Shot 2019-07-29 at 9.53.56 PM.png

 

Marketing နယ်ပယ်တွင် လုပ်ကိုင်မည်ဆိုလျှင်...

Marketing ဆိုသည့်စကား လူငယ်များကြားတွင် ရေပန်းစားလာသည်နှင့်အမျှ လူငယ်နှင့် မိဘများကြားတွင် Marketing ၏ အရေးပါပုံများ နှင့် အလုပ်အကိုင် အခွင့်အလမ်းများကို စိတ်ဝင်တစား သိရှိချင်ကြလာသည်။ Marketing နယ်ပယ်သည် လူငယ်များအတွက် ရေရှည်ဘဝတွင် အောင်မြင်နိုင်သည့် အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခု ဖြစ်နိုင်သလား၊ Marketing တွင် တခြားဘာအခန်းကဏ္ဍတွေ ပါဝင်လဲ၊ ကိုယ်နဲ့ ကိုက်ညီ လိုက်ဖက်မှု ရှိရဲ့လား အစရှိသည့် မေးခွန်းများ သိရှိချင်လာကြသည်။


ထိုမေးခွန်းများအပြင် Marketing ၏ အနှစ်သာရနှင့် အကျိုးကျေးဇူးများ၊ Marketers များတွင်ရှိသည့် အနေအထိုင်၊ အမူအကျင့်များ၊ Marketing နယ်ပယ်ရှိ အလုပ်အကိုင်အခွင့်အလမ်းများ ကို Marketing နယ်ပယ်တွင် ဦးဆောင် အောင်မြင်နေကြသော ဦးမြင့်ဇော်၊ Managing Director of Ayawaddy Bank နှင့် ဒေါ်လင်းလင်းတင်ထွန်း၊ Managing Director of Mango Marketing Services မှ ၂၀၁၉၊ ဩဂုတ်လ၊ ၁၀ ရက်နေ့ (စနေနေ့) တွင် EDGE ပညာရေးစကားဝိုင်းတွင် ဆွေနွေးသွားသည်။


ထို့အပြင် အောင်မြင်သော လုပ်ငန်းရှင်များ အနေဖြင့် အလုပ်စဝင်ကာစ လူငယ်များအတွက် အလုပ်အကိုင်များတွင် ပိုပိုအောင်မြင်စေရန် ပညာရေးအပြင် တခြားဖြည့်ဆည်းလိုသော အရည်အချင်းများ၊ Marketing နယ်ပယ်တွင်အောင်မြင်စေသော အောင်မြင်မှု သော့ချက်များအကြောင်း ဆွေးနွေးသွားသည်။

Recording Studios (အသံဖမ်းစတူဒီယိုများ(၅၇)ကိုရှာရန်နှိပ်ပါ။)

Macintosh HD:Users:snow:Desktop:images.jpeg

 

Marketing ဆိုင်ရာ ဗဟုသုတအထွေထွေ

Marketing ကို စာရေးဆရာများ၊ ကျွမ်းကျင်သူများမှ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။ ကုမ္ပဏီများတွင် Marketing ဌာန သည် ကုမ္ပဏီများ၏ ရည်ရွယ်ချက်ပန်းတိုင်များအား ရောက်အောက် ထောက်ပံ့မှုများစွာပေးရသည့် ဌာနလည်းဖြစ်သည်။ Marketing သည် customer များနှင့် ကုမ္ပဏီများကြားတွင် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စအဝဝ ကို ဆောင်ရွက်ပေးရသည်။ ကလေးများကို ပြောပြသည့်အခါ အသုံးပြုသည့်စကားနှင့် လူကြီးများကို ပြောဆိုရာတွင် အသုံးပြုသည့် စကားအပြောအဆို ဟန်အမူအရာ ကွာသကဲ့သို့ Marketing သည် ကုမ္ပဏီများမှ ပြောလိုသည့် ရည်ရွယ်ချက်များကို targeted customers များဆီသို့ ထိထိမိမိရောက်သွားစေရန် ထိမိသော စကားအသုံးအနှုံးများ၊ ထိမိသော ဆက်သွယ်ရေး နည်းလမ်းမျိုးစုံ၊ နည်းဗျူဟာများ ရွေးချယ်အသုံးပြုကြရသည်။ ထို့အပြင် Marketers များသည် ကုန်ပစ္စည်းများကို customer များဝယ်စေရန်၊ နာမည်ကြီး အောင်မြင်သော Brands များဖြစ်ပေါ်လာစေရန် အဓိက လုပ်ဆောင်ရသောသူများပင်ဖြစ်သည်။ Marketing သည် စီးပွားရေးလောကတွင် ကုမ္ပဏီများ၏ မျက်နှာစာအဖြစ် ဖြစ်ပျက်ပြောင်းလဲနေသော ပတ်ဝန်းကျင်အခြေအနေများကို အချိန်ကိုက် သိရှိရန်၊ customer များအား Brand များ၊ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ ကို ဆွဲဆောင်၊ အသိပေး ရနေသော ဌာနတစ်ခုဟုလည်း ဆိုနိုင်သည်။

Macintosh HD:Users:snow:Desktop:25-Best-Creative-Marketing-Ideas-for-Any-Business-in-2018.png

 

Marketing ၏ အခန်းကဏ္ဍများ

Marketing ၏ အခန်းကဏ္ဍသည် ကုမ္ပဏီနှင့် customer ကြားတွင်ရှိသည့် တံတားတစ်စင်းအဖြစ် လုပ်ဆောင်နေရခြင်းမှစ၍ ကုမ္ပဏီတစ်ခုလုံး၏ ဆက်သွယ်မှုဆိုင်ရာ လှုပ်ရှားမှုအားလုံး ထိန်းချုပ်ပေးရသည်အထိ ကျယ်ပြန့်နိုင်သည်။ Marketing လုပ်ရသည့် ရည်ရွယ်ချက်အမျိုးမျိုး ရှိနိုင်သည်။ တချို့မှာ နာမည်ကြီး ကျော်ကြားစေရန် ရည်ရွယ်ချက်ရှိပြီး တချို့မှာ လိုချင်စိတ်ဖြစ်ပေါ်ရန်၊ စိတ်ဝင်စားစေရန်၊ ပစ္စည်းဝယ်ရန်၊ အစဉ်အမြဲ ဆက်လက်ဝယ်ယူရန်၊ ကိုယ့်ပစ္စည်းကို ထောက်ခံကြေညာပေးရန်အထိ ရည်ရွယ်ချက်များလည်းရှိတတ်ကြသည်။ Marketing တွင် ပညာရေးဆိုင်ရာ Marketing သီအိုရီများစွာ လေ့လာနိုင်ပြီး Marketing theory များဖြစ်သော STP (Segmeting, Targeting, Positioning) နှင့် Marketing Mix 4Ps, 7Ps ဆိုသည်မှာလည်း Marketing ဘာသာရပ်ကို စိတ်ဝင်စားနေသည့်သူများ အနေဖြင့် စိတ်ဝင်တစားလေ့လာသင့်သည့် Theory များဖြစ်သောကြောင့် စနစ်တကျ လေ့လာရန်အကြံပေးလိုသည်။ Marketing ကို လူအများမှ ပုံမှန်အားဖြင့် လူတို့၏ အမြင်အာရုံနှင့် အကြားအာရုံတို့မှ ဆက်သွယ်ခြင်းဖြစ်သော ရုပ်မြင်သံကြား ဗီဒီယိုများ၊ ဆိုင်းဘုတ်များသာ သတိထားမိကြသည်။ Marketing ကို စိတ်ဝင်စားနေသည့် စာဖတ်သူများအား နောက်ထပ်ထပ်မံ စိတ်ဝင်စားဖွယ် ဗဟုသုတ မျှဝေသည့် အနေဖြင့် Marketers များသည် Marketing ကိုအမြင်အာရုံနှင့် အကြားအာရုံ သာမက လူတို့၏ အာရုံ ငါးပါးလုံးကို အသုံးပြု၍ ဆွဲဆောင်တတ်ကြသည်။ ကော်ဖီဆိုင်မှ ကော်ဖီသောက်ချင်စိတ် ဖြစ်ပေါ်လာရန် ကော်ဖီနံ့ မွှေးမွှေးများ ဟော်တယ်ကြီးများတွင် ရလေ့ရှိသော အမွှေးအနံ့များသည်လည်း Marketing ၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။

Macintosh HD:Users:snow:Desktop:skill.jpg

 

Marketing ပညာရေးနှင့် အလုပ်အကိုင်

ဘွဲ့ရကာစ လူငယ် ကျောင်းသူ ကျောင်းသားများ အလုပ်အကိုင်နှင့် သက်ဆိုင်သော ပညာရေးများ သင်ကြားခဲ့သော်လည်း တကယ့်လုပ်ငန်းခွင်တွင် လုပ်ကိုင်သောအခါ လိုအပ်ချက်များစွာ တွေ့ရတတ်သည်။ အင်တာဗျူးများအရ အလုပ်အကိုင်များတွင် အခြေခံလိုအပ်သည့် Computer ဆိုင်ရာ ကျွမ်းကျင်မှု ဖြစ်သော Excel, Powerpoint နှင့် Word၊ Presentation ကျွမ်းကျင်မှုများ၊ အစီရင်ခံစာ Report များ စနစ်တကျ ရေးသားတတ်သည့် အရည်အချင်းလိုအပ်ချက်များ ရှိတတ်သည်ဟုဖြေဆိုထားသည်။ ထို့အပြင် စနစ်တကျ အီးမေးလ်ပို့တတ်ခြင်းသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍအဖြစ် ပါဝင်သည်။ ဘာသာစကား တတ်ကျွမ်းမှုသည်လည်း အလုပ်ခန့်် ရာတွင် ထည့်သွင်းစဉ်းစားလာရသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ နိုင်ငံတကာနှင့် ဆက်ဆံလုပ်ကိုင်ရသောကြောင့် မြန်မာတွင် အဓိကအနေဖြင့် အင်္ဂလိပ်စာ၊ တရုတ်၊ နှင့် ဂျပန် ဘာသာစကားများ တတ်မြောက်ခြင်းသည်လည်း အလုပ်လျှောက်ရာတွင် အားသာချက်တစ်ခုဖြစ်နိုင်သည်။


လူငယ်များအနေဖြင့် အလုပ်စတင်လုပ်ကိုင်မည် ဆိုပါက စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများလည်း လုပ်ထားသင့်သည်။ အလုပ်စတင် လုပ်ကိုင်ရာတွင် လူငယ်များအနေဖြင့် အလုပ်ဖိအားများ၊ အချိန်စီမံခန့်ခွဲမှု ပြဿနာများ၊ သတ်မှတ်ထားချိန်တွင် အလုပ်မပြီးမြောက်နိုင်မှုများ ကြုံတွေ့ရတတ်သည်။ ၎င်းကဲ့သို့ ပြဿနာများသည် အလုပ်စတင်လုပ်ကိုင်ရာတွင် ကြိုတင်ပြင်ဆင်မှုများ မလုပ်မိသောကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ ကိုယ့် ပင်ကိုယ်သဘာဝ၊ အထင်အမြင်ယူဆချက်များနှင့် ကိုယ်လုပ်ကိုင်ရသည့် အလုပ်အကိုင်သည် ကွဲလွဲကိုက်ညီမှုမရှိခြင်း ကြောင့်လည်း ဖြစ်နိုင်သည်။

Macintosh HD:Users:snow:Desktop:Time-management-1.png

 


ထို့ကြောင့် Marketing ဆိုင်ရာ အလုပ်အကိုင်များနှင့် ကိုက်ညီသည့် Marketers များ၏ သဘောသဘာဝ၊ အမူအကျင့်များကို သိရှိနားလည်စေရန် ထပ်မံ မျှဝေပေးလိုသည်။ အများအားဖြင့် Marketers များသည် အကောင်းမြင်တတ်ပြီး စကားပြောဆိုရာတွင်လည်း တစ်ဖက်လူစိတ်ဝင်စားအောင် ပြောဆိုတတ်ကြသည်။ လူအုပ်စုများကြားတွင် ရဲရင့်ပြီး ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော ကိစ္စအဝဝကို လေ့လာစူးစမ်းချင်စိတ်များ ရှိတတ်သည်။ ဤကဲ့သို့ နယ်ပယ်အမျိုးမျိုးတွင်ရှိသည့် သဘောသဘာဝများနှင့် ကိုယ်၏ အလေ့အထများ လိုက်ဖက်ကိုက်ညီမှု ရှိမရှိ သိထားခြင်းသည်လည်း လူငယ်တို့အတွက် အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းများ ရွေးချယ်ရာတွင် အထောက်အကူပြုမည်ဟု ထင်မြင်သည်။ သို့သော် လူငယ်များအနေဖြင့် ကိုယ်စိတ်ဝင်စားတတ်ကျွမ်းသည့်နယ်ပယ်များတွင် အာရုံစူးစိုက် လျှောက်လမ်းခြင်းသည် အရေးကြီးသော်လည်း တခြားနယ်ပယ်များအပေါ်တွင် ဗဟုသုတများစွာရှိမှုသည်လည်း ရေရှည်ကိုယ်လျှောက်လမ်းသည့်နယ်ပယ်တွင် အောင်မြင်မှုရရှိခြင်းမရရှိခြင်းနှင့် များစွာသက်ဆိုင်သွားနိုင်သည်။ ထို့ကြောင့် Marketing စိတ်ဝင်စားသည်း လူငယ်များအား Marketing ဆိုင်ရာပညာရေးအပြင် Accounting, HR, Management အစရှိသည့် ပညာရပ်များကိုလည်း ဗဟုသုတအနေဖြင့် အလေးထားလေ့လာသင့်သည်ဟု အကြံပေးလိုသည်။

Myanmar Advertising Directory

Read times
Rate this item
(1 Vote)