-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာတွေပေါ်က Disclamier အကြောင်း

ကြော်ငြာတွေပေါ်က Disclamier အကြောင်း Google

ကြော်ငြာ Video တွေကြည့်တဲ့အခါ (ဒါမှမဟုတ်) ဆိုရှယ်တွေပေါ်မှာ တချို့ Brand တွေရဲ့ post တွေပေါ်က AW တွေမယ် အောက်ထောင့်လောက်မှာ စာလုံးသေးသေးနဲ့ရေးထားတဲ့ စကားလုံးလေးတွေရံဖန်ရံခါ မြင်ရတတ်ပါတယ်။

အင်္ဂလိပ်လိုဆိုရင်တော့ Disclaimer ပေါ့လေ ...မြန်မာလိုဆိုရင်တော့ "မသက်ဆိုင်ကြောင်းရှင်းလင်းချက်" လို့ခေါ်မလား "ငါတို့ဒါကို Claim မလုပ်ဘူးဆိုတဲ့ ဖြောင့်ချက်"လို့ပဲ ခေါ်မလားပေါ့။ Agency နဲ့ Brand သမားတွေအသုံးများတာတော့ Disclaimer ပဲ အခေါ်များပါတယ်။

Disclaimer နဲ့ ပထမဆုံးရင်းနှီးခဲ့တာကတာ့ ခေါက်ဆွဲခြောက်ထုပ်တွေ ကြက်ပေါင်ကြီးပြထားပြီးတော့ ပုံရဲ့အောက်ခြေမှာတော့ ဘိုလို "အာဟာရပြည့်ဝစေဖို့ ဘာထည့်ပါ ညာထပ်ထည့်ပါ" ဆိုပြီး ရေးထားတတ်တယ်။ လူတိုင်းတော့ သိပြီးသားပဲ ခေါက်ဆွဲခြောက်လို fast food မျိုးဟာ junk food အုပ်စုထဲမှာပါတယ်ဆိုတာ ပုံပြထားပေမယ့် ငါတို့ဒါကို Claim မလုပ်ပါဘူး ဆိုတဲ့သဘောပေါ့။ အဲ့ဟာက packaging မယ် FDA ကြောင့်ထည့်ရတဲ့ ကိစ္စပါ။ ခေါက်ဆွဲခြောက် TVC တွေ ဆိုရှယ်ပို့စ်တွေ မှာကျတော့ Disclaimer က ကိုယ်တွေ့ရသလောက်တော့ ပါမလာတာက တစ်ပိုင်းပေါ့လေ။ Social တွေပေါ်က AW တွေအတွက် Disclaimer ကို တင်းတင်းကြပ်ကြပ်ကြီးတော့ မဟုတ်ပေမယ့် ထည့်တော့ထည့်သင့်တယ် ထည့်ဖို့လည်းလိုအပ်တယ်လို့တော့ ယူဆမိတာပဲလေ။

အခုထိတော့ မြန်မာပြည်မယ် ဒီလို Disclaimer ထည့်တဲ့ Brand က လက်ချိုးရေလို့ရတဲ့ အနေအထားပဲရှိသေးတယ်ဗျ။ ကိုယ့် Brand ကို ကိုယ် ကာကွယ်ဖို့၊ စားသုံးသူကို လွဲမှားတဲ့ Message မရစေဖို့ ဘာညာအစချီတဲ့ ရည်ရွယ်ချက်တွေနဲ့ပေါ့လေ။ အဓိကကတော့ Brand အတွက် Legal Protection ယူတဲ့ သဘောပါ။ နောက်ထပ်တစ်ခုက Facebook တွေပေါ်က ကံစမ်းမဲပို့စ်တွေ ပြိုင်ပွဲပို့စ်တွေ ပရိုမိုးရှင်းပို့စ်တွေနဲ့ သက်ဆိုင်တဲ့ Disclaimer "စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များရှိသည်" "အရေအတွက်အကန့်အသက်ရှိသည်" စသဖြင့် ဒီမှာကတော့ Disclaimer ကအသိပေးရုံသက်သက်ပဲ ပိုအရေးကြီးတာက သူနဲ့ဆိုင်တဲ့ "စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ" Terms & Conditions (T&C)

ဒီမှာက Contest ဟေ့ဆိုတာနဲ့ ပြိုင်ကြမယ် ... Result တွေထွက်လာရင် အမျိုးတွေပတ်ပေးတယ် ဂျင်း ဘာညာ အသံတွေက အမြဲလိုလိုကိုပါတယ်။ Terms & Conditions လို့ခေါ်တဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ (T&C) တွေ ဖတ်ကြလားဆိုတော့လည်း မဖတ်ကြဘူး။ Contest တွေမြန်မာ့ဖေ့ဘုတ်လောကမယ် ဟုန်းဟုန်းတောက်ခဲ့တဲ့ ၂၀၁၃ ကနေ အခုအထိ ဘာပြိုင်ပွဲဖြစ်ဖြစ် အများစုမယ် result ထွက်လာပြီးရင်ဆဲကြဆိုကြ အငြင်းပွားကြနဲ့။

Image Banks & Libraries (ဓာတ်ပုံထုတ်ယူရိုက်ကူးခြင်းလုပ်ငန်းများ(၇)ခုကို ရှာရန်နှိပ်ပါ။)

မြန်မာပြည်က Brand အကြီးတွေမယ် ဖေ့ဘုတ်တွေကို Contest တွေကို ဘယ်လောက်သေးသေး T&C ကိုသေချာ တည်ဆောက်လာတာ ကိုယ်သိသလောက် Coca-Cola နဲ့ Ooredoo. မယုံရင် ၂၀၁၃-၂၀၁၄ လောက်က သူတို့ Page က Notes တွေပေါ်မယ် ပြန်ရှာဖတ်ကြည့် စာတစ်တန်ပေတစ်တန်နဲ့ အကြီးအကျယ်ထောင့်စေ့အောင်ကို ရေးထားတာ။ ဆိုတော့ကာ ကံစမ်းမဲဆိုလည်း Unit အကန့်အသက်ရှိကြောင်း၊ Promo ဆိုတိုင်းလည်း သူနဲ့ဆိုင်ရာ ဆိုင်ရာ Criteria တွေအကြောင်း ပစ္စည်းအကန့်အသက်ကဘာ အစရှိသဖြင့်ကို စားသုံးသူနဲ့ နားလည်မှုမလွဲမှားရအောင် ပြင်ဆင်ထားရမယ်ပေါ့။ ဒါတွေ ဖတ်တာမဖတ်ကတော့ သူတို့ကိစ္စပဲလေ။

Read More>>> Delivery Robot တွေ သုံးနေတဲ့ PepsiCo

ဒီထပ်ပိုပြီးပြောချင်တာက Video တွေ မှာပါတဲ့ Dicalimer တွေအကြောင်းပါ။ ဖုန်းကြော်ငြာဆိုပါတော့ Display ကို ကြည့်တဲ့သူကိုမြင်စေချင်တဲ့အခါ ကင်မရာနဲ့ဒဲ့ရိုက်တာ ရှားပြန်ရော။ အရင်ရိုက်နောက်မှ ပြန်လိုက်ကပ်။ ဒဲ့သွားရိုက်ရင်တော့ ရှင်းခနဲမြင်ရဖို့ကခက်ပြန်ကော။ အဲ့လိုအခြေအနေမျိုးတွေမှာ Disclaimer လိုပြန်ကော။၂၀၁၆ လောက်က Samsung ရဲ့ Rio Olympic အတွက် "Anthem" ဆိုတဲ့ S7edge Brand TVC. သဘောကျလွန်းလို့ ပြန်ကြည့်ရင်းကြည့်ရင်း အဲ့စာသားကို အမှတ်မထင်သွားတွေ့ရင်း စိတ်ဝင်စားလို့ဖတ်ကြည့်ရင်း သိလာတာပေါ့လေ "Screen Image Simulated" ဘာညာ အနေအထား။ ပြီးတော့ အခုနှစ်ပိုင်းလောက်မှာ Apple ကို တောက်လျှောက်ဝုန်းတဲ့ ကြော်ငြာတွေမယ်ဆို Disclaimer ဆို လှိုင်လှိုင်ကြီး သတိထားပြီးသုံးတာ တွေ့ရတယ်ပေါ့နော်။

ပြန်ပြောရမယ်ဆိုရင်တော့ Disclaimer ဆိုတာမျိုးက ဒီ Brand ရဲ့ Content အတွက်ပေးချင်တဲ့ Message အပေါ်မှာမှ ဖြောင့်ချက်တစ်ခုဖြစ်ကြောင်း နားလည်မှုမလွဲအောင် ကြိုတင်ကာကွယ်တဲ့သဘောအနေနဲ့ ထည့်ရပါ။ သူတို့အတွက်လည်း Legal Protection ကြိုယူထားတဲ့ သဘောတရားပေါ့။ ဒီထပ်အသေးစိပ်သိချင်ရင်အောက်က Link မှာ ဝင်ဖတ်ကြည့်လို့ရပါတယ်။ နိုင်ငံတစ်ခုနဲ့တစ်ခုတော့ Disclaimer တွေအပေါ် တည်ဆဲဥပဒေတွေ နည်းဥပဒေတွေ ကတော့ တစ်နိုင်ငံနဲတစ်နိုင်ငံ မတူတတ်ဘူး ရှိတော့ရှိရတယ်။ ဒီမှာတော့ စားသုံးသူအခွင့်အရေးဦးစီးဋ္ဌာနနဲ့ ပိုဆိုင်မယ်လို့ထင်ပါတယ်။

Ref Links :

https://www.fec.gov/updates/basic-rules-for-disclaimers-on-radio-and-tv-ads/

https://youtu.be/r30L7dyDib8

https://youtu.be/3qhW1sDPHYI

https://youtu.be/R59TevgzN3k

Pyae Phyo Naing

Read times
Rate this item
(1 Vote)