-->
×

Warning

JUser: :_load: Unable to load user with ID: 29


အစားထိုးကြော်ငြာခြင်း(Surrogate advertising)ဆိုတာ??????

အစားထိုးကြော်ငြာခြင်း(Surrogate advertising)ဆိုတာ?????? google

အစားထိုးကြော်ငြာခြင်းကို နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ သက်ဆိုင်ရာ ဥပဒေအရ Mass media မှာ ကြော်ငြာခွင့် ပိတ်ပင်ခံထားရတဲ့ ကုန်ပစ္စည်းတွေမှာ သုံးလေ့ရှိပါတယ်။

ဥပမာအားဖြင့် အရက်တို့ ၊ ဆေးလိပ်တို့ ဘီယာတို့လို ကုန်ပစ္စည်းတွေမှာသုံးလေ့ရှိပါတယ်။ Company တစ်ခုရဲ့ အဓိက ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ ကုန်ပစ္စည်းက အရက်ဆိုပါတော့။

အရက်ကို တိုက်ရိုက်ကြော်ငြာလို့မရတော့ အရံ ကုန်ပစ္စည်းအနေနဲ့ ရေသန့်တို့ အချိုရည်တို့ထုတ်ပြီး ကုန်ပစ္စည်း အမှတ်တံဆိပ်အတူတူထားပြီး စားသုံးသူဆီရောက်အောင် ကြော်ငြာကြရတာမျိုး ကို ဆိုလိုတာပါ။

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

အဲ့ဒီအရက်ကို သိနေတဲ့ လူတွေကတော့ ဒါအရက် Company က ကြော်ငြာတာဆိုတာ တန်းသိပါတယ်။ မသိတဲ့လူကတော့ ဆိုင်သွားမေးရင် “ရေ တို့ ၊ အချိုရည်တို့တော့ အဲ့ဒီနာမည်နဲ့ မရှိဘူး ၊ အရက်တော့ ရှိတယ်” လို့ ဆိုင်က အရောင်းဝန်ထမ်းက ပြောမှာ အသေအချာပါပဲ။

အစားထိုးကြော်ငြာခြင်း ကိုအစပြုခဲ့တာကတော့ ဗြိတိန်နိုင်ငံမှ ပဲဖြစ်ပါတယ်။ ဗြိတိန်အိမ်ရှင်မတွေဟာ သူတို့အမျိုးသားတွေကိုဆွဲဆောင်နေတဲ့အရက်ကြော်ငြာများကို စတင်ဆန္ဒပြရာမှပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ဆန္ဒပြမှုနှုန်းမြင့်မားလာပြီး အရက်ကြော်ငြာတွေအပိတ်ခံခဲ့ရတာကြောင့် ဖျော်ရည်၊ဆိုဒါ တို့နဲ့ အစားထိုးပြီးကြော်ငြာခဲ့ကြပါတယ်။

အစားထိုးကြော်ငြာခြင်းရဲ့ ရည်ရွယ်ချက်ကလည်းများသောအားဖြင့် Sales ကို တိုက်ရိုက်ရည်ရွယ်ပြီး ပစ်တဲ့မြှား မဟုတ်တာများပါတယ်။ များသောအားဖြင့်တော့ brand name ကို လူသိဖို့နဲ့ သိပြီးသားလူတွေကို recall လုပ်ဖို့လုပ်ကြတာပါ။

အလုပ်ကြော်ငြာကောင်းတစ်ခုဖြစ်အောင်

Source : linked In

Read times
Rate this item
(0 votes)