-->
×

Warning

JUser: :_load: Unable to load user with ID: 29


Mercedes-Benz and Jaguar ရဲ့ ပာာသအမြှောက်ဆုံး ကြော်ငြာ ပြိုင်ဆိုင်မူ့ကြီး

Mercedes-Benz and Jaguar ရဲ့

ပာာသအမြှောက်ဆုံး ကြော်ငြာ ပြိုင်ဆိုင်မူ့ကြီး

( ကြက်မကိုဝါးစားလိုက်တဲ့ကျားသစ်ကို

ကြောင်ပျင်းနဲ့နှိုင်းယှဉ်လိုက်ခြင်း )

Mercedes-Benz and Jaguar ကို နာမည်ကြီးကားတွေထုတ်လုပ်တဲ့ လုပ်ငန်းတွေအဖြစ်လူသိများကြတယ်။

Mercedes-Benz ကတော့ဂျာမန် ကား company ဖြစ်ပြီး Jaguar ကတော့ ဗြိတိန် ကား company ပဲဖြစ်ပါတယ်။လူတိုင်းရဲ့ရင်ဘတ်ထဲမှာလည်း နာမည်ကြီးကား Brand တွေဖြစ်တဲ့အတွက်ကြောင့် Mercedes-Benz and Jaguar တို့ကကမ္ဘာ ကားဈေးကွက်မှာအသီးသီးနေရာယူထားပြီးသားပါ။

ဒါပေမဲ့ထိုကား Company နှစ်ခုကတော့ ကြော်ငြာအားပြိုင်မှု့များစွာရှိတာကိုတွေ့ရပါတယ်

စိတ်ဝင်စားစရာကောင်းတာတွေရဲ့အစကတော့ Mercedes-Benz ရဲ့ ကြက်မတွေပါ

Mercedes-Benz ဟာသူ့ရဲ့  “ မှော်စွမ်းအားအလား ကားတုန်ခါမှု့မရှိခြင်း

(Magic Body Control) ကို ကြော်ငြာထဲတွင် Diana Ross ရဲ့ Upside down သီချင်းဖြင့် လက်အိတ်အဖြူဝတ်ထားတဲ့လက်ထဲတွင်ကြက်မ တစ်ကောင်ကို အပေါ်၊အောက်၊ဘေး၊အ၀ိုင်းပုံစံလုပ်ပြပါတယ်။

ကြက်မလေးဟာငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ ပုံစံမပျက်ပဲ လည်ချောင်းပိုင်းနဲ့ ခေါင်းပိုင်း ကလုံးဝမရွေ့တာ ကိုရိုက်ပြထားပြီ့း  မှော်စွမ်းအားအလား ကားတုန်ခါမှု့မရှိခြင်း ကြောင့် အချိန်တိုင်းမှာတည်ငြိမ် ပြီးငြိမ့်ညောင်းနေစေမယ် ဆိုကာစာတန်းထိုးခဲ့ပါတယ်။

ဒါကို အားကျမခံ Jaguar က ကြော်ငြာတစ်ခုဖြင့်တိုက်ခိုက် ပြန်ပါတယ်။

Jaguar ရဲ့ကြော်ငြာမှာကျထို Mercedes-Benz ရဲ့ ကြက်မ လေးကို ဟာသဆန်ဆန် လူတစ်ဦးက လက်အိတ်အဖြူဖြင့် ကိုင်ပြထားကာ ထိုကြက်မလေးကိုကျားသစ်ကြီးက လျင်မြန်စွာစားလိုက်တာကိုရိုက်ပြထားကာ

“ မှော်စွမ်းအားအလား ကားတုန်ခါမှု့မရှိခြင်း လောက်ကတော့ဘာလုပ်နေမလဲ

ကြောင်တစ်ကောင်အလားလျင်မြင်တဲ့စွမ်းရည်” ကိုပဲ ကျွန်တော်တို့ပိုဦးစားပေးမယ်ဆိုကာ ရိုက်ပြလိုက်ပြန်ပါတယ်။ထို့ပြင် Jaguar က Hashtag ဖြင့် ( အကောင်းမှအဆိုးသို့ )ဆိုကာမထိတထိ ရေးလိုက်ပါတော့တယ်။

ဒါကို Mercedes-Benz ကသူ့ကြော်ငြာမှာ Mercedes ကားကြီးပေါ်မှာအိပ် နေတဲ့ ကြောင်ပျင်းကြီး တစ်ကောင်ကိုပြန်လည်ရိုက်ပြပြီး ကားပေါ်မှ ကြောင်ကြီးလေတိုက်လို့လျောကျတာကိုရိုက်ပြထားကာ

{ ကမ္ဘာလေထိုးခွင်းအားအကောင်းဆုံးကားအမျိုးအစား } ဆိုကာ Jaguar ကိုပြန်ချေပါ့လိုက်ပါတယ်။

Mercedes-Benz ဟာ Jaguar ကိုဘာလို့ကြောင်နဲ့ခိုင်းနှိုင်းရသလဲဆို ကြောင်မျိုးနွယ်ဆိုတာ ကျား မျိုးနွယ်ကဆင်းသက်လာတာမို့ပါ။

ဒီကြော်ငြာနှစ်ခုဟာ advertising war တစ်ခုအနေနဲ့ဖြစ်လာကာ လူအများ ရဲ့ အာရုံစိုက်မှု့တွေကိုများစွာရရှိခဲ့ပါတယ။်

ဒီအချင်းအရာတစ်ခုကိုကြည့်ချင်းအားဖြင့် သင့်ရဲပြိုင်ဘက်ကိုတန်ဖိုးထားပါ

ပြိုင်ဘက် ကောင်းရှိမှ သင့်လုပ်ငန်းတိုးတက်အောင်မြင် မှာပါ။

Read times
Rate this item
(1 Vote)