-->
×

Warning

JUser: :_load: Unable to load user with ID: 29


မားကက္တင္းအေၾကာင္း ေရာက္တတ္ရာရာ

မားကက္တင္းအေၾကာင္း ေရာက္တတ္ရာရာ google

မားကက္တင္းဟာ စီးပြားေရးမွာ အဓိက အေရးႀကီးတဲ့ က႑တစ္ခုဆိုတာ လူတုိင္းသိပါတယ္၊

ဒါေပမယ့္ မားကက္တင္း လုပ္ရင္ ေရာင္းရၿပီလား … ? လို႔ ေမးလာရင္ေတာ့ .. မားကက္တင္းလုပ္လိုက္တာနဲ႔ ဥံဳဖြဆိုသလို ခ်က္ျခင္းေတာ့ မေရာင္းရႏုိင္ပါဘူး။

ဒါေပမယ့္ မားကက္တင္းဟာ စီးပြားေရးလုပ္ငန္းတုိင္းမွာ မရွိမျဖစ္ပါ။ မားကက္တင္းလုပ္တယ္ဆိုတာ Brand တစ္ခု ပီပီျပင္ျပင္ ျဖစ္လာဖို႔ ေရွရွည္ စီမံကိန္းနဲ႔ ေသခ်ာ လုပ္ရတဲ့ အရာတစ္ခုပါ၊ ခုခ်က္ခ်င္း ေရာင္းအားတုိးလာမွာေတာ့ မဟုတ္ပါဘူး၊ ေနမေကာင္းလို႔ ေဆးေသာက္သလိုပဲ ခုေသာက္ ခုေပ်ာက္ ပိန္းၾကာရြက္တြင္ ေရမတင္သကဲ့သုိ႔ ခ်က္ခ်င္းလက္ငင္း အက်ိဳးထူးဖို႔ မလြယ္ပါဘူး၊ ေဆးပတ္လည္ေအာင္ .. ေဆးအာနိသင္ အစြမ္းျပေအာင္ ေစာင့္ရပါတယ္။

တနည္းအားျဖင့္ေျပာရင္ မားကက္တင္းဟာ ေရရွည္ရင္းႏွီးျမွပ္ႏွံမွဳ တစ္ခုပါ။ လုပ္ငန္းငယ္ေတြရဲ႕ အဓိက အားနည္းခ်က္က အဲလို ရင္းႏွီးျမွပ္ႏွံဖို႔ အခ်ိန္ေရာ၊ ေငြေရာ မေပးႏုိင္တာပါ။ ေရရွည္ကို မေမွ်ာ္ေတြးဘူး၊ မျပင္ဆင္ထားဘူးဆုိရင္ေတာ့ (၅) ႏွစ္ၾကာၿပီးေသာအခါ ကိုယ့္ရဲ႕ လုပ္ငန္းက ေစ်းကြက္ရဲ႕ အေပၚ၊ အလယ္၊ ေအာက္ .. ဘယ္ေနရာမွာ ေရာက္ေနမလဲ ေတြးၾကည့္ပါ။ တစ္ခ်ိဳ႕ကက်ေတာ့လည္း ကိုယ့္ရဲ႕ ကုန္ပစၥည္းက အရည္အေသြးေကာင္းတယ္ဆိုၿပီးေတာ့ တင္းခံပါတယ္၊ ငါ့ပစၥည္းေကာင္းေနရင္ ဘာမွ လုပ္ေနစရာမလိုဘူး၊ ေရာင္းရတယ္၊ ေရာင္းရမယ္ ဆုိၿပီးေတာ့ တင္းခံၾကတာပါ။ ဒါလည္း အျပည့္အဝ မမွန္ပါဘူး … ဘာလို႔လဲဆုိေတာ့ ကိုယ့္ပစၥည္းအရည္အေသြးေကာင္းေၾကာင္းကို customer ေတြ သိသထက္သိေအာင္ လုပ္ေပးေနတာဟာ မားကက္တင္းပါပဲ။ ကိုယ့္ပစၥည္းေကာင္းတာကို customer ေတြမသိဘဲနဲ႔ ဘယ္လို ဝယ္မွာလဲ …? “ဝယ္ဘူးတဲ့သူေတြဆီကတဆင့္သိမွာေပါ့” လို႔ ကၽြန္ေတာ့္ကို ေစာဒဂ တက္ႏုိင္ပါတယ္။ ဟုတ္ပါတယ္။ ဝယ္ဘူးတဲ့ လူတစ္ေယာက္က ကိုယ့္ရဲ႕ ကုန္ပစၥည္းကို ႀကိဳက္တယ္ … အရမ္းႀကိဳက္တယ္ .. ဘယ္ႏွစ္ေယာက္ကို သူ လိုက္ေျပာမွာလဲ … ဒါေတာင္ အရမ္းႀကိဳက္မွေနာ္ … ေတာ္ရံုႀကိဳက္ရံုနဲ႔ေတာ့ မေျပာဘူး … လူေတြဟာ မေကာင္းရင္သာ ခ်က္ခ်င္း ေျပာခ်င္တာ .. ေကာင္းတာကို ေတာ္သင့္ရံု ေကာင္းတာနဲ႔ ျပန္မေျပာၾကပါဘူး … ဒီအခ်က္ကို ထည့္စဥ္းစားဖို႔ လိုပါတယ္။

မားကက္တင္းဆိုတာကို အဓိပၸာယ္ အမ်ိဳးမ်ိဳးဖြင့္ၾကေပမယ့္ ကၽြန္ေတာ္ အႀကိဳက္ဆံုး ဖြင့္ဆုိခ်က္ကေတာ့ “မားကက္တင္းဆုိတာ ကိုယ့္ရဲ႕လုပ္ငန္း/ပစၥည္းကို အျခားသူေတြထက္ ဘာေၾကာင့္သံုးသင့္လဲဆိုတာကို ဝယ္သူေတြ သိေအာင္ လုပ္ေပးျခင္း” ျဖစ္ပါတယ္။

 

Superman နဲ႔ Batman တို႕ ေခါင္းခ်င္းဆိုင္ေစခဲ႔တဲ့ အေမရိကန္ NFL ပြဲ ေၾကာ္ျငာ

ကၽြန္ေတာ္တို႔ ဘာအေကာင္းဆံုးေပးႏုိင္တယ္ဆိုတာကုို ဝယ္သူေတြ မသိဘဲနဲ႔ ကၽြန္ေတာ္တို႔ ကုန္ပစၥည္းေတြကို ဝယ္သူေတြက ဝယ္မွာမဟုတ္ပါဘူး။ ေနာက္တစ္ခုက ကၽြန္ေတာ္တို႔ လုပ္ငန္း/ ကုန္ပစၥည္းက ဘယ္ေလာက္ပဲ ေကာင္းေကာင္း ဝယ္သူက မႀကိဳက္ရင္ မဝယ္ပါဘူး။ ဝယ္သူရဲ႕ ႀကိဳက္ျခင္း/ မႀကိဳက္ျခင္းဟာ ကုန္ပစၥည္းရဲ႕ ေကာင္းျခင္း/ မေကာင္းျခင္းနဲ႔ ထပ္တူမက်ပါဘူး .. ဘယ္ေလာက္ပဲ ေကာင္းေကာင္း ႀကိဳက္ခ်င္မွ ႀကိဳက္မွာ ျဖစ္ပါတယ္၊ ထုိ႔အတူ သိပ္မေကာင္းေပမယ့္လည္း ႀကိဳက္ခ်င္ရင္္ ႀကိဳက္ေနပါလိမ့္မယ္။ ဒါဆိုရင္ ဝယ္သူႀကိဳက္တာကို လုိက္လုပ္ရမွာလား လို႔ ေမးစရာ ရွိပါတယ္ … အဲဒါကလည္း အၿမဲလုုပ္ေပးဖို႔ မျဖစ္ႏုိင္ဘူး .. လူေတြရဲ႕ အႀကိဳက္ေတြဟာ အသက္အရြယ္၊ အခ်ိန္အခါ အလိုက္ ေျပာင္းလဲေနတတ္ပါတယ္ … ဒါေၾကာင့္ သူတို႔အႀကိဳက္ လုိက္လုပ္ေနရင္လည္း မဆံုးတဲ့ သံသရာ ျဖစ္လာပါလိမ့္မယ္ … ။ မဆံုးေပမယ့္လည္း လုပ္ေနရတာပါပဲ ဒါ့အျပင္ ဘာေတ လုပ္လို႔ရမလဲ …

နံပါတ္ (၁) ကိုယ့္ကို ႀကိဳက္တဲ့သူကို ရွာေရာင္းပါ
နံပါတ္ (၂) ကိုယ္လုပ္တာကို သူႀကိဳက္လာေအာင္ လုပ္ပါ

အဲဒါ မားကက္တင္းပါပဲ … အဲဒါကို တစ္ရက္တည္းနဲ႔ တစ္လတည္းနဲ႔ ဘယ္လုပ္လို႔ ရမလဲဗ်ာ .. အခ်ိန္ေပးရတာေပါ့ … ခ်က္ျခင္းေရာင္းခ်င္ေတာ့ Up to 70% Discount ေတြ Buy 1 Get 1 ေတြ လုပ္လိုက္ေပါ့ဗ်ာ … ဒါေပမယ့္လည္း ဝယ္သူက မႀကိဳက္ရင္ အလကားေပးေတာင္ ယူခ်င္မွ ယူတာဗ် …
ဒါေၾကာင့္ ေရရွည္ ရပ္တည္ခ်င္ရင္ မားကက္တင္းကေတာ့ လုပ္ေနရမွာပါပဲ ဗ်ာ …

 

<<<Unicode>>>

 

မားကက်တင်းဟာ စီးပွားရေးမှာ အဓိက အရေးကြီးတဲ့ ကဏ္ဍတစ်ခုဆိုတာ လူတိုင်းသိပါတယ်၊

ဒါပေမယ့် မားကက်တင်း လုပ်ရင် ရောင်းရပြီလား … ? လို့ မေးလာရင်တော့ .. မားကက်တင်းလုပ်လိုက်တာနဲ့ ဥုံဖွဆိုသလို ချက်ခြင်းတော့ မရောင်းရနိုင်ပါဘူး။


ဒါပေမယ့် မားကက်တင်းဟာ စီးပွားရေးလုပ်ငန်းတိုင်းမှာ မရှိမဖြစ်ပါ။ မားကက်တင်းလုပ်တယ်ဆိုတာ Brand တစ်ခု ပီပီပြင်ပြင် ဖြစ်လာဖို့ ရှေရှည် စီမံကိန်းနဲ့ သေချာ လုပ်ရတဲ့ အရာတစ်ခုပါ၊ ခုချက်ချင်း ရောင်းအားတိုးလာမှာတော့ မဟုတ်ပါဘူး၊

နေမကောင်းလို့ ဆေးသောက်သလိုပဲ ခုသောက် ခုပျောက် ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ချက်ချင်းလက်ငင်း အကျိုးထူးဖို့ မလွယ်ပါဘူး၊ ဆေးပတ်လည်အောင် .. ဆေးအာနိသင် အစွမ်းပြအောင် စောင့်ရပါတယ်။

 

တနည်းအားဖြင့်ပြောရင် မားကက်တင်းဟာ ရေရှည်ရင်းနှီးမြှပ်နှံမှု တစ်ခုပါ။ လုပ်ငန်းငယ်တွေရဲ့ အဓိက အားနည်းချက်က အဲလို ရင်းနှီးမြှပ်နှံဖို့ အချိန်ရော၊ ငွေရော မပေးနိုင်တာပါ။ ရေရှည်ကို မမျှော်တွေးဘူး၊ မပြင်ဆင်ထားဘူးဆိုရင်တော့ (၅) နှစ်ကြာပြီးသောအခါ ကိုယ့်ရဲ့ လုပ်ငန်းက ဈေးကွက်ရဲ့ အပေါ်၊ အလယ်၊ အောက် .. ဘယ်နေရာမှာ ရောက်နေမလဲ တွေးကြည့်ပါ။ တစ်ချို့ကကျတော့လည်း ကိုယ့်ရဲ့ ကုန်ပစ္စည်းက အရည်အသွေးကောင်းတယ်ဆိုပြီးတော့ တင်းခံပါတယ်၊ ငါ့ပစ္စည်းကောင်းနေရင် ဘာမှ လုပ်နေစရာမလိုဘူး၊ ရောင်းရတယ်၊ ရောင်းရမယ် ဆိုပြီးတော့ တင်းခံကြတာပါ။

ဒါလည်း အပြည့်အဝ မမှန်ပါဘူး … ဘာလို့လဲဆိုတော့ ကိုယ့်ပစ္စည်းအရည်အသွေးကောင်းကြောင်းကို customer တွေ သိသထက်သိအောင် လုပ်ပေးနေတာဟာ မားကက်တင်းပါပဲ။ ကိုယ့်ပစ္စည်းကောင်းတာကို customer တွေမသိဘဲနဲ့ ဘယ်လို ဝယ်မှာလဲ …? “ဝယ်ဘူးတဲ့သူတွေဆီကတဆင့်သိမှာပေါ့” လို့ ကျွန်တော့်ကို စောဒဂ တက်နိုင်ပါတယ်။ ဟုတ်ပါတယ်။ ဝယ်ဘူးတဲ့ လူတစ်ယောက်က ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ကြိုက်တယ် … အရမ်းကြိုက်တယ် .. ဘယ်နှစ်ယောက်ကို သူ လိုက်ပြောမှာလဲ … ဒါတောင် အရမ်းကြိုက်မှနော် … တော်ရုံကြိုက်ရုံနဲ့တော့ မပြောဘူး … လူတွေဟာ မကောင်းရင်သာ ချက်ချင်း ပြောချင်တာ .. ကောင်းတာကို တော်သင့်ရုံ ကောင်းတာနဲ့ ပြန်မပြောကြပါဘူး … ဒီအချက်ကို ထည့်စဉ်းစားဖို့ လိုပါတယ်။

 

မားကက်တင်းဆိုတာကို အဓိပ္ပာယ် အမျိုးမျိုးဖွင့်ကြပေမယ့် ကျွန်တော် အကြိုက်ဆုံး ဖွင့်ဆိုချက်ကတော့ “မားကက်တင်းဆိုတာ ကိုယ့်ရဲ့လုပ်ငန်း/ပစ္စည်းကို အခြားသူတွေထက် ဘာကြောင့်သုံးသင့်လဲဆိုတာကို ဝယ်သူတွေ သိအောင် လုပ်ပေးခြင်း” ဖြစ်ပါတယ်။

 

ကျွန်တော်တို့ ဘာအကောင်းဆုံးပေးနိုင်တယ်ဆိုတာကို ဝယ်သူတွေ မသိဘဲနဲ့ ကျွန်တော်တို့ ကုန်ပစ္စည်းတွေကို ဝယ်သူတွေက ဝယ်မှာမဟုတ်ပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့ လုပ်ငန်း/ ကုန်ပစ္စည်းက ဘယ်လောက်ပဲ ကောင်းကောင်း ဝယ်သူက မကြိုက်ရင် မဝယ်ပါဘူး။ ဝယ်သူရဲ့ ကြိုက်ခြင်း/ မကြိုက်ခြင်းဟာ ကုန်ပစ္စည်းရဲ့ ကောင်းခြင်း/ မကောင်းခြင်းနဲ့ ထပ်တူမကျပါဘူး .. ဘယ်လောက်ပဲ ကောင်းကောင်း ကြိုက်ချင်မှ ကြိုက်မှာ ဖြစ်ပါတယ်၊ ထို့အတူ သိပ်မကောင်းပေမယ့်လည်း ကြိုက်ချင်ရင် ကြိုက်နေပါလိမ့်မယ်။ ဒါဆိုရင် ဝယ်သူကြိုက်တာကို လိုက်လုပ်ရမှာလား လို့ မေးစရာ ရှိပါတယ် … အဲဒါကလည်း အမြဲလုပ်ပေးဖို့ မဖြစ်နိုင်ဘူး .. လူတွေရဲ့ အကြိုက်တွေဟာ အသက်အရွယ်၊ အချိန်အခါ အလိုက် ပြောင်းလဲနေတတ်ပါတယ် … ဒါကြောင့် သူတို့အကြိုက် လိုက်လုပ်နေရင်လည်း မဆုံးတဲ့ သံသရာ ဖြစ်လာပါလိမ့်မယ် … ။ မဆုံးပေမယ့်လည်း လုပ်နေရတာပါပဲ ဒါ့အပြင် ဘာတေ လုပ်လို့ရမလဲ …

နံပါတ် (၁) ကိုယ့်ကို ကြိုက်တဲ့သူကို ရှာရောင်းပါ
နံပါတ် (၂) ကိုယ်လုပ်တာကို သူကြိုက်လာအောင် လုပ်ပါ

 

အဲဒါ မားကက်တင်းပါပဲ … အဲဒါကို တစ်ရက်တည်းနဲ့ တစ်လတည်းနဲ့ ဘယ်လုပ်လို့ ရမလဲဗျာ .. အချိန်ပေးရတာပေါ့ … ချက်ခြင်းရောင်းချင်တော့ Up to 70% Discount တွေ Buy 1 Get 1 တွေ လုပ်လိုက်ပေါ့ဗျာ … ဒါပေမယ့်လည်း ဝယ်သူက မကြိုက်ရင် အလကားပေးတောင် ယူချင်မှ ယူတာဗျ …
ဒါကြောင့် ရေရှည် ရပ်တည်ချင်ရင် မားကက်တင်းကတော့ လုပ်နေရမှာပါပဲ ဗျာ …

 

Credit to original Owner

Myanmar Advertising Directory 

Read times
Rate this item
(0 votes)